ယခုနှစ်အတွက် ကမ္ဘာ့စီးပွားရေးတိုးတက်မှု ၂ ဒသမ ၇ ရာခိုင်နှုန်းထိ
တိုးတက်မယ်လို့ ကမ္ဘာ့ဘဏ်က ဇွန်လ ၄ ရက်မှာ ခန့်မှန်း
ထုတ်ပြန်လိုက်ပါတယ်။ အလားတူ ကမ္ဘာတစ်ဝှမ်း ကုန်ထုတ်လုပ်မှု၊
ကုန်သွယ်မှုတို့ကလည်း တိုးတက်မှုတွေအတွက် ထောက်ကူ
အားပေးနိုင်လိမ့်မယ်လို့လည်း ဆိုထားပါတယ်။
ကမ္ဘာ့ဘဏ်က ယခုအသစ်ထုတ်ပြန်လိုက်တဲ့ ကမ္ဘာလုံးဆိုင်ရာ
စီးပွားရေးအလားအလာ အစီရင်ခံစာမှာတော့ ယခုနှစ် ကမ္ဘာ့
စီးပွားရေးတိုးတက်မှုကို ၂ ဒသမ ၇ ရာခိုင်နှုန်းနဲ့ ယခင် ၂၀၁၆ က
၂ ဒသမ ၆ ရာခိုင်နှုန်းထက် တိုးမြင့်ခန့်မှန်းထားတာဖြစ်ပါတယ်။
အလားတူ ဖွံ့ဖြိုးပြီး စီးပွားရေးနိုင်ငံတွေ အထူးသဖြင့် ဂျပန်နဲ့
ဥရောပနိုင်ငံတွေဟာလည်း တိုးတက်နေတဲ့လက္ခဏာတွေ တွေ
့နေရကြောင်း နဲ့ တစ်ချိန်တည်းမှာပဲ အကြီးဆုံးသော
ဈေးကွက်နိုင်ငံကြီးတွေဖြစ်ကြတဲ့ တရုတ်၊ ဘရာဇီး၊ မက္ကဆီကို၊
အိန္ဒိယ၊ အင်ဒိုနီးရှား၊ တူရကီနဲပ ရုရှတို့ဟာလည်း ကမ္ဘာ့စီးပွားရေး
တိုးတက်မှုအတွက် ကူညီထောက်ကူပေးနေလျက်ရှိကြောင်း
ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။
" ခုနှစ်အလားအလာထုတ်ပြန်ချက်မှာ သိသာတဲ့အချက်တစ်ခုက
ကုန်သွယ်မှုပိုင်းတိုးတက်မှုမှာ ပြန်လည်ကောင်းမွန်လာတဲ့
အချက်ဖြစ်ပါတယ်၊ အရင်နှစ်တုန်းက တိုးတက်မှု ၂ ဒသမ ၅
ရာခိုင်နှုန်းကနေ ခုနှစ်မှာ ၄ ရာခိုင်နှုန်းထိ တိုးတက်လာပါတယ်"
လို့ ယင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ယခုလို ၂၀၁၇ ကုန်သွယ်မှုပိုင်း ပြန်လည်ကောင်းမွန်လာဖို့အတွက်
လည်း အဓိက ဖွံ့ဖြိုးပြီး စီးပွားရေးနိုင်ငံတွေရဲ့ ၀ယ်လိုအားကောင်း
မွန်လာမှု၊ တရုတ်နဲ့အကြား ကုန်သွယ်မှု တိုးမြင့်လာမှုတို့က
ထောက်ကူနေတယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ပါတယ်။
Credit: SFJ Strategy First