လယ်ယာမြေပေါ်မှာ တခြားနည်းသုံးစွဲဖို့ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ အိမ်ရာကွက်တွေဖော်ဆောင်ရောင်းချသူတွေကို
လယ်ယာမြေဥပဒေပုဒ်မ ၂၀ အရ မြို့နယ် လယ်ယာမြေ
စီမံခန့်ခွဲမှုအဖွဲ့က တရားစွဲဆိုပြီး ထောင်ဒဏ်ချမှတ်လိုက်တယ်
လို့ သိရပါတယ်။
ထန်းတပင်မြို့နယ်အတွင်းက လယ်ယာမြေတွေအပေါ်မှာ အခြားနည်းလမ်းသုံးစွဲခြင်း ၊ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ အိမ်ရာကွက်တွေဖော်ဆောင်ရောင်းချနေပြီး သက်ဆိုင်ရာက
ဌာနက ကွင်းဆင်းစစ်ဆေးတားမြစ်ပေမဲ့
ဆက်လက်လုပ်ဆောင်နေလို့
ထိရောက်စွာ အရေးယူနိုင်ခြင်းရှိမရှိ သည်နေ့
ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်မှာ ထန်းထပင်မြို့နယ်လွှတ်တော်ကိုယ်စာလှယ် ဦးအောင်ဘုန်းကျော်စံဦး မေးမြန်းချက်ကို ရန်ကုန်တိုင်းဒေသကြီး
စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင် ဝန်ကြီး
ဦးဟံထွန်းက ပြန်လည် ဖြေကြားတာပါ။
လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မဲ့ အိမ်ရာအဖြစ် အသုံးပြူမှုအခြေ
အနေမှာ ကျေးရွာအုပ်စု ၁၃စု ၊ တောင်သူဦးရေ ၃၀၉ ဦး
ဧရိယာ ၁၁၅၉ ဧက ဖြစ်ပါတယ်။သည်ကျုးလွန်မှုဟာ ၂၀၁၃ ခုနှစ်
လယ်ယာမြေဥပဒေ ပြဌာန်းပြီး နောက်ပိုင် ကျုးလွန်ခဲ့တဲ့ အရေးအတွက် ဖြစ်ပါတယ်။သည်ကျူးလွန်မှုအပေါ်လယ်ယာမြေဥပဒေ
ပုဒ်မ ၁၉ အမိန့်ချမှတ်ခဲ့
သည့် ကျေးရွာအုပ်စု ၁၄စု၊ လူဦးရေ ၃၆ဦး၊ ဧရိယာ
၆၀၆၁ ဧက အမိန့်စာ ထုတ်စစ်ပြီး နောက် ၂၀၁၅- ၂၀၁၆
ခုနှစ်အတွင်း လယ်ယာမြေဥပဒေ ပုဒ်မ ၂၀အရ မြို့နယ်လယ်ယာမြေ
စီမံခန့်ခွဲမှုအဖွဲ့က တရားစွဲဆိုခဲ့သည့် ကျေးရွာအုပ်စု ခြောက်စု
တရားစွဲဆို ဦးရေ ၁၀ ဦး၊ ဧရိယာ ၄၉ ဧက တရားစွဲဆိုခဲ့တယ်လို့
သိရပါတယ်။ဝန်ကြီင်္းဦးဟန်ထွန်းက ‘ ၁၀ဦးကို တရားရုံးက
ပြစ်ဒဏ်အမိန့်ချမှတ်ရာတွင် နှစ်ဦးကို ထောင်ဒဏ်ခြောက်လ
ကျန်ရှိတဲ့ ရှစ်ဦးကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၅၈ (၁) အရ
အမှုက အပြီးအပြတ် လွှတ်တော်ပေးလိုက်တယ် ‘ လို့ ပြောပါတယ်။
လယ်ယာမြေဥပဒေ ပုဒ်မ ၁၂(ဇ)(ဈ) အရ လိုက်နာခြင်းမရှိ
သည့် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ သို့ မဟုတ်
လယ်ယာမြေ လုပ်ပိုင်ခွင့်ကို တစ်ဆင့် လွှဲပြောင်းရယူသူ၊
ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲအဖွဲ့က
ကျူလွန်သူကို လယ်ယာမြေဥပဒေနဲ့အညီ အသိပေး
အကြောင်းကြားစာထုတ်ပေးပြီးနောက်
လိုက်နာခြင်းမရှိသူတွေကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး
အဖွဲ့က လယ်ယာမြေဥပဒေပုဒ်မ ၁၉ ပုဒ်မခွဲ(ဂ) (ဃ) အရ
မိန့်ချမှတ်ဆောင်ရွက်ပြီး မလိုက်နာရင် လယ်ယာမြေဥပဒေ
ပုဒ်မ ၂၀အရ တရားစွဲဆိုဆောင်ရွက်သွားနိုင်တယ်လို့ သိရပါတယ်။
၂၀၁၃ ခုနှစ်ကစပြီး ထန်းတစ်ပင်မြို့နယ်မှာ တက်သစ်ကျွန်း
ဘောလည်ကျွန်း နှစ်ခုရှိတဲ့ အတွက် တက်သစ်ကျွန်းဒေသ
မှာ ရိုးကြီးအုပ်စု ၊ ထိန်တော၊ ဝါးတစ်ရာ အုပ်စု၊
ထိန်တစ်ပင်အုပ်စု၊ ကွင်းချောင်း ကျေးရွာအုပ်စုတွေမှာ
ကိုယ်ကျိုးရှာသူတွေက လယ်သမာတွေဆီကနေ
လယ်ယာမြေကို တစ်ဧက သိန်း ၁၀၀ ၊ ၂၀၀ ကနေ
၈၀၀ အထိ အစားစားဝယ်ယူပြီး လမ်းဖောက်
အိမ်ရာဆောက်ဓာတ်တိုင်စိုက်ပြီး
ဆက်တိုက်လုပ်ဆောင်တာတွေ ဖြစ်ပွားခဲ့ပါတယ်။
၂၀၁၆-၂၀၁၇ ခုနှစ်မှာ အဲသည်နေရာက
မြေဈေးကွက်ဟာ
ပေ၂၀xပေ ၆၀ မြေတစ်ကွက်ရဲ့ တန်ဖို ကျပ် ၁၅သိန်း
ကနေ သိန်း ၂၀၀ ၊ ၃၀၀ ၊ ၅၀၀ ၊ ၈၀၀ အထိ
မြင့်တက်ပါတယ်။
ဝါးတစ်ရာအုပ်စုနဲ့ ထိန်တောအုပ်စုကြား အနောက် ပိုင်း
တက္ကသိုလ်ဝင်း ရေဝပ်ရေတင်ကင်းဝေစေဖို့ ဖောက်လုပ်ထားတဲ့
ဆည်မြောင်းရှိပါတယ်။ဆည်မြောင်းပေါ်ကို
မြေကွက်ရိုက်ပြီး ရောင်းချထားတယ်လို့သိရပါတယ်။
ဓာတ်တိုင်တွေစိုက်ပြီး ရပ်ကွက်သဖွယ် ပြုလုပ်ခဲ့တာ
ဖြစ်ပါတယ်။
Credit: The Modern