မန္တလေးတိုင်းမှာ မြေယာပြဿနာပေါင်း ၅၀၀ ကျော်ရှိတဲ့အနက် အစိုးရသစ် အုပ်ချုပ်တဲ့ တစ်နှစ်တာကာလအတွင်း ၁၆.၆ ရာခိုင်နှုန်း ဖြေရှင်း ပြီးဖြစ်တယ် လို့ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်မောင်ကပြောပါတယ်။
သူက 'လောလောလတ်လတ် ကတော့ မြေယာနဲ့ ပတ်သတ်လို့ ခံစားနေရ တဲ့ တောင်သူတွေအတွက် မဖြေရှင်းနိုင်သေးတာ မကျေနပ်ဘူး။ တောင်သူ လယ်သမားတွေ နေရာတကာမှာ ဆန္ဒပြတာတို့၊ ထွန်တုံးတိုက်ပွဲတွေတို့ ဒီ ဟာတွေကို ကျွန်တော်မဖြစ်စေချင်ဘူး' လို့ ပြောပါတယ်။
ဦးစားပေးသတ်မှတ်
မြန်မာနိုင်ငံမှာ မြေယာကိစ္စတွေကို နေရာအနှံ့အပြားကြုံတွေ့ခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ အစိုးရ(ဟောင်း) လက်ထက်မှာ ရှင်းလင်းခဲ့ပေမဲ့ မပြီးပြတ်တာ၊ အြ ငင်းပွားနေတာတွေကို ယခုအစိုးရသစ်လက်ထက်မှာ ဦးစားပေး အထူး တာ ၀န်တစ်ရပ်အနေနဲ့ သတ်မှတ်ပြီး ဖြေရှင်းဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
လယ်ယာမြေဟာ တောင်သူတွေအတွက် အသက်တမျှအရေးကြီးတာဖြစ်ပြီး နစ်နာခဲ့တဲ့ တောင်သူတွေအတွက် ပြန်လည်ပေးအပ်ဖို့ ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့ နယ်၊ ရပ်ကျေး၊ အဆင့်ဆင့်ဖွဲ့စည်းကာ စိစစ်တာကြောင့် အချိန်ကြန့်ကြာနေ ရတာဖြစ်တယ်လို့ ဆိုပါတယ်။
'ကျွန်တော် ဥပဒေကြောင်းအရ ဖြေရှင်းပေးပြီးပြီ။ သူတို့ (တောင်သူ) အတွက် သမ္မတဦးဆောင်ပြီး လုပ်နေတယ်၊ အချိန်ယူရတာရှိတယ်။ အဆင့်ဆင့်ထပ် ဆင့်ပြီး စစ်ရတာတွေရှိတယ်။ ပြည့်စုံအောင် လုပ်ဖို့ရာ ဒီသက်တမ်း၊ မပြီးမှာ ကိုစိုးတယ်။ လုပ်ရတဲ့ အခက်အခဲတွေ ရှိတယ်' လို့ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။
အစိုးရသစ်လက်ထက် တစ်နှစ်တာကာလအတွင်း မြေယာပြဿနာဖြေရှင်းပြီးစီးမှု အများဆုံးက ကချင်ပြည်နယ်ဖြစ်ပြီး အမှုပေါင်း ၅၀ ရှိတဲ့အနက် ၂၁ ရာခိုင်နှုန်း ဖြေရှင်းပြီးဖြစ်တယ်လို့ သိရပါတယ်။
Credit: The Kumudra