ရှမ်းပြည်နယ် တောင်ပိုင်း ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ပင်းတယမြို့သို့ လာရောက်လည် ပတ်သော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကို ယခုလကစ၍ ဇုန်ဝင်ကြေးကို ငါးဒေါ်လာအထိ တိုးမြှင့်ကောက်ခံသွား
ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနက တရားဝင်ထုတ်ပြန်သည်။
‘‘ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနဲ့ ပတ်သက်ပြီး ဇုန်ဝင် ကြေးတွေ တိုးကောက်မယ်ကြား နေတယ်၊ စာက တရားဝင်ထွက်မ လာသေးဘူးဆိုပြီး ပြောလိုက်မှ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန် ကြားမှု ဦးစီးဌာန ထုတ်ပြန်ပေး တယ်၊ တရားဝင်စာကို ခရီးသွား လုပ်ငန်းတွေနဲ့ အသင်းအဖွဲ့တွေ ကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဖြန့်ဝေ ပေးလိုက်တာ ဖြစ်ပါတယ်’’ ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင် များအသင်း (တောင်ကြီးဇုန်) ဥက္ကဋ္ဌ
ဦးဇော်ဌေးအောင်က ပြော သည်။
လက်ရှိတွင် ပင်းတယမြို့၌ ဇုန်ဝင်ကြေး နှစ်ဒေါ်လာနှင့်တောင် ပေါ်ရှိ ပင်းတယဂူနှင့် ဘုရားသို့ တက်ရောက်လေ့လာလိုပါက သုံး ဒေါ်လာ ကောက်ခံနေပြီး ဧပြီ ၁ရက်ကစ၍ ဇုန်ဝင်ကြေးငါးဒေါ်လာ နှင့်ပင်းတယဂူသို့ သွားရောက် လေ့ လာလိုပါက သုံးဒေါ်လာကောက်ခံမည်ဖြစ်သည်။
‘‘အခုတော့ ဓနုကိုယ်ပိုင် အုပ် ချုပ်ခွင့်ရ ဒေသတစ်ခုပဲ ဝင်ကြေး တိုးကောက်တာ ရှိသေးတယ်။ အင်းလေးကတော့ ဟိုတလောက ဝင်ကြေးကောက်ဖို့အတွက် ကန် ထရိုက်အသစ်ရသွားတယ်။ ဘယ် လောက်ကောက်မလဲ ဆိုတာ ကတော့ မသတ်မှတ်သေးဘူး၊ ပြောင်းပြီး ကောက်မယ်လို့လည်း ကြားနေတယ်’’ ဟု ဦးဇော်ဌေးက ဆိုသည်။
တောင်ကြီး အင်းလေး ဒေသ သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ဝင်ရောက်မှုသည် နှစ်စဉ် တစ်သိန်းခန့်ရှိပြီး ယင်းဒေသ သည် လည်ပတ်မှု အများဆုံး ဒေသများထဲ၌ ပါဝင်နေကာ ပင်းတယမြို့သည် အဆိုပါ ခရီး စဉ်များနှင့် တစ်ဆက်တည်းသွား ရောက် လေ့လာနိုင်၍ နိုင်ငံခြား သားများ လာရောက်မှု များသော နေရာများထဲတွင် ပါဝင်သည်။
Credit: 7Daydaily