ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီနှင့် အကျိုးတူ ရင်းနှီးမြှုပ်နှံ လုပ်ဆောင်သော စီမံကိန်းလုပ်ငန်းအချို့တွင် လုပ် ငန်းရှင်များအကျိုးအမြတ် ပိုမိုရရှိ အောင် ဖန်တီးထားခြင်းများရှိနေ ကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အစီရင်ခံစာ၌ ဖော် ပြထားသည်။
ရန်ကုန်မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)၊ ပန်းဥယျာဉ် ဌာနများက ပုဂ္ဂလိကသို့ ငှားရမ်း၊ ရောင်းချလုပ်ကိုင်ခွင့် ပေးထားသော လုပ် ငန်းများမှရရှိ သော ငွေများသည် အမှန်တကယ် ရသင့်သည့် နှုန်းထားထက် များစွာလျော့နည်းမှုများရှိနေသည်ဟု ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ် ချုပ် ဒေါ်ခင်သန်းလှက ပြောကြားသည်။
‘‘အကျိုးတူ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနမှ အကျိုးမြတ် အဖြစ်ရရှိမည့် တိုက်ခန်းများ၊ စီးပွားရေးအ ဆောက်အအုံအချို့အား ပြည်သူ လူထုကို ရောင်းချခြင်း မရှိဘဲ အကျိုးတူ လုပ်ကိုင်သည့် ကုမ္ပဏီများကို ဦး စားပေးရောင်းချရန် စာချုပ် တွင် ထည့်သွင်းချုပ်ဆိုထားခြင်း များရှိခဲ့ပါတယ်’’ ဟု ၎င်းက ပြော သည်။ ထိုသို့ ကုမ္ပဏီများအား ပြန်လည် ငှားရမ်းရာ တွင် မြေတစ်စတုရန်းပေလျှင် ကာလပေါက်ဈေး ကျပ်တစ်ထောင်နှုန်း ရှိ သည့် နေရာများ၌ ကုမ္ပဏီများသို့ ကျပ် ၁၀၀ ခန့်မှ ၄၀၀ ကျပ်နှုန်းဖြင့် ငှား ရမ်းခဲ့ကြောင်း ဒေါ်ခင်သန်းလှက ပြောကြားသည်။
စာချုပ်ချုပ်ဆို ငှားရမ်းရာ တွင် ဥပဒေချုပ်ရုံးသို့ စာချုပ်ပါ အချက်အလက် များနှင့် ပတ်သက် ၍ သဘောထားပေးပို့ခဲ့ခြင်း မရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
ငှားရမ်းခတိုးမြှင့်ခြင်းကို အ နည်းဆုံး ငါးနှစ်ကြာမှသာ တစ် ကြိမ်သာ တိုြး မှင့်ရန်နှင့် အများဆုံး ၁၀ ရာခိုင်နှုန်းအထိသာ တိုးမြှင့် နိုင်ကြောင်း ချုပ်ဆို ထားခြင်းတို့ ဖြင့် လုပ်ငန်းရှင်ကြီးများ အကျိုး အမြတ် ပိုမိုရရှိအောင် အေ လးပေး ချုပ်ဆိုထားသကဲ့သို့ ဖြစ်နေ ကြောင်း ၎င်းကထောက်ပြသည်။
ရန်ကုန် စည်ပင်သည် ထိုသို့အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ၂၀၁၄- ၁၅ ဘဏ္ဍာနှစ်အထိ ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ငန်း လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှ တင်ဒါခေါ် ယူဆောင် ရွက်ခြင်း ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါအစီရင်ခံစာနှင့်ပတ် သက်၍ လွှတ်တော် ကိုယ်စားလှယ်များကေ ဆွးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘စည်ပင်သာယာရေးကော် မတီက အရင်အစိုးရလက်ထက် က လုပ်ဆောင် ခဲ့တဲ့ ငွေကြေးဆုံး ရှုံးမှုတွေအတွက် ပြန်လည်ပြင် ဆင်နိုင်ဖို့ကို ကျွန်တော်တို့ စတာ ဝန်ယူကတည်းက ကြိုးစားနေ တယ်။ ဒါနဲ့ပတ်သက်လို့ သင်္ကြန် အပြီး လွှတ်တော်မှာ ဆွေးနွေးကြ မှာပါ။ လက်ရှိ တွက်ချက်မူအရ ငွေကြေး နစ်နာ မှု တန်ဖိုးက အရမ်း များတယ်’’ဟု ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော် ကိုယ် စားလှယ်၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွား ရေးကော်မတီအဖွဲ့ဝင် ဦးရန်ရှင်း က ပြောသည်။
Credit: 7DayDaily