မြေယာအရှုပ်အရှင်းပြဿနာတွေရှိနေတဲ့ နေပြည်တော်မှာ စည်ပင်သာယာေ ရး ကော်မတီက မြေယာလျော်ကြေးတွေ ပေးဆောင်ခဲ့ပေမဲ့ ရှုပ်ထွေးမှုတွေ ဆက်ဖြစ်နေဆဲပါ ။
မတ်လ ၂၉ ရက်နဲ့ ၃၀ ရက်နေ့မှာ နှစ်ရက်ခွဲပြီး မြေယာလျော်ကြေး ကျပ် သိန်းပေါင်း ၉၄၀၀ ကျော်ပေးပါတယ် ။ ဒက္ခိဏသီရိနှစ်မြို့နယ်က တောင်သူ ၃၁၈ ဦးကို သစ်တောကျူးမြေ ၈၉၉.၀၆၅ ဧကနဲ့ စိုက်ပျိုးသီးနှံတွေ အတွက်ေ ပးခဲ့တာဖြစ်ပါတယ် ။
မြေယာလျော်ကြေးကို တစ်ဧက ကျပ် ၁၀ သိန်းနှုန်းနဲ့ ပေးချေခဲ့ရာမှ တောင် သူ အချင်းချင်း မကျေနပ်ကြောင်း ကန့်ကွက်မှုတွေနဲ့ အငြင်းပွားမှုတွေ ဖြစ် ပွားနေပါတယ် ။
နေပြည်တော် စည်ပင်သာယာရေးကော်မတီက အဖွဲ့ဝင် ဦးမင်းသူက ‘ဘယ် လို အငြင်းပွား ကြလဲဆိုတော့ ပိုင်ရှင်ဆီက တစ်ဆင့်ဝယ်တယ် ၊ ငှားတယ် ၊ နောက်ဆုံး စိုက်ပျိုးတဲ့သူကပဲ ပိုင်ရှင်လို ဖြစ်သွားတာဖြစ်တာပေါ့ ၊ အဲဒီေ တာ့ အဲဒီလူ ရပိုင်ခွင့်အတွက် မှုလတောင်သူက လာကန့်ကွက်တာတွေလဲ ရှိနေပါတယ်’ လို့ ပြောပါတယ် ။
မြေယာအရှုပ်တော်ပုံ
မြေယာလျော်ကြေး ပြန်လည်ပေးဆောင်မယ်လို့ ကြိုပြီးသိတဲ့ တောင်သူ ၊ ပွဲစားနဲ့ လုပ်ငန်းရှင်တချို့က လျော်ကြေးပေးမယ့် မြေကွက်တွေကို အမြန်ရ ရှိဖို့ လျှော့ဈေးနဲ့ ကြိုတင်ဝယ်ယူမှုတွေ ရှိတယ်လို့ သရပါတယ် ။
‘တချို့တောင်သူတွေကျတော့လဲ လျော်ကြေးထုတ်ရမှန်းတောင် မသိတဲ့ေ တာင်သူတွေလဲ ရှိနေတာကြောင့် တောင်သူတွေအပေါ်က အမြတ်ထုတ်တဲ့ သဘောမျိုးနဲ့ ယူနေကြတာကိုလဲ တွေ့ရပါတယ်’ လို့ ဦးမင်းသူက ဆိုပါတယ် ။
အခုအစိုးရလက်ထက်မှာ သိန်းဆည်းခံ လယ်ယာမြေတွေကို ပြန်လည် စိစစ်ဖို့အတွက် ‘သိမ်းဆည်းခံ လယ်ယာမြေ ပြန်လည် စိစစ်ရေး ကော်မတီ’ ကို ဗဟိုမှ ရပ်ကျေးအဆင့်အထိ ဖွဲ့စည်းထားတာ ဖြစ်ပါတယ် ။
အဲသည်ကော်မတီဖွဲ့စည်းရာမှာ တောင်သူလယ်သမား ကိုယ်စားလှယ်တွေ ၊ ရပ်မိရပ်ဖတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် ဖွဲ့စည်းထား တာ ဖြစ်ပါတယ်။
ဒက္ခိဏသီရိမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက ‘လယ် ယာမြေ စီမံခန့်ခွဲမှု ဥပဒေက လုပ်ထုံးလုပ်နည်းက လျော်ကြေး တွက်ချက် တာကို သူတို့ပဲ လုပ်ရမယ်လို့ ပြဌာန်းထားလို့ပဲလား ၊ လယ်ယာမြေ စိစစ်ေ ရးကော်မတီရဲ့ လုပ်ပိုင်ခွင့်တာဝန်နဲ့ ဝတ္တရားတွေမှာပဲ ဒီအပိုင်း ကိစ္စမပါလို့ ပဲလား ၊ ဒါကိုရှင်းရှင်းမသိဘူးပေါ့နော် ၊ ဖြစ်စေချင်တာက သိမ်းဆည်းခံ လယ်ယာမြေ စိစစ်ရေးကော်မတီဖြစ်တဲ့ အတွက် နောက်ဖွဲ့စည်းတဲ့ ကော် မတီက ဒါတွေအပေါ်မှာ သက်ဆိုင်တယ်လို့ ကျွန်တော်ကတော့ ယူဆပါ တယ်’လို့ ပြောပါတယ် ။
အခုလျော်ကြေးပေးချေမှုပုံစံမှာ အသစ်ဖွဲ့စည်းထားတဲ့ အဖွဲ့တွေကို ခေါ်ယူ ညှိနှိုင်းခြင်းမရှိခဲ့ဘဲ အရင်က အဖွဲ့အစည်းဖြစ်တဲ့ လယ်ယာမြေ စီမံခန့်ခွဲ မှု ကော်မတီကပဲ လျော်ကြေးတွေကို ပေးဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါ တယ် ။
အခုပေးခဲ့တဲ့ မြေယာလျော်ကြေးမှာ နေပြည်တော် မတည်ဆောက်ခင် ၂၀၀၅ ခုနှစ်ခန့်ကတည်းက လုပ်စားနေတဲ့ တောင်သူတွေ ပါဝင်သ လို မြေယာသိမ်းဆည်းမှု ပြုလုပ်ပြီးမှ ရွှေ့ပြောင်းဝင်ရောက်နေထိုင်တဲ့ တောင်သူတွေ ပါဝင်တယ်လို့လည်း သိရပါတယ် ။
ဒက္ခိဏသီရိမြို့နယ်အတွင်းမှာ သံတမန်ဇုန်ရဲ့ သိမ်းဆည်းမြေ ၁၅၅၀ ဧက ရှိပြီး မြေယာလျော်ကြေးအနေနဲ့ စည်ပင်က ပြန်လည်လျော်ထားတဲ့ ဧကမှာ ၁၄၇၅ ဧကက လျော်ကြေးပေးပြီးသား ဖြစ်တာကြောင့် ထပ်မံပေးချေဖို့ ၇၅ ဧကပဲ ကျန်ရှိနေပေမဲ့ လျော်ကြေးမရသေးဘူးဆိုပြီး တင်ထားတဲ့ တောင်သူ မှာ ဧက ၁၀၀၀ ကျော်နေတယ်လို့ သိရပါတယ် ။
မြေယာအစားပြန်တောင်း
ဇမ္ဗူသီရိမြို့နယ်အတွင်းမှာ နေပြည်တော် တည်ဆောက်စဉ်က လယ်ယာမြေ သိမ်းဆည်းခံခဲ့ရတဲ့ တောင်သူတွေကို အများစုမှာ တစ်ဧက ကျပ်သုံးသိန်း ခွဲနှုန်းနဲ့ လျော်ကြေးပေးအပ်ခဲ့ပေမဲလည်း တောင်သူအချို့က အဲသည်လျော်ေ ကြးကို လတ်မခံခဲ့ဘဲ မြေယာအစား ပြန်လည်ေ ပးအပ်ဖို့သာ တောင်း ဆိုမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ် ။
‘အန်တီတို့က ပိုက်ဆံမယူဘူး ၊ မြေအစားပဲ ပြန်ရဖို့ တောင်းဆိုခဲ့တယ် ၊ သူ တို့ကပြောတယ် ၊ ဒီပိုက်ဆံကို ယူလိုက်ပါ ၊ သုံးဧက တစ်ဝိုင်း ၊ ငါးဧက နှစ် ဝိုင်းပြန်ပေးတာမျိုးတွေ လုပ်မှာလို့ ပြောလို့ လျော်ကြေးအတွက် ပိုက်ဆံ ယူခဲ့ တယ် ၊ ခုချိန်အထိလဲ အဲဒီအကွက်တွေ မရသေးပါဘူး’ လို့ ဇမ္ဗူသီရိမြို့နယ် အတွင်းက လယ်ယာမြေ သိမ်းဆည်းခံ တောင်သူ ဒေါ်နှင်းနှင်းက ပြောပါ တယ် ။
အဲသည်လို မြေကွက်တွေ မချပေးတာကြောင့် သူတို့ ပိုင်ဆိုင်ခဲ့တဲ့ မြေကွက် အလွတ်တွေမှာ ခြံစည်းရိုးခတ်ခြင်းတွေ ပြုလုပ်တာကြောင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီက တရားစွဲဆိုမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါ တယ် ။
‘နေပြည်တော်တည်ဆောက်စဉ်က သိမ်းဆည်းခံရတဲ့ မြေစာရင်းများကို လက်ရှိ အစိုးရသစ်လက်ထက်မှ သက်ဆိုင်ရာ ဌာနများနဲ့ ပူးပေါင်းစိစစ်ကာ သိမ်းဆည်းခံရပြီး လျော်ကြေးမရရှိသူများအား စိစစ်ကာ လျော်ကြေးပေးခြင်း ၊ ကျေးရွာအလိုက်ရွှေ့ပြောင်းပြီး နေအိမ်မရရှိသူများအား စိစစ်ကာ လျော်ေ ကြးပေးခြင်း ၊ ကျေးရွာအလိုက် ရွှေ့ပြောင်းပြီး နေအိမ်မရရှိသူများအား စိ စစ်ကာ ဥပဒေနဲ့အညီ လုပ်ဆောင်ပေးနေခြင်း ၊ အရစ်အစိုးရလက်ထက်က တရားစွဲဆိုခဲ့တဲ့ ကျူးကျော်တောင်သူ ၆၉ ဦးကို အမှုမှ ရုပ်သိမ်းပေးခြင်း အစ ရှိတာတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်’လို့ ဦးမင်းသူက ပြောပါတယ် ။
နေပြည်တော်မှာ လယ်ယာမြေ သိမ်းဆည်းခံရမှု ဧကပေါင်း ၂၃,၀၀၀ ကျော် ၊ သစ်တောမြေဧက ၃၀,၀၀၀ နဲ့ မြေလွတ် မြေရိုင်းဧက ၈၀ ရှိတယ် လို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီစာရင်းတွေက သိရပါတယ် ။
နေပြည်တော် စည်ပင်သာယာရေးအနေနဲ့ သိမ်းဆည်းတဲ့ လယ်ယာမြေေ တွကို လျော်ကြေးအနေနဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ ပေးချေပြီးသား ဖြစ်တယ် ။လျော်ကြေးငွေမရရှိတဲ့ တောင်သူတွေက ဆက်လက်တောင်းဆိုမယ်လို့ သိ ရပါတယ် ။
Credit: The Kumudra