တရုတ်တွင် အိမ်ခြံမြေဈေးကစားသူ ၇ ဦးကို ဖမ်းဆီး

တရုတ်တွင် အိမ်ခြံမြေဈေးကစားသူ ၇ ဦးကို ဖမ်းဆီး - Property News in Myanmar from iMyanmarHouse.com
7 Apr 2017 11:40 am တွင် တင်ခဲ့သည်
1075 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေစည်းမျဉ်းချိုးဖောက်မှုများအတွက် လူ ၇ ဦးကို ဖမ်းဆီးထားကြောင်း တရုတ်နိုင်ငံမြောက်ပိုင်း ရှူံကန်နယ်သစ်အတွက် ကြိုတင်ပြင်ဆင်ရေးကော်မတီက တမြန်နေ့ (ဧပြီ ၅) ထုတ်ပြန်ခဲ့သည်။

၎င်းကော်မတီက အိမ်ခြံမြေစည်းမျဉ်းချိုးဖောက်မှု ၇၆၅ မှုကို ဧပြီ ၄ က စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပေကျင်းအနောက်တောင်ဘက် ၁၀၀ ကီလိုမီတာခန့် အကွာရှိ စီးပွားရေးဇုန် ရှူံကန်နယ်သစ်ကို တည်ထောင်မည်ဖြစ်ကြောင်း တရုတ်အစိုးရက
ပြီးခဲ့သည့် စနေ (ဧပြီ ၁) က ထုတ်ပြန်ခဲ့သည်။ ထိုနယ်သစ်တွင် ရှူံရှန်း၊ ရုန်ချန်းနှင့် အန်ရှင်း စီရင်စုများ ပါဝင်မည်ဖြစ်သည်။

"ရှူံကန်နယ်သစ် ဖြစ်ပေါ်လာမယ့် တရားဝင်သတင်းတွေ
ထွက်ရှိပြီးနောက် ဈေးကစားတဲ့သူတွေက အဲ့ကအိမ်ခြံမြေဈေးတွေကို မြင့်တက်အောင် လုပ်ပစ်ကြတာပါ" ဟု ကော်မတီ၏
ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းကော်မတီက ၎င်းနယ်သစ်တွင် တည်ငြိမ်သောအိမ်ခြံမြေဈေးကွက်ဖြစ်စေရန်
ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

တရုတ်တွင် အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရေးအတွက် အစိုးရက ထိန်းချုပ်လာမှုများအကြားကပင် အိမ်သစ်ဈေးများသည်
တရုတ်ပြည်မကြီးရှိ အကြီးဆုံးမြို့ကြီးများတွင်သာမက ပိုမိုသေးငယ်သော
မြို့ကြီးများတွင်လည်း အနည်းငယ်ဆက်လက် မြင့်တက်ခဲ့သည်။

ထို့ကြောင့် တရုတ်အိုးအိမ်အာဏာပိုင်အဖွဲ့က
အိမ်ခြံမြေအကျိုးဆောင်များနှင့် developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချသူ) များ၏
မသမာမှုများကို
နှိမ်နင်းရန် ဒေသဆိုင်ရာအာဏာပိုင်များအား
မတ် ၂၉ က ညွှန်ကြားခဲ့ပြီးဖြစ်သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ...

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦးအကြောင်း...

နှစ်ပေါင်း ၅၀၀ အတွင်း မိုးတစ်စက်မျှ မရွာသွန်းခဲ့သော ကမ္ဘာ့အခြောက်သွေ့ဆုံး သဲကန္တာရ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တိုင်း တွေ့ရသည့် ဆန်းကြယ်သောပု စ္ဆာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service