၂၀၁၉ ခုနှစ်အတွင်း သြစတေးလျသည် ကမ္ဘာကျော်တွင် အိမ်ခြံမြေဈေးနှုန်း အကျဆင်းဆုံးနိုင်ငံဖြစ်လာမည်ဟုဆို

၂၀၁၉ ခုနှစ်အတွင်း သြစတေးလျသည် ကမ္ဘာကျော်တွင် အိမ်ခြံမြေဈေးနှုန်း အကျဆင်းဆုံးနိုင်ငံဖြစ်လာမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
18 Jan 2019 11:07 am တွင် တင်ခဲ့သည်
775 ကြိမ် ကြည့်ရှု့ပြီး

သြစတေးလျနိုင်ငံ၏ အိမ်ခြံမြေဈေးနှုန်းများသည် ၂၀၁၉ ခုနှစ်အတွင်း ၁၀ ရာခိုင်နှုန်းကျော် ကျဆင်းဖွယ်ရာရှိနေရာ တစ်ကမ္ဘာလုံးရှိ ဈေးကွက်များတွင် အကြီးမားဆုံးကျဆင်းမှုဖြစ်ကြောင်း Citi Research က ထုတ်ပြန်သည်။

“စောင့်ကြည့်လေ့လာခဲ့သော ဈေးကွက်ပေါင်း ၆၀ ခန့်အနက် ဈေးကွက် ၁၁ ခုမှာ လာမည့် ၁၂ လအတွင်း အိမ်ခြံမြေဈေးနှုန်းများ သိသိသာသာကျဆင်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး ယင်းတို့အနက် သြစတေးလျမှာ ၁၀ ရာခိုင်နှုန်းကျော်အထိ ကျဆင်းဖွယ်ရာရှိနေသည်”ဟု Citi Research ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့ အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းမှုဖြစ်ပေါ်စေခြင်း၏ အကြောင်းအချက်များမှာ ငွေချေးမှုစံနှုန်းများ ပိုမိုတင်းကြပ်လာခြင်း၊ နိုင်ငံခြား ဝယ်လက်တို့၏ လှုပ်ရှားမှု ကျဆင်းလာခြင်းနှင့် ရောင်းလိုအားမြင့်တက်လာခြင်းတို့ကြောင်းဖြစ်ကြောင်းလည်း Citi Research က သုံးသပ်ထားသည်။

Citi Research ၏ ဖော်ပြချက်အရ အိမ်ခြံမြေဈေးနှုန်းများစွာကျဆင်းမည့် နိုင်ငံများမှာ သြစတေးလျအပြင် ဆွီဒင်နှင့် တောင်ကိုရီးယား တို့လည်း ထိပ်ဆုံးမှ ပါဝင်နေသည်။

“တရုတ်အစိုးရက အရင်းအနှီးသွင်းအားစု စီးထွက်မှုများကို တင်းကြပ်မှုများပြုလုပ်လာခြင်းနှင့် လူနေအိမ်ခြံမြေဈေးကွက်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် အခွန်ပြောင်းလဲခြင်းများရှိလာမှုတို့ကြောင့် ပြည်ပဝယ်လိုအားမှာ ကျဆင်းလာခဲ့သည်” ဟု Citi Research က ထုတ်ပြန်သည်။

“ထို့အပြင် အိမ်ခြံမြေဝယ်လိုအားကောင်းနေခြင်းအပေါ် ရောင်းလိုအားဖြည့်တင်းပေးနိုင်မှုမှာလည်း နောက်ကျစွာပေါ်ပေါက်ခြင်းမျိုးကို သြစတေးလျတွင် အထင်ရှားဆုံးတွေ့ရသည်”ဟုလည်း Citi Research က ထောက်ပြသည်။

တရုတ်စီးပွားရေးမှာ ထင်ထင်ရှားရှား အရှိန်အဟုန်ကျဆင်းလာခြင်းမှာလည်း သြစတေးလျအပါအဝင် ကုန်စည်တင်ပို့သည့် နိုင်ငံများအတွက် အထိနာစေလျက်ရှိရာ အိမ်ခြံမြေဈေးနှုန်းများအပေါ်လည်း ဂယက်ရိုက်လာဖွယ်ရှိနေသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

imyanmarmarket
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service