ဒေါ်နယ်ထရမ့်၏ သမီး အိုင်ဗန်ကာ ထရမ့် ဝါရှင်တန်တွင် တစ်လလျှင် ကန်ဒေါ်လာ ၁၅၀၀၀ ဖြင့် နေအိမ်ငှားရမ်း

ဒေါ်နယ်ထရမ့်၏ သမီး အိုင်ဗန်ကာ ထရမ့် ဝါရှင်တန်တွင် တစ်လလျှင် ကန်ဒေါ်လာ ၁၅၀၀၀ ဖြင့် နေအိမ်ငှားရမ်း - Property News in Myanmar from iMyanmarHouse.com
10 Apr 2017 11:20 am တွင် တင်ခဲ့သည်
3915 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမီး အိုင်ဗန်ကာ ထရမ့်နှင့် ခင်ပွန်းဖြစ်သူ အိမ်ဖြူတော်အကြံပေးပုဂ္ဂိုလ် ဂျရက်ဒ် ကွတ်ရှ်နာတို့ သည် ဝါရှင်တန်မြို့တော်ရှိ ကာလိုရာမာအရပ်တွင် တစ်လလျှင်
ကန်ဒေါ်လာ၁၅၀၀၀ ဖြင့် နေအိမ်ငှားရမ်း နေထိုင်လျက်ရှိကြောင်း
နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်
တစ်ခုတွင် ဖော်ပြသည်။

ယင်းနေအိမ်၏ ပိုင်ရှင်မှာ ချီလီနိုင်ငံသား ဘီလျံနာတစ်ဦးဖြစ်ပြီး
ကန်ဒေါ်လာ ၅ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့သည့် နေအိမ်
ဖြစ်သည်။အိမ်ပိုင်ရှင် ဘီလျံနာ၏ ကုမ္ပဏီသည် ဒေါ်လာဘီလျံနှင့်ချီကာ တန်ဖိုးရှိသော မိုင်းတွင်းတစ်ခုအရေးနှင့် စပ်လျဉ်း၍ အမေရိကန်အစိုးရနှင့် အငြင်းပွားမှု ဖြစ်ပွားလျက်ရှိချိန်တွင် သမ္မတ၏ အကြံပေးပုဂ္ဂိုလ်က အဆိုပါဘီလျံနာ၏နေအိမ်ကို ငှားရမ်းလိုက်ခြင်းမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။

ချီလီလူမျိုးဘီလျံနာ အန်ဒရိုနီကို လုခ်ဆစ်သည် အဆိုပါနေအိမ်ကြီးကို အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပပြီးစီးချိန်တွင် ဝယ်ယူခဲ့ခြင်း
ဖြစ်သည်။

ယင်းနေအိမ်ကို အငှားချထားရန် ကြော်ငြာတင်ခဲ့ဖူးခြင်း လုံးဝမရှိချေ။
အိုင်ဗန်ကာထရမ့်နှင့် မစ္စတာကွတ်ရှ်နာတို့က အဆိုပါနေအိမ်ကို လုခ်ဆစ်ဝယ်ယူရေးတွင် အဆင်ပြေချောမွေ့စေရန်
အကူအညီပေးခဲ့ပြီးနောက် ချက်ချင်းပင် ငှားရမ်းကာ ပြောင်းရွှေ့ခဲ့ကြသည်
ဟု ဆိုသည်။

ယခုအိမ်ငှားခ တစ်လလျှင် ကန်ဒေါ်လာ ၁၅၀၀၀ ဖြင့် တစ်နှစ်တာ ကုန်ကျစရိတ်မှာ နေအိမ်တန်ဖိုး၏ ၂ ဒသမ ၅ ရာခိုင်နှုန်းရှိနေသည်။
မစ္စတာလုခ်ဆစ်၏ ကိုယ်ရေးကိုယ်တာရင်းနှီးမြှုပ်နှံမှုများကို
စီမံကွပ်ကဲသူ ရိုဒရီဂို တယ်ရီက ပြောကြားရာတွင်
ကန်ဒေါ်လာ ၅ ဒသမ ၅ သန်း ရင်းနှီးမြှုပ်နှံမှုအတွက် ထိုက်သင့်သည့်ဝင်ငွေပြန်လည်ရရှိရန် အငှားချထားခြင်း
သာဖြစ်သည်ဟု ပြောကြားထားသည်။

တစ်ချိန်ချိန်တွင် ယခုနေအိမ်မှ ကန်ဒေါ်လာ ၁ သန်းခန့် မြတ်စွန်းနိုင်မည်ဟု မျှော်လင့်ထားကြောင်း၊ အငှားချထားမှုကာလမှာ ၂ နှစ်ခွဲခန့် ဖြစ်မည်
ဟု ယူဆကြောင်းလည်း တယ်ရီက ပြောကြားသည်။

မစ္စတာလုခ်ဆစ်၏ ကုမ္ပဏီသည် မင်နီဆိုးတားပြည်နယ်ရှိ တောနယ်အနီးတွင် ကြေးနီနှင့် နီကယ်သတ္တုတွင်းတူးဖော်မှုအရေးနှင့် စပ်လျဉ်း၍ အစိုးရနှင့် အငြင်းပွားမှုဖြစ်ပွားနေခြင်းဖြစ်သည်။

အိုဘားမားအစိုးရသက်တမ်းနောက်ဆုံးကာလများတွင်
အဆိုပါစီမံကိန်းကို သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်မှုရှိသည်ဟု
သုံးသပ်ကာ တားမြစ်ထားခဲ့ပြီး ယခုဒေါ်နယ်ထရမ့်လက်ထက်
တွင် တူးဖော်ခွင့်ရရန် ပြန်လည်ကြိုးပမ်းလာခြင်းလည်း ဖြစ်သည်။
သို့ရာတွင် အိုင်ဗန်ကာထရမ့်၏ ယခုနေအိမ်ငှားရမ်းမှုနှင့် မိုင်းတွင်းအငြင်းပွားမှုအကြားတွင် ဆက်နွှယ်မှုမရှိကြောင်း
အိမ်ဖြူတော်နှင့် မစ္စတာလုခ်ဆစ်တို့နှစ်ဘက်လုံးက
ငြင်းပယ်ထားသည်။

မစ္စတာကွတ်ရှ်နာနှင့် အိုင်ဗန်ကာထရမ့်တို့၏ လက်ရှိကြွယ်ဝမှုမှာ
ကန်ဒေါ်လာ သန်း ၂၄၀ မှ သန်း ၇၀၀
အကြားရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

အိုင်ဗန်ကာထရမ့်သည် ပြီးခဲ့သော ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလလယ်ခန့်က မန်ဟက်တန်ရှိ လူနေခန်းတစ်ခန်းကို ကန်ဒေါ်လာ ၄ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်သို့ တင်ခဲ့ဖူးသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ...

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦးအကြောင်း...

နှစ်ပေါင်း ၅၀၀ အတွင်း မိုးတစ်စက်မျှ မရွာသွန်းခဲ့သော ကမ္ဘာ့အခြောက်သွေ့ဆုံး သဲကန္တာရ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တိုင်း တွေ့ရသည့် ဆန်းကြယ်သောပု စ္ဆာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service