မလေးရှားတွင် တည်ဆောက်လျက်ရှိသော မြို့သစ်စီမံကိန်းကြီး၏ လူနေခန်းကြိုပွိုင့် ဝယ်လက်တို့အနေဖြင့် ဝယ်ယူမှုဖျက်သိမ်းပါက လျော်ကြေးပေးရမည်ဟု developer က ခြိမ်းခြောက်

မလေးရှားတွင် တည်ဆောက်လျက်ရှိသော မြို့သစ်စီမံကိန်းကြီး၏ လူနေခန်းကြိုပွိုင့် ဝယ်လက်တို့အနေဖြင့် ဝယ်ယူမှုဖျက်သိမ်းပါက လျော်ကြေးပေးရမည်ဟု developer က ခြိမ်းခြောက် - Property News in Myanmar from iMyanmarHouse.com
20 Apr 2017 11:31 am တွင် တင်ခဲ့သည်
2306 ကြိမ် ကြည့်ရှု့ပြီး
မလေးရှားနိုင်ငံတွင် Forest City အမည်ရှိ မြို့သစ်စီမံကိန်းကြီးကို တရုတ်နိုင်ငံရှိ တတိယအကြီးမားဆုံး developer က တည်ဆောက်လျက်ရှိပြီး လူနေခန်းကြိုပွိုင့် ဝယ်လက်တို့အနေဖြင့် ဝယ်ယူမှုဖျက်သိမ်းပါက လျော်ကြေးပေးရမည်ဟု developer က ခြိမ်းခြောက်လိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါစီမံကိန်းလူနေခန်းများ၏ ၉၀ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသားများအား ကြိုပွိုင့်ရောင်းချထားခဲ့ခြင်းဖြစ်သည်။
Forest City စီမံကိန်းကို ဆောက်လုပ်ရန်အတွက် တရုတ်နိုင်ငံ၏ တတိယမြောက်အကြီးမားဆုံး developer ဖြစ်သော Country Garden သည် တရုတ်နိုင်ငံမှ ရုံးများအားလုံးကို ပိတ်သိမ်းကာ မလေးရှားသို့ ထွက်ခွာသွားခဲ့ပုံကို iMyanmarHouse.com တွင် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။

ပြန်လည်ဖတ်ရှုလိုပါက http://www.imyanmarhouse.com/news/read/586480 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။

“လက်မှတ်ထိုးပြီးတဲ့ အရောင်းအဝယ်သဘောတူညီချက်ကို ဖျက်သိမ်းတာဟာ စာချုပ်ဖောက်ဖျက်မှုအဖြစ် မှတ်ယူခြင်းခံရမယ်ဆိုတာ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်” ဟု Country Garden က ထုတ်ပြန်ထားသည်။

အရောင်းအဝယ်စာချုပ်ဖျက်သိမ်းသူများအနေဖြင့် ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအကြား လျော်ကြေးပေးရလိမ့်မည်ဖြစ်ကြောင်းလည်း
ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခုနှစ်အတွင်း တရုတ်အာဏာပိုင်တို့က ပြည်ပအိမ်ခြံမြေဝယ်ယူရန်အတွက် နိုင်ငံခြားငွေရယူခြင်းကို တားမြစ်လိုက်ရာ Forest City စီမံကိန်းရှိ လူနေခန်းပေါင်း ၁၀၀၀၀ ကျော်ကို ဝယ်ယူထားသည့် ပြည်မကြီးဝယ်လက်တို့ အကျပ်အတည်းဖြင့် ရင်ဆိုင်ရလျက်ရှိနေသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
မလေးရှားတွင် တည်ဆောက်လျက်ရှိသော မြို့သစ်စီမံကိန်းကြီး၏ လူနေခန်းကြိုပွိုင့် ဝယ်လက်တို့အနေဖြင့် ဝယ်ယူမှုဖျက်သိမ်းပါက လျော်ကြေးပေးရမည်ဟု developer က ခြိမ်းခြောက် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ...

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦးအကြောင်း...

နှစ်ပေါင်း ၅၀၀ အတွင်း မိုးတစ်စက်မျှ မရွာသွန်းခဲ့သော ကမ္ဘာ့အခြောက်သွေ့ဆုံး သဲကန္တာရ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တိုင်း တွေ့ရသည့် ဆန်းကြယ်သောပု စ္ဆာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service