နိုင်ငံခြားငွေလဲနှုန်း ဇန်န၀ါရီ ၁၄ ရက်နောက်ပိုင်း အနိမ့်ဆုံးနှုန်းအဖြစ် ၁၃၄၉ ကျပ်အထိ ဆက်လက်ကျဆင်း

နိုင်ငံခြားငွေလဲနှုန်း ဇန်န၀ါရီ ၁၄ ရက်နောက်ပိုင်း အနိမ့်ဆုံးနှုန်းအဖြစ် ၁၃၄၉ ကျပ်အထိ ဆက်လက်ကျဆင်း - Property News in Myanmar from iMyanmarHouse.com
20 Apr 2017 11:27 am တွင် တင်ခဲ့သည်
3764 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာ့ဈေးကွက်အတွင်း ဒေါ်လာဈေး အညွှန်းကိန်း ကျဆင်းလာရာ ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်းသည် ဇန်န၀ါရီ ၁၄ ရက်နောက်ပိုင်း အနိမ့်ဆုံးနှုန်းထားအဖြစ် ၁၃၄၉ ကျပ်အထိ ဆက်လက်ကျဆင်းခဲ့ကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် အမေရိကန်ရွေးကောက်ပွဲရလဒ် ထွက်ပေါ်ပြီးနောက်ပိုင်း အနိမ့်ဆုံး ကျဆင်းမှုအဖြစ် မတ် ၂၇ ရက်တွင် ၉၈ ဒသမ ၆၈ ပွိုင့်အထိ ကျဆင်းခဲ့ပြီးနောက် ပြန်လည်မြင့်တက်ခဲ့သော်လည်း ဧပြီလအတွင်း ပြန်ကျလာရာ ဧပြီ ၁၉ ရက်တွင် ၉၉ ဒသမ ၃၇ ပွိုင့်အထိ ရောက်ရှိခဲ့သည်။ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် ဧပြီ ၁၀ ရက်တွင် ၁၀၁ ဒသမ ၂၂ ပွိုင့်အထိ မြင့်တက်ခဲ့ပြီးနောက် ဧပြီ ၁၃ ရက်နှင့် ၁၇ ရက်တို့တွင် ၉၉ ဒသမ ၉၆ ပွိုင့်အထိ ရောက်ရှိခဲ့ကာ ဧပြီ ၁၈ ရက်တွင် ၁၀၀ ဒသမ ၂၂ ပွိုင့် ၀န်းကျင်သို့ ပြန်တက်ခဲ့သော်လည်း ဧပြီ ၁၉ ရက်တွင် ၉၉ ဒသမ ၃၇ ပွိုင့်အထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သော ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ဒေါ်လာဈေး အညွှန်းကိန်း ၉၅၊ ၉၆ ပွိုင့် ၀န်းကျင်သာ ရှိခဲ့ပြီး နိုဝင်ဘာလတွင် ပြုလုပ်သော အမေရိကန်ရွေးကောက်ပွဲနောက်ပိုင်း ဒေါ်လာဈေး မြင့်တက်ခဲ့ရာ ဒီဇင်ဘာ ၂၀ ရက်တွင် ၁၀၃ ဒသမ ၅၀ ပွိုင့်အထိ မြင့်တက်ခဲ့သည်။ ယင်းနောက်ပိုင်း အနိမ့်ဆုံး ကျဆင်းမှုအဖြစ် မတ် ၂၇ ရက်တွင် ၉၈ ဒသမ ၆၈ ပွိုင့်အထိ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဧပြီ ၁၈ ရက်အထိ ဖြစ်ပေါ်သော အမြင့်ဆုံးညွှန်းကိန်းမှာ ၁၀၁ ဒသမ ၂၂ ပွိုင့် (ဧပြီ ၁၀ ရက်) ဖြစ်သည်။

မတ်လဆန်းအထိ ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေးအညွှန်းကိန်း မြင့်တက်ခဲ့သော်လည်း မတ် ၁၅ ရက်နောက်ပိုင်းတွင် ဈေးနှုန်း သိသိသာသာ ကျဆင်းခဲ့သည်။ ထိုသို့ ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေးအညွှန်းကိန်း ကျဆင်းနေသော်လည်း ပြည်တွင်းဈေးကွက်တွင် မတ် ၂၂ ရက်အထိ တစ်ဒေါ်လာ ၁၃၆၂ ကျပ်ဝန်းကျင်တွင် ဆက်လက်ရှိနေဆဲဖြစ်သည်။ မတ် ၁ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၃၆၀ ၀န်းကျင်တွင်ရှိသော နိုင်ငံခြားငွေလဲနှုန်းသည် မတ် ၇ ရက်တွင် ၁၃၅၅ ကျပ်အထိ ကျဆင်းခဲ့ပြီး မတ် ၉ ရက်တွင် ကျပ် ၁၃၇၀ အထိ ပြန်လည်မြင့်တက်ခဲ့သည်။

မတ် ၁၆ ရက်တွင် တစ်ဒေါ်လာ ၁၃၆၅ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး ယင်းနောက်ပိုင်း မတ် ၂၇ ရက်အထိ တစ်ဒေါ်လာလျှင် အမြင့်ဆုံး ၁၃၆၆ ကျပ်၊ အနိမ့်ဆုံး ကျပ် ၁၃၆၀ ကြားတွင်သာ ဆက်လက်တည်ရှိခဲ့ခြင်းဖြစ်ကာ မတ် ၂၈ ရက်တွင် ၁၃၅၇ ကျပ်အထိ၊ ဧပြီ ၄ ရက်တွင် ၁၃၅၄ ကျပ်အထိ ကျဆင်းခဲ့သည်။ ထို့နောက် ဧပြီ ၆ ရက်တွင် ကျပ် ၁၃၆၂ အထိ ပြန်တက်ခဲ့ပြီး ဧပြီ ၇ ရက်မှ ၁၀ ရက်အထိ ၁၃၆၁ နှင့် ၁၃၅၉ ကျပ်ကြားတွင်သာ တည်ရှိနေခြင်းဖြစ်သည်။ ဧပြီ ၁၁ ရက်တွင် ၁၃၅၆ ကျပ်၊ ဧပြီ ၁၂ ရက်တွင် ၁၃၅၅ ကျပ် ဖြစ်ပေါ်ခဲ့ပြီး ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ ပြည်တွင်းဈေးကွက် သင်္ကြန်ကာလ ပိတ်ခဲ့ရာ ကမ္ဘာ့ဒေါ်လာဈေး ကျဆင်းနေခြင်းကြောင့် ဧပြီ ၁၈ ရက်တွင် တစ်ဒေါ်လာ ၁၃၅၁ ကျပ်အထိ၊ ဧပြီ ၁၉ ရက်တွင် တစ်ဒေါ်လာ ၁၃၄၉ ကျပ်အထိ ဆက်လက်ကျဆင်းလာခဲ့သည်။

ဈေးကွက်အတွင်း ဒေါ်လာဈေး ကျဆင်းမှုကြောင့် ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို ဧပြီ ၁၉ ရက်၌ တစ်ဒေါ်လာ ၁၃၅၆ ကျပ်အဖြစ် လျှော့ချသတ်မှတ်ခဲ့သည်။

Credit: Eleven Media group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ...

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦးအကြောင်း...

နှစ်ပေါင်း ၅၀၀ အတွင်း မိုးတစ်စက်မျှ မရွာသွန်းခဲ့သော ကမ္ဘာ့အခြောက်သွေ့ဆုံး သဲကန္တာရ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တိုင်း တွေ့ရသည့် ဆန်းကြယ်သောပု စ္ဆာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service