၂၀၁၇-၁၈ ဘဏ္ဍာနှစ်၊ ဧပြီ ပထမပတ်အတွင်း ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၇ ခုကို ခွင့်ပြုပေး ခဲ့တယ်လို့ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ အစည်းအဝေးအမှတ်စဉ် ၆/၂၀၁၇ မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၁၅ ခုနဲ့ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၂ ခုတို့ကို စိစစ်ခွင့်ပြုခဲ့
တာဖြစ်ပါတယ်။
ခွင့်ပြုခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၅ မှာ ရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ ၇၉ ဒသမ ၄၆ သန်း ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်း
၈,၉၈၆ ခု ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ခွင့်ပြုလုပ်ငန်း ၁၅ ခုအနက် စက်မှုလုပ်ငန်း ၁၂ ခု၊ မွေးမြူရေးနဲ့ရေလုပ်ငန်း ၁ ခု၊ အခြားဝန်ဆောင်မှုလုပ်ငန်း ၁ ခုနဲ့ အိမ်ယာ
အဆောက် အအုံတည်ဆောက်ဖွံ့ဖြိုးမှုလုပ်ငန်း ၁ ခုတို့ ပါဝင်ပါတယ်။
ခွင့်ပြုခဲ့တဲ့ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၂ ခု မှာ ရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ ၁၁ ဒသမ ၂၇ သန်း အပါအ၀င်ကျပ် ၂၀,၂၄၃ ဒသမ ၅၇ သန်း ရှိပြီး ပြည်တွင်းလုပ်သားများ
အတွက် အလုပ်အကိုင်အခွင့်အလမ်း ၄၉၂ ခုဖန်တီးပေးနိုင်ခဲ့ပါတယ်။ ခွင့်ပြုလုပ်ငန်း ၂ ခုအနက်စက်မှုလုပ်ငန်း ၁ခုနဲ့ ၀န်ဆောင်မှုလုပ်ငန်း ၁ ခု တို့ပါဝင်ပါတယ်။
နိုင်ငံတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်စီးဝင်လာရေးအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမူဝါဒ၊ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ နည်းဥပဒေတို့ကို ပြဌာန်းခဲ့ပြီးဖြစ်သလို
ဦးစားပေးမြှင့်တင်မယ့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများသတ်မှတ်ခြင်း၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အတည်ပြုမိန့်ထုတ်ပေးနိုင်တဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မတည်ငွေရင်းပမာဏသတ်မှတ်ခြင်း၊ အခွန်ကင်းလွတ်သက်သာခွင့်ပြုရန်အတွက် ဖွံ့ဖြိုးတိုးတက်မှုဇုန်အမျိုးအစားများသတ်မှတ်ခြင်းတို့ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကေ
လက်ရှိအစိုးရ လက်ထက်မှာ ဆောင်ရွက်ခဲ့ပါတယ်။
Credit : SFJ