ဟောင်ကောင်၏ အိမ်ဈေးနှုန်းညွှန်းကိန်းသည် ဖေဖော်ဝါရီတွင် ၃၁၂ ဒသမ ၈ ဖြစ်ခဲ့ပြီး ကမ္ဘာ့လူနေအိမ်ခြံမြေဈေးကွက်များအနက် ၁၁ လဆက်တိုက် ညွှန်းကိန်းမြင့်တက်သည့်ဈေးကွက်ဖြစ်ကြောင်း ဟောင်ကောင်အိမ်ခြံမြေအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်လိုက်သော အချက်အလက်များကို ကိုးကား၍ ဟောင်ကောင်သတင်းစာ scmp
က ဖော်ပြခဲ့သည်။
ဖေဖော်ဝါရီညွှန်းကိန်းသည် ဇန်န၀ါရီလ၏ ညွှန်းကိန်း ၃၀၉ ဒသမ ၄ မှ ၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ်ဖေဖော်ဝါရီလအိမ်ဈေးနှုန်းများသည် ယမန်နှစ်ဖေ
ဖော်ဝါရီလကထက် ၁၄ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ စီမံကိန်းသစ်များအတွက် ၀ယ်လိုအားမြင့်တက်မှု၏ ရလဒ်တစ်ခုဖြစ်သည်။
၂၀၁၆ ခုနှစ် စတုတ္ထသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာ) တွင် အိမ်ဈေးနှုန်းများ ၄ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်မှုကြောင့် ဟောင်ကောင်သည် Knight Frank က ထုတ်ပြန်သော ထိုသုံးလပတ်၏ ကမ္ဘာ့အဟော့ဆုံးလူအိမ်ဈေးကွက်စာရင်းတွင် အဆင့် ၃၂ နေရာကို ရရှိခဲ့သည်။
"ကြီးမားတဲ့မြေဈေးတွေနဲ့ အိမ်ဝယ်လိုအားကောင်းတာတွေက ဈေးနှုန်းကို မြင့်တက်စေပါတယ်။ ၂၀၁၇ မှာ အိမ်ဈေး ၅ ရာခိုင်နှုန်း တက်မယ်လို့ ကျွန်တော်တို့ ခန့်မှန်းပါတယ်" ဟု
Knight Frank ၏ တရုတ်နိုင်ငံဆိုင်ရာ အကြီးအကဲ ဒေးဗစ်ဂျီက ပြောကြားခဲ့သည်။
"တစ်ဆင့်ပြန်လည်ရောင်းချတဲ့ ဈေးကွက်ကတော့ အိမ်ဈေးတွေ တည်ငြိမ်နေဆဲပါပဲ" ဟုလည်း သူက ပြောကြားခဲ့သည်။
အခွန်များအား အရောင်းအ၀ယ်ပြုလုပ်သည့် အိမ်ခြံမြေတန်ဖိုး၏ ၁၅ ရာခိုင်နှုန်းသို့ ပြီးခဲ့သည့်နိုဝင်ဘာကစတင်ကာ တိုးမြှင့်သတ်မှတ်လိုက်သည့်ကြားက ဈေးနှုန်းမြင့်တက်
ခဲ့ခြင်းဖြစ်သည်။ တစ်ကြိမ်မျှ အိမ်ခြံမြေမ၀ယ်ယူရသေးသော၊ ပထမဆုံးအကြိမ်ဝယ်ယူသည့် ဟောင်ကောင်ဒေသခံများအတွက်မူ အခွန်ကင်းလွတ်ခွင့်ပေးထားကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com