မကြာသေးမီက boy-friend နှင့် လမ်းခွဲခဲ့သော ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဂျိန်းဖွန်ဒါသည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့အနောက်ဘက် Century City အရပ်တွင် နေအိမ်သစ်ဝယ်ယူလိုက်ကြောင်းနယူးယောက်အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ကန်ဒေါ်လာ ၅ ဒသမ ၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အိပ်ခန်း ၄ ခန်းပါသည့် နေအိမ်ဖြစ်ကြောင်း အရောင်းအဝယ်ပြုလုပ်ပေးခဲ့သည့် အကျိုးဆောင်ကုမ္ပဏီ Susan Smith of Hilton & Hyland က ထုတ်ဖော်ပြောကြားသည်။
Century City အရပ်တွင် မကြာသေးမီကမှ ဆောက်လုပ်ပြီးစီးခဲ့သည့် နေအိမ်သစ် ၁၀ လုံးရှိသည့်အနက် တစ်လုံးကို ဝယ်ယူလိုက်ခြင်းလည်း ဖြစ်သည်။
မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး စတုရန်းပေ ၅၇၀၀ အကျယ်အဝန်းရှိသည်။
နေအိမ်အတွင်း ဓာတ်လှေကားတစ်ခုပါဝင်ပြီး ခြံဝန်းအတွင်းတွင် ကားဂိုဒေါင်လည်း ပါဝင်သည်။
ဂျိန်းဖွန်ဒါ၏ ကိုယ်စား နယူဂျာစီပြည်နယ်၊ မက်ဒီဆင်မြို့အခြေစိုက် Coldwell Banker အိမ်ခြံမြေကုမ္ပဏီမှ ဗလာရီ ဖစ်ဂါရဲက ဝယ်ယူပေးခဲ့ခြင်းဖြစ်သည်။
ဖစ်ဂါရဲသည် မစ္စဖွန်ဒါ၏ ဘီဗာလီဟေးလ်နေအိမ်ကို ကန်ဒေါ်လာ ၁၁ ဒသမ ၄၉၅ သန်းဖြင့် ဈေးကွက်တင်ပေးခဲ့သူလည်း ဖြစ်သည်။
ဂျိန်းဖွန်ဒါသည် ယင်းနေအိမ်တွင် boy-friend (ဟောင်း) ရစ်ချတ်ပယ်ရီနှင့်အတူနေထိုင်ခဲ့ပြီး ယခုအခါလမ်းခွဲခဲ့ပြီဖြစ်သော်လည်း ခင်မင်ရင်းစွဲ ရှိဆဲဖြစ်ကြောင်း ပယ်ရီက ပြောကြားသည်။
မစ္စက်ဖွန်ဒါသည် ယခုအခါ အသက် ၇၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး လက်ရှိအားဖြင့် “Grace and Frankie” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်လျက်ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)