မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံတကာက စိတ်ဝင်စားမှု ရှိနေပြီး လေးလအတွင်း နိုင်ငံခြားကုမ္ပဏီ နှစ်ခုက အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၀၀ ကျော် ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ DICA က ဖော်ပြထားပါတယ် ။
အိမ်ခြံမြေကဏ္ဍမှာ နိုင်ငံခြားကုမ္ပဏီ ၃၉ ခုက အမေရိကန်ဒေါ်လာ သန်းေ ပါင်း ၃.၇ ဘီလျံကျော် ရင်းနှီးမြှုပ်နှံထားတာကို တွေ့ရပါတယ် ။နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ တစ် ဘီလျံနီးပါး ရှိပါတယ် ။
အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အားကောင်းနေ တာ တွေ့ရသလို ဈေးကွက်အတွင်းမှာလည်း ပြိုင်ဆိုင်မှုပြင်းထန်လာရင်နိုင်ငံသားတွေအတွက် ဝန်ဆောင်မှုကောင်းလာပြီး အိမ်ခြံမြေပိုင်ဆိုင်မယ့် အခွင့် အရေးလည်း ပိုရလာနိုင်တယ်လို့ အိမ်ခြံမြေလေ့လာသူတွေက သုံးသပ်ကြ ပါတယ် ။
ငွေအလုံးအရင်းနဲ့ ဝင်လာတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ငွေကြေး အင်အား ရင်းနှီးမြှုပ်နှံမှု အားနည်းတဲ့ နိုင်ငံခြားသားအိမ်ခြံမြေ ကုမ္ပဏီတွေကြား ဈေး ကွက် အတွင်းမှာ မျှတတဲ့ ယှဉ်ပြိုင်မှုရဖို့ နိုင်ငံသား အိမ်ခြံမြေရင်းနှီးမြှုပ်နှံ သူတွေက မျှော်လင့်ထားကြပါတယ် ။ တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၁၈ ဘီလျံကျော် ရင်းနှီးမြှုပ်နှံထားပြီး စင်ကာပူနိုင်ငံက ၁၆ ဘီလျံကျော်နဲ့ ထိုင်း က ၁၁ ဘီလျံနီးပါး မြန်မာနိုင်ငံရဲ့ စီးပွားရေး ကဏ္ဍစုံမှာ ရင်းနှီးမြှုပ်နှံထား တယ်လို့လည်း သိရပါတယ် ။
Credit: The Kumudra