အခြေခံလူတန်းစားတွေ အတိုးနှုန်းသက်သာစွာနဲ့ အိမ်ရာတွေ အရစ်ကျ ဝယ်ယူနိုင်ဖို့အတွက် ဂျပန်နိုင်ငံက ကူညီမယ့် ယန်း ၁၅ သန်း (မြန်မာငွေ ကျပ် ၁၅၀ ဘီလျံ)ကို ၂၀၁၈ ခုနှစ်မှသာ ရနိုင်ဖွယ် ရှိတယ်လို့ မြန်မာနိုင် ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်းများအသင်းက သိရပါတယ် ။
‘ချေးငွေရရှိဖို့အတွက်တော့ ပြည်ထောင်စုအစိုးရအဖွဲ့အဆင့်က စီစဉ်နေတြာ ဖစ်ပြီး လာမယ့် ၂၀၁၈ မှာ ရရှိမယ်လို့ မျှော်မှန်းထားတယ်’လို့ အိမ်ခြံမြေအ သင်းက ဦးခင်မောင်အေးက ပြောပါတယ် ။
လက်ရှိရောင်းချနေတဲ့ အိမ်ရာစီမံကိန်းတွေမှာ အိမ်ရာဝယ်ယူတဲ့အခါ အ တိုးနှုန်းက ၁၃ ရာခိုင်နှုန်းရှိနေတာကြောင့် အတိုးနှုန်းများနေတဲ့ အတွက် နိုင် ငံတကာက ချေးငွေရရှိပါက အများပြည်သူတွေ ဝယ်ယူနိုင်အောင် အတိုးနှု န်းလျှော့်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ် ။
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဟာ အိမ်ရာစီမံကိန်းတွေအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့က မြို့သစ်စီမံကိန်းမှာ ပါဝင်လုပ်ဆောင်ဖို့ ကမ်း လှမ်းခြင်းခံထားရသလို တစ်နိုင်ငံလုံးမှာ အိမ်ရာစီမံကိန်းတွေ ဖော်ဆောင် ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ပေးခြင်း ခံထားရတဲ့ အဖွဲ့အစည်းဖြစ် တယ် ။ အရင်ဆုံးကတော့ ရန်ကုန်မြို့သစ်စီမံကိန်းမှာ အိမ်ရာတွေ ဖော်ေ ဆာင်ဖို့ ဆောင်ရွက်မှာ ဖြစ်ပါတယ် ။
မြန်မာနိုင်ငံမှာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေကို တည်ဆောက်ရာမှာ သိန်း ၁၀၀ အောက်ဖြစ်ဖို့ အစိုးရအပိုင်းမှာ အခက်အခဲရှိကြောင်း ဆောက် လုပ်ရေးလုပ်ငန်းရှင်တွေက ပြောပါတယ် ။ ဒါကြောင့် အတိုးနှုန်း သက်သာ စွာနဲ့ နှစ်ရှည်အရစ်ကျစနစ်နဲ့ ရောင်းချနိုင်ဖို့ ဆောက်လုပ်မှု ကုန်ကျစရိတ် မှာ ခေတ်ကာလ အခြေအနေအရ မဖြစ်နိုင်သေးဘူးလို့လည်း သိရပါတယ် ။
Credit: The Kumudra