စီးပွားရေးဖွံ့ဖြိုးမှုအားကောင်းသော အိန္ဒိယနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သို့ ယခု ၂၀၁၇ခုနှစ်တွင် ငွေကြေး အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလျံဝန်းကျင် ၀င်ရောက်လာမည်ဟု Cushman & Wakefield ကမ္ဘာ့အိမ်ခြံမြေ၀န်ဆောင်မှုကုမ္ပဏီက ခန့်မှန်းထားသည်။
ယမန်နှစ်တစ်နှစ်တည်းတွင်ပင် အိန္ဒိယအိမ်ခြံမြေ၌ ရင်းနှီးမြှုပ်နှံမှုများ
သည် ပြီးခဲ့သည့် ၉ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း
ဂျိန်းက ပြောကြားခဲ့သည်။ အိန္ဒိယအိမ်ခြံမြေတွင် ကမ္ဘာ့ရင်းနှီးမြှုပ်နှံ
ကြမှုများသည် ၂၀၁၆ ခုနှစ်က အမေရိကန်ဒေါ်လာ ၃၂ ဘီလျံရှိခဲ့ပြီး
၂၀၀၈ ခုနှစ်ကတည်းက ၉ နှစ်
တာအတွင်း စံချိန်တင်ခဲ့သည်။
ကမ္ဘာ့ရင်းနှီးမြှုပ်နှံဖွယ်ရာနေရာတစ်ခုအဖြစ် အိန္ဒိယ၏
ဆွဲဆောင်မှုသည် ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုး
တက်မှုကို ဆွဲဆောင်ကာကွယ်ရန် နိုင်ငံ၏ နိုင်ငံရေးဆန္ဒကြောင့် အားကောင်းလာပြီဖြစ်ကြောင်း Cushman & Wakefield ၏ အိန္ဒိယနိုင်ငံဆိုင်ရာ မန်းနေးဂျင်းဒရိုက်တာ အန်ရှဲလ်ဂျိန်းက
ပြောကြားခဲ့သည်။ ထိပ်တန်းရင်းနှီးမြှုပ်နှံမှုနေရာတွင် အိန္ဒိယ၏
ပါဝင်မှုသည် ထိုယုံကြည်ချက်၏ သက်သေအထောက်အထားတစ်ခု ဖြစ်ကြောင်းလည်း သူက ပြောကြားခဲ့သည်။
"ဥရောပသမဂ္ဂ (အီးယူ) ကနေ ဗြိတိန်နုတ်ထွက်မှုနဲ့
အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ရဲ့ မူဝါဒ
တွေကြောင့် အိန္ဒိယဟာ ဆွဲဆောင်မှုရှိသော နေရာတစ်နေရာအဖြစ် သတင်းမွှေးလာတာပါ" ဟု JLL ကမ္ဘာ့အိမ်ခြံမြေ၀န်ဆောင်မှုကုမ္ပဏီ၏ အိန္ဒိယနိုင်ငံဆိုင်ရာအကြီးအကဲ၊ စီအီးအိုဖြစ်သည့် ရာမက်ရှ်
နယ်ရာကလည်း ပြောကြားခဲ့သည်။
အိန္ဒိယသည် Cushman & Wakefield ကထုတ်ပြန်ထားသည့် ငွေကြေးမဟာတံတိုင်းများအစီအရင်
ခံစာတွင် ကမ္ဘာ့ထိပ်တန်းရင်းနှီးမြှုပ်နှံမှုနေရာများစာရင်း၌
နံပါတ် ၁၅ နေရာတွင် ဖော်ပြခံခဲ့ရသည်။
ယခုနှစ်တွင်လည်း အိန္ဒိယအိမ်ခြံမြေသည် ထပ်မံ၍
ပိုမိုရင်းနှီးမြှုပ်နှံခံရမည်ဟု ခန့်မှန်းခံထားရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com