General Motors ကုမ္ပဏီဥက္ကဌ၏ မန်ဟက်တန်နေအိမ် အရောင်းဈေးကွက်ဝင်လာ

General Motors ကုမ္ပဏီဥက္ကဌ၏ မန်ဟက်တန်နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
6 Jun 2017 11:07 am တွင် တင်ခဲ့သည်
799 ကြိမ် ကြည့်ရှု့ပြီး
General Motors ကုမ္ပဏီဥက္ကဌ ဒန် အမ်မန်၏ နယူးယောက်မြို့၊ မန်ဟက်တန်အရပ်ရှိနေအိမ် အရောင်းဈေးကွက်ဝင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၃ ခန်းပါဝင်ပြီး ဗိသုကာပညာရှင် အင်ဒရူးဘားမန်းက ဒီဇိုင်းရေးဆွဲပေးထားခြင်း ဖြစ်သည်။
ဒန် အမ်မန်နှင့် ဇနီးဖြစ်သူတို့သည် ၃ နှစ်ခန့် နေအိမ်ရှာခဲ့ပြီး
ဒုတိယထပ်ရှိ ယခုအခန်းကို တွေ့လျှင်တွေ့ချင်း နှစ်သက်သွားခဲ့သည်ဟု ဆိုသည်။

“မျက်နှာကြက်အမြင့်ကြီးတွေကို တွေ့လိုက်ရုံတင်ပဲ အသက်ရှူမှားသွားနိုင်ပါတယ်။ ပြီးတော့ ပြတင်းပေါက်တွေက နေရာတိုင်းမှာ ရှိတယ်” ဟု အရောင်းဈေးကွက်တင်သည့် အိမ်ခြံမြေအကျိုးဆောင် ဂျူလီယာ ဟိုအာဂလန်းက ပြောကြားသည်။

ယခုအခန်းတည်ရှိရာ တည်နေရာကို မန်ဟက်တန်ဝန်းကျင်တွင် Zen SoHo ဟု ခေါ်ကြပြီး အခြားနေရာများထက် ယာဉ်ကြောပိတ်ဆို့မှုနည်းပါးကာ ဆိတ်ငြိမ်မှုရှိသောကြောင့် ဖြစ်သည်ဟု မစ္စ ဟိုအာဂလန်းက ဆိုသည်။
မစ္စတာ အမ်မန်သည် ဤအခန်းကို ကန်ဒေါ်လာ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း မှတ်တမ်းမှတ်ရာများတွင် ဖော်ပြသည်။

ဝယ်ယူပြီးနောက်ပိုင်း မွမ်းမံပြင်ဆင်မှု အများအပြားပြုလုပ်ခဲ့သည်။
ယခုအခါ မစ္စတာအမ်မန်သည် ဒက်ထရွိုက်သို့ မိသားစုပြောင်းရွှေ့နေထိုင်ကြပြီဖြစ်ခြင်းကြောင့် ယခုနေအိမ်ကို အရောင်းဈေးကွက် တင်သွင်းခဲ့ခြင်းလည်း ဖြစ်သည်။

မျက်နှာကျက်မှာ ၁၄ ပေခန့်မြင့်မားကာ ပြတင်းပေါက်များလည်း အလွန်များပြားခြင်းကြောင့် အလင်းအားအလွန်ကောင်းမွန်သည့် အခန်းတစ်ခန်းဖြစ်သည်။

အခန်းတွင်းတွင် လျှို့ဝှက်တံခါးတစ်ခုပါဝင်ပြီး နောက်ဘက်ရှိ ရေချိုးခန်းတစ်ခုဆီသို့ ဦးတည်သွားသည်။
ဝယ်ယူမည့်မိသားစုတွင် ကလေးငယ်များပါဝင်ပါက အလွန်သဘောကျကြမည်ဖြစ်ကြောင်းလည်း မစ္စဟိုအာဂလန်က ပြောကြားသည်။

တွမ်ဟင့်ခ်ပါဝင်သရုပ်ဆောင်ထားသော “Big” ရုပ်ရှင်ဇာတ်ကားကြီးကို ဤအဆောက်အဦကြီးတွင် ၁၉၈၈ ခုနှစ်၌ ရိုက်ကူးခဲ့ဖူးသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
General Motors ကုမ္ပဏီဥက္ကဌ၏ မန်ဟက်တန်နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
General Motors ကုမ္ပဏီဥက္ကဌ၏ မန်ဟက်တန်နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
General Motors ကုမ္ပဏီဥက္ကဌ၏ မန်ဟက်တန်နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
General Motors ကုမ္ပဏီဥက္ကဌ၏ မန်ဟက်တန်နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
General Motors ကုမ္ပဏီဥက္ကဌ၏ မန်ဟက်တန်နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
General Motors ကုမ္ပဏီဥက္ကဌ၏ မန်ဟက်တန်နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ...

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦးအကြောင်း...

နှစ်ပေါင်း ၅၀၀ အတွင်း မိုးတစ်စက်မျှ မရွာသွန်းခဲ့သော ကမ္ဘာ့အခြောက်သွေ့ဆုံး သဲကန္တာရ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တိုင်း တွေ့ရသည့် ဆန်းကြယ်သောပု စ္ဆာ...

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စားနေ...

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

Ponnami Estate
Yadanar Bon

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service