တရုတ်နိုင်ငံတွင် အဓိကမြို့ကြီးများ၏ အိမ်ဈေးနှုန်းများ ဆက်လက်တည်ငြိမ်နေသဖြင့် နိုင်ငံ၏ အိမ်ခြံမြေဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်ရန် အစိုးရ၏ အိမ်ခြံမြေစည်းမျဉ်း တင်းကျပ်မှုများသည် စတင်အောင်မြင်လာပြီဟု ယူဆရမည်ဖြစ်သည်။
ဆန်းစစ်လေ့လာခဲ့သည့် ကြီးမားသောနှင့် အလယ်အလတ်အရွယ်အစားရှိသည့် မြို့ကြီး ၇၀ တွင် ၂၄ မြို့သည် ယခုနှစ် မတ်လတွင် ယမန်နှစ် မတ်လအောက် ဈေးနှုန်းမြင့်တက်မှုနှုန်း ကျဆင်းခဲ့ကြောင်း၊ ယခုနှစ်ဖေဖော်ဝါရီတွင် ယမန်နှစ်ဖေဖော်ဝါရီအောက် ဈေးနှုန်းမြင့်တက်မှုနှုန်း ကျဆင်းခဲ့သည့် မြို့အရေအတွက်မှာ ၂၀ ရှိခဲ့သည်ဖြစ်ရာ မတ်တွင် ထိုမြို့အရေအတွက် တိုးလာခဲ့ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရိုက ယမန်နေ့ (ဧပြီ ၁၈) တွင် ထုတ်ပြန်ခဲ့သည်။
ပထမတန်းစားမြို့ကြီးများနှင့် ဒုတိယတန်းစားမြို့ကြီးများ ၁၅ မြို့ရှိ အိမ်သစ်များ၏ ပျမ်းမျှဈေးနှုန်းများသည် ယခုနှစ်မတ်လတွင် ယမန်နှစ်မတ်လအောက် နှေးကွေးစွာမြင့်တက်ခဲ့သည်။
ယင်းမြို့များ၏ အိမ်ဈေးနှုန်းမြင့်တက်မှုများသည် ဖေဖော်ဝါရီအောက်
ဝ ဒသမ ၂ မှ ဝ ဒသမ ၅ ရာခိုင်နှုန်းအကြား နှေးကွေးခဲ့ခြင်း ဖြစ်သည်။
"မတ်လဟာ ပုံမှန်အားဖြင့် အရောင်းသွက်တဲ့ရာသီပါ။ ဒါပေမဲ့ မြို့အများအပြားမှာ အိမ်ဈေးနှုန်းထိန်းချုပ်မှုစည်းမျဉ်းတွေကြောင့် ပထမတန်းစားမြို့ကြီးတွေနဲ့ ဒုတိယတန်းစားမြို့ကြီးတွေ ၁၅ မြို့က အိမ်သစ်တွေရဲ့ ပျမ်းမျှဈေးနှုန်းတွေဟာ ယခုနှစ်မတ်လမှာ ယမန်နှစ်မတ်လအောက် နှေးကွေးစွာမြင့်တက်ခဲ့တာပါ" ဟု ဗျူရို၏ အကြီးတန်းစာရင်းအင်းပညာရှင် လျိုကျန်းဝေက ပြောကြားခဲ့သည်။
တရုတ်အစိုးရသည် အိမ်ဈေးနှုန်းမြင့်တက်မှုများကို လျှော့ချထိန်းချုပ်ရန် အိမ်ဝယ်ယူမှုစည်းမျဉ်းကန့်သတ်မှုများနှင့် ဝယ်ယူရာတွင် လက်ငင်းပေးချေရသည့် ငွေပမာဏရာခိုင်နှုန်း တိုးမြှင့်ခြင်းအပါအဝင် အိမ်ခြံမြေစည်မျဉ်းများကို ပြီးခဲ့သည့်အောက်တိုဘာလကတည်းက စတင်ကာ မြို့ကြီးအများအပြားတွင် ချမှတ်အကောင်အထည်ဖော်လာခဲ့သည်။
ဈေးနှုန်းများမြင့်တက်နေသရွေ့ စည်းမျဉ်းများဆက်လက်တင်းကျပ်ထိန်းချုပ်သွားမည်
ဖြစ်ကြောင်း တရုတ်အစိုးရက ထုတ်ပြန်ထားသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com