ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ခြော က်ဘီလီယံ ၀န်ရောက်ရန် လျာထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုေ က်ာမရှင် တာဝန်ရှိသူက ပြောကြားသည်။
‘‘ပြီးခဲ့တဲ့ ငါးနှစ်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ လေးဘီလီယံ ၀င်ဖို့ လျာထား ခဲ့တယ်။ ၂၀၁၆-၂၀၂၀ ခုနှစ် ငါးနှစ်တာအတွင်းမှာတော့ ကန်ဒေါ်လာ ခြောက်ဘီလီယံဝင်ဖို့ လျာ ထားပါတယ်’’ ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တစ်နှစ်လုံးတွင် ပြည်ပ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံကျော်ရှိပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ရင်း နှီးမြှုပ်နှံမှု ကိုးဘီလီယံကျော်ဝင် ရောက်ပြီး နှိုင်းယှဉ်ပါက ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံကျော် လျော့နည်းခဲ့ေ ကြာင်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင် ထုတ်ပြန် သော စာရင်းများ ၌ ဖော်ပြထား သည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်အ တွင်း လုပ်ကိုင်ခွင့်ပြုရန် လျှောက်ထားသည့် လုပ် ငန်း ၄၀ ကျန်ရှိနေ ပြီး ယင်းလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် ကန်ဒေါ်လာ နှစ်ဘီလီယံရှိကြောင်း ဦး အောင်နိုင်ဦးက ပြောသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်တစ် နှစ်လုံးတွင် စက်မှုကုန်ထုတ်လုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းတို့၌ ရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ် သည်။
ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေငှားရမ်းခြင်း ၀န်ဆောင်မှု လုပ်ငန်း ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းစသော လုပ်ငန်းများ ဒုတိယအများဆုံး ရင်းနှီြး မှုပ်နှံကြသည်။
စိုက်ပျိုးရေးကဏ္ဍတွင် ရင်း နှီးမြှုပ်နှံရန် ပြည်ပရင်းနှီးမြှုပ်နှံသူ များအား ခွင့်ြ ပုထားသော်လည်း လက်ရှိအချိန်ထိ ရင်းနှီးမြှုပ်နှံ မှုမရှိဘဲ ယခုဘဏ္ဍာနှစ် တွင် စိုက်ပျိုးရေးကဏ္ဍကို အထူးဦးစားပေး မြှင့်တင်မည်ဟု ဆိုသည်။
Credit: 7DayDaily