ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ပြည်တွင်းရွှေဈေး
ဆက်တိုက်မြင့်တက်နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေထံက
သိရပါတယ်။
တိတ်စိန်ရွှေဆိုင်လုပ်ငန်းရှင်ဦးဇော်အောင်က “ အခုကမ္ဘာ့နိုင်ငံရေး
အခြေအနေက တင်မားနေတော့ စိုးရိမ်စိတ်တွေကြောင့် ကမ္ဘာ့ရွှေ
ဈေးတောက်လျှောက်မြင့်တက်နေတော့ ပြည်တွင်းဈေးလည်းမြင့်လာ
တယ်။အခုစောင့်ကြည့်နေတာ တင်းမာနေတဲ့ပြဿနာတွေ လျော့
လာရင်တော့ဈေးပြန်ကျနိုင်ပေမယ့် အဲလိုမှမဟုတ်ရင်တော့
ဈေးကဆက်တက်ဖို့ဖြစ်လာနိုင်တယ်”လို့ ပြောပါတယ်။
လက်ရှိအမေရိကန်နဲ့ နိုင်ငံတစ်ချို့မှ စစ်ရေးအရတင်းမာမှုတွေဖြစ်ပေါ်
နေတာကြောင့် ကမ္ဘာ့ရွှေဈေးက အခုရက်ပိုင်းတွေမှာ တောင်လျှောက်
မြင့်တက်နေပြီး လက်ရှိကမ္ဘာ့ရွှေတစ်အောင်စကို ၁၂၇၇ ဒေါ်လာအ
ထိမြင့်တက်နေရာ နှစ်ရက်အတွင်းဒေါ်လာ ၂၀ ကျော်မြင့်တက်သွား
တာဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲတိုင်းမှာ ရွှေဈေးမတည်ငြိမ်မှုတွေဖြစ်
ပေါ်တက်ပြီး လက်ရှိရွှေလုပ်ငန်းရှင်အများစု ကတော့ ကမ္ဘာ့ရွှေဈေး
ဒေါ်လာ ၁၃၀၀ ကျော်အထိ ရောက်ရှိလာနိုင်မယ်လို့ ခန့်မှန်းမှုတွေ
လည်းရှိနေပါတယ်။
ကမ္ဘာ့ရွှေဈေး ဒေါ်လာငွေလဲလှယ်နှုန်းတွေပေါ်မှာ ချိတ်ဆက်ထားတဲ့
ပြည်တွင်းရွှေဈေးနှုန်းကလည်း တဖြည်းဖြည်းမြင့်တက်လျှက်ရှိတာ
အခုနေ့မှာအခေါက်ရွှေတစ်ကျပ်သားကိုကျပ် ၉ သိန်း ၆ ထောင်အ
ထိရှိလာခဲ့ပါတယ်။ ဒါဟာရက်ပိုင်းအတွင်း ကျပ် ၃၀၀၀ ကျော်မြင့်
တက်ခဲ့တာပါ။
လက်ရှိပြည်တွင်းရွှေဈေးမြင့်တက်ပေမယ့် သင်္ကြန်ပိတ်ရက်နီးကပ်
လာတာကြောင့် အရောင်းအ၀ယ်မရှိသလောက်ဖြစ်နေပြီး သင်္ကြန်
ကျော်လွန်လာမှသာ ဈေးကွက်ပြန်လည်လှုပ်ရှားလာတော့မယ်လို့
ရွှေဘုံသာလမ်း အခြေစိုက် ရွှေဆိုင်လုပ်ငန်းရှင်တွေက ခန့်မှန်ပါတယ်။
Credit: SFJ Strategy First