သင်္ကြန်မှာဘန်ကောက်ကိုသွားရောက်လည်ပက်ကြမယ့် သူတွေအတွက် ဘန်ကောက်ကနေ နေ့ချင်းပြန်သွားနိုင်တဲ့ အီတလီ အငွေ့အသက်တွေရှိနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။
သည်အီတလီရွာက ထိုင်းနိုင်ငံ ခေါင်းရိုင်းမှာ တည်ရှိနေတာဖြစ်ပါတယ်။ခေါင်းရိုင်းက ထိုင်းနိုင်ငံရဲ့ တတိယအကြီးဆုံး ဥယျာဉ်ဖြစ်ပြီး ရေတံခွန်တောတောင်တွေက သဘာဝအတိုင်း သာယာလှပနေတာဖြစ်ပါတယ်။နေကြာပန်းခင်းတွေ စပျစ်ခြံတွေနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ရဲတိုက်ကြီးလည်းရှိပါတယ်။သည်နားမှာပဲ အီတလီနိုင်ငံက မြို့လေးလို ပြင်ဆင်ထားတဲ့ နေရာလေးတွေရှိပါတယ်။
ဘန်ကောက်ကနေ ခေါင်းရိုင်းကို သွားမယ်ဆိုရင် နှစ်နာရီကျော်လောက်သာ သွားရမှာပါ နေရာစုံစုံလင်လင် လည်ပက်ပြီး နားနားနေနေ နေချင်တယ်ဆိုရင်တော့တစ်ညအိပ်နိုင်ပါတယ်။သည်နေရာမှာ ရှိနေတဲ့ ဟိုတယ်တွေက ဈေးမကြီးဘဲ ပုံစံမျိုးစုံ ရှိနေပါတယ်။ ဟိုတယ်တွေကို မှိုပွင့်တွေလို ၊အာကာသယာဉ်ကြီးတွေကို၊ရဲတိုက်တွေလို ပြုလုပ်ထားတာပါ။ဒါတွေအပြင် လူပုလေးတွေ၊သစ်ပင်လိုအိမ်တွေ ပြုလုပ်ထားပါတယ်။ဟိုတယ်နှစ်ယောက်ခန်း တစ်ခန်းကို ဘတ် ၂၅၀၀ ပေးရပါတယ်။
သည်နေရာက ဂိတ်ကိုဝင်တာနဲ့ အီတလီနိုင်ငံကို ရောက်သွားသလို ခံစားရမှာပါ အဆောက်အအုံတွေကျ ကျောက်ခင်းလမ်းတွေနဲ့ လှပအောင်ပုံဖော်ထားပါတယ်။ရွာအငွေ့အသက်တွေရအောင် သိုးတွေမြည်းတွေကို အစာကျွေးနိုင်တဲ့ နေရာရှိပြီး အခမဲ့ ကျွေးနိုင်မှာပါ။ဝင်ကြေးကတော့ ဘတ် ၄၀၀ လောက်ပေးရမှာ ဖြစ်ပါတယ်။ဒါတွေအပြင် ဂျာမနီရဲတိုက်ကြီးတွေလို ဆောက်ထားတဲ့ စားသောက်ဆိုင်တွေလည်းရှိပါတယ်။အပြင်ဘက်မှာရော အတွင်းဘက်မှာပါ ထည်ဝါအောင်ပြုလုပ်ထားတာပါ။ထိုင်းအစားအစာတွေနဲ့ အနောက်တိုင်းအစားအစာတွေရနိုင်မှာပါ။
စပျစ်ခြံတွေမှာ စပျစ်ဝိုင်တွေ ကိုဘယ်လိုတွေ လုပ်တာလဲဆိုတာတွေ ဘတ် ၂၀၀ ပေးပြီး ၀င်ကြည့်နိုင်ပါတယ်။ဒါတွေသာမက ဧက ၁၀၀ ကျော်တဲ့ ပန်းရောင်စုံတွေစိုက်ပျိုးထားတဲ့ ပန်းခြံထဲကိုဝင်မယ်ဆိုရင်တော့ ဘတ် ၁၀၀ ပေးရမှာဖြစ်ပါတယ်။
ချောကလက်ကြိုက်တဲ့သူတွေအတွက် ချောကလက်မျိုးစုံရှိတဲ့ နေရာတွေ လင်ဇီးမှိုစိုက်တဲ့ နေရာတွေ ရေတံခွန်တွေ၊ ရေကစားနိုင်တဲ့ နေရာတွေ။ခြုံပုတ်ဝင်္ဂဘာတွေ ၊ရှားပါးတိရစ္ဆာန်တွေ ပြထားတဲ့ သွားရောက်လည်ပတ်နိုင်မှာပါ။သည်လိုလည်ပတ်စရာများတဲ့ ထိုင်းနိုင်ငံခေါင်းရိုင်းက အီတလီရွာလေးဟာ သင်္ကြန်တွင်းမှာ ဘန်ကောက်ကို ခရီးထွက်မယ့်သူတွေ သွားရောက်လည်ပတ်ဖို့ကောင်းတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
Credit : The Modern