သင်္ကြန်ပြီးကာအတွက်အိမ်ခြံမြေအကျိုး ဆောင်တွေ အိမ်ခြံမြေအရောင်း အဝယ်တွေအေးလာပြီး အလုပ် အကိုင်တွေ နည်းသွားမှာကို စိုးရိမ်နေကြ တယ်လို့ သိရပါတယ်။
‘အိမ်ခြံမြေရောင်းဝယ်တဲ့ ဈေးကွက်ကအရင်ကတည်းကအေးနေတာ အကျိုးဆောင်တွေရဲ့ အလုပ်အကိုင်တွေကလဲ နည်းလာတယ်၊ သင်္ကြန်ပြီးရင် ပိုပြီးအလုပ်မဖြစ်တော့မှာကိုတော့ စိုးရိမ်နေတာ အမှန်ပဲ၊ ဘာလို့လဲဆိုတော့ အိမ်တွေရောင်းတာပဲဖြစ်ဖြစ်၊ ငှားတာ ပဲဖြစ်ဖြစ် ပွဲစားဆိုတာ သိပ်မလိုတော့ ဘူး၊ အွန်လိုင်းမှာတင်ပြီး ရောင်းလာကြတယ်၊ ပွဲစားတွေရဲ့ အလုပ်တွေက နဂိုကတည်းကမှ နည်းပါတယ်ဆိုမှ သင်္ကြန်ပြီးရင် ဘယ်လိုဖြစ်မလဲဆိုတာ ကိုတော့အ ကျိုးဆောင်တွေက စိတ်ပူကြတယ်လို့ အိမ်ခြံမြေအကျိုးဆောင် ကိုမျိုးမင်းက ပြောပါတယ်။
အိမ်တွေ တိုက်ခန်းတွေကိုရောင်းတာတွေ၊ ငှားရမ်းတာတွေမှာ ပွဲစားတွေနဲ့ လုပ်ကိုင်တာတွေနည်းပါးလာပြီး အွန်လိုင်းတင်ရောင်းချ ငှားရမ်းတာတွေ သာများပြားလာပါတယ်။ အခုနောက်ပိုင်းမှာ အကျိုးဆောင်တွေကို မအပ် ကြတော့ဘဲ ပိုင်ရှင်တွေကိုယ်တိုင် လုပ်ကိုင်လာတာတွေ လည်းတွေ့ရပါတ ယ်။
သင်္ကြန်ပြီးချိန်မှာ အိမ်ခြံ မြေဈေးကွက်က အခုချိန်ထက် အရောင်းအဝယ်ေ အး သွားမလား၊ ပြန်တက်မလားဆိုတာကိုတော့ စောင့်ကြည့် ရမှာဖြစ်တယ် လို့ သိရပါတယ်။
‘အခုနောက်ပိုင်းဆို ပွဲစားတွေရဲ့ အလုပ်အကိုင်အခွင့်လမ်းတွေ က တော်ေ တ်ာနည်းသွားတယ်၊ မအပ်ကြတော့တာပေါ့၊ ပြီးတော့ တိုက်ခန်းငှားတယ် ဆိုရင်လဲ ဈေးနှုန်းတွေသက်သာတာကြောင့် ပွဲစားတွေကို ပွဲခပေးတာတွေ နည်းသွားတယ်၊ အဲဒီလိုဆိုတော့ အရောင်းဈေးတွေ ဒီထက်ထပ် ကျမယ်ဆို ရင်တော့ အခက်အခဲ တွေဖြစ်လာနိုင်တယ်လို့ အိမ်ခြံမြေအကျိုးဆောင် ဦးသန်းထိုက်က ပြောပါတယ်။
သင်္ကြန်ပြီးချိန် လက်ရှိထက်အရောင်းဝယ်မအေးရင်တော့ အ နည်းငယ် အဆင်ပြေနိုင်တယ်လို့ သိရပါတယ်။
Credit: The Modern