ယခုဧပြီလ ဆန်းပိုင်း ပြည်တွင်းရွှေဈေးနှုန်း အ ကယ်ဒမီရွှေတစ်ကျပ်
သားလျှင် ကျပ် ၉၀၁၅၀ဝ ဝန်းကျင်သို့ရောက်ရှိနေ ကြောင်း
ပြည်တွင်းရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သိရသည်။
ယခင်မတ်လနောက်ဆုံးပတ် အတွင်း အကယ်ဒမီရွှေတစ်ကျပ်သားလျှင်
ကျပ် ၈၉၈၀ဝ၀ ဝန်းကျင် မှ ဧပြီ ၅ ရက်တွင် ကျပ် ၉၀၁၅၀ဝ သို ပြန်လည်မြင့်
တက်ခဲ့ခြင်းဖြစ် သည်။
တိတ်စိန်ရွှေဆိုင်မှ ဦးဇော်ဇော် အောင်က""လက်ရှိ ပြည်တွင်းရွှေဈေး က အရင်ရက်တုန်းကတော့ ၈၉၆၅၀ဝ လောက်ကနေ အခုအပတ်ပြန်တက် လာတာ။ ဒီနေ့ဆိုရင်ကိုးသိန်းပြန် ကျော်သွားတယ်""ဟု ဒီမိုကရေစီတူဒေးသို့ ဧပြီ ၅ ရက်ပြောသည်။
လက်ရှိကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ
၁၂၅၆ ဒေါ်လာဝန်းကျင်သို့ ရောက်ရှိနေပြီး ပြည်တွင်းရွှေဈေးနှုန်း
သည် ကမ္ဘာ့ရွှေဈေးနှုန်းနှင့် နှိုင်းယှဉ် ပါကကျပ် ၅၀ဝ၀ နီးပါးလျော့နည်း
နေသေးကြောင်း သိရသည်။
မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဦးကျော်ဝင်း (ဦးထုံရွှေပန်းထိမ်ဆိုင်)က ""ရွှေဈေး ကတော့ အပြောင်းအလဲထောင် ဂဏန်းလောက်တော့ရှိတယ်။ ကမ္ဘာ့ ဈေးကလည်းမာနေပြီး ဒီအပတ်ထဲ မှာ အရောင်းအဝယ်ကလည်း တော် တော်လေးဖြစ်လို့ အခုလိုဈေးမာတာ ပါ။ ကမ္ဘာ့ဈေးနဲ့ယှဉ်ရင်တော့ ပြည် တွင်းဈေးကနိမ့်နေပါသေးတယ်""
ဟု ဆိုသည်။
ပြည်တွင်းရွှေဈေးနှုန်းသည် ကမ္ဘာ့ရွှေဈေးနှုန်းနှင့် အမေရိကန် ဒေါ်လာငွေ
လဲနှုန်းအပေါ်တွင် မူ တည်လျက်ရှိရာ အမေရိကန်ဒေါ်လာငွေလဲနှုန်း
တည်ငြိမ်နေပြီး ကမ္ဘာ့ရွှေ ဈေးနှုန်းသည် ယခုအပတ်အတွင်းအ နည်းသာအပြောင်းအလဲရှိသော် လည်း ဝယ်လိုအားကြောင့် ယင်းကဲ့ သို့ ဈေးနှုန်းအနည်းငယ်မြင့်တက် လာခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်း ရှင်အသိုင်းအဝိုင်းကဆိုသည်။
Credit: Democracytoday