တိုင်းဒေသကြီးနဲ့ပြည်နယ်တွေ အကုန်လုံးမှာ တည်ဆောက်ပေးမယ့် ၀န် ထမ်းတွေအတွက် တန်ဖိုးနည်း အိမ်ရာကို အနည်းဆုံး ကျပ်သိန်း ၉၀ ကနေ စတင်ရောင်းချပေးဖို့ တင်ပြထားတယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ် ငန်းရှင်များအသင်း (MCEA) က တွဲဖက်အတွင်းရေးမှူး (၁) ဦးအေးလွင် က ပြောပါတယ်။
အငြိမ်းစားဝန်ထမ်းတွေနဲ့ အစိုးရ၀န်ထမ်းတွေကို တန်ဖိုးနည်းအိမ်ရာတွေ အရစ်ကျစနစ်နဲ့ ရောင်းချဖို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဦးဆောင် ပြီး စစ်တမ်းတွေ ကောက်ယူနေတာဖြစ်ပါတယ်။
အငြိမ်းစားဝန်ထမ်းတွေအတွက် တန်ဖိုးနည်းအိမ်ရာတွေကို တစ်ပေပတ် လည်ကို ကျပ် ၂၀၀၀၀ နှုန်းခန့်နဲ့ တည်ဆောက်ပေးဖို့ အဆိုပြုလွှာ တင်ထား တာဖြစ်ပါတယ်။ အခန်း အကျယ်တွေကိုတော့ သုံးမျိုးခန့် တည်ဆောက်ပေး မှာဖြစ်ပြီး အနည်းဆုံးစတုရန်းပေ ၄၅၀ ကနေအများဆုံး ၆၅၀ ခန့် တည်ေ ဆာက်မှာဖြစ်ပါတယ်။ သည်နှုန်းထားအတိုင်းတွက်ရင် အခန်းတန်ဖိုးတွေကေ တာ့ ကျပ်သိန်း ၉၀ ကနေ ကျပ်သိန်း ၁၃၀ ခန့်နဲ့ ရောင်းချပေးမှဖြစ်ပါ တယ်။
မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်အသင်း (MCEA) က တွဲဖက်အ တွင်းရေးမှူး (၁) ဦးအေးလွင်က 'အခန်းတန်ဖိုးကတော့ အကြမ်းမျဉ်းသုံးမျိုးေ လာက်တော့ အသင်းက တင်ထား တာပေါ့နော်။ PAE ၂၀၀၀၀ ခန့်မှန်း ကုန် ကျမှုလောက် ဆောက်ပေးနိုင်တယ်လို့ အဆိုပြုထား တာပေါ့။ သူတို့လိုအပ် ချက်အရ အခန်းကျဉ်းတာလဲဖြစ်နိုင်တယ်။ ကျယ်တာလဲဖြစ်နိုင်တယ်။ ဒီဇိုင်း ထဲက ရွေးမှာပါ။ စကွဲယားဖိ ၄၅၀ ကနေ ၆၅၀ အထိတင်ထားပါတယ်။ ပရို ပိုဆယ် တင်ထားတုန်းပဲ။ ဒီနှုန်းနဲ့ဆောက်ပေးပါလို့တော့ မပြောသေးဘူး' လို့ပြောပါတယ်။
ဝန်ထမ်းအိမ်ရာတွေကို အကောင်အထည်ဖော်ဖို့အတွက် အစိုးရဘက်ကြေ မနေရာရှာပေးပြီး မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း (MCEA) က တာဝန်ယူ တည်ဆောက်မှာဖြစ်ပါတယ်။ ဆောက်လုပ်ရေး အ တွက် ကုန်ကျစရိတ်ကိုတော့ ဘဏ်ချေးငွေရယူဖို့ ပြည်တွင်းဘဏ် လုပ်ငန်း ရှင်များနဲ့ ဆွေးနွေးနေတာဖြစ်ပါတယ်။
ဦးအေးလွင်က 'စီမံဘဏ္ဍာဝန်ကြီှးဌာနက စစ်တမ်းကောက်ယူပြီး စီမံကိန်း တည်ဆောက်တာကတော့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များက တည်ဆောက်၊ အသင်းအနေနဲ့ကတော့ မြေရဖို့တောင်းထားတာပေါ့။ ဘဏ်ေ ချးငွေနဲ့ဆောက် မှာပေါ့။ ဘဏ်တွေနဲ့ ကျွန်တော်တို့ အသင်းနဲ့တော့ ညှိနေပါ တယ်။ စစ်တမ်းကောက်နေတယ်' လို့ပြောပါတယ်။
အခန်းရေတွက်နဲ့ ဘယ်ပြည်နယ်နဲ့တိုင်းတွေမှာ ဘယ်လောက်ဆောက်မယ် ဆိုတာကိုတော့ ပြောလို့မရသေးပါဘူး။ တိုင်းနဲ့ပြည်နယ်တစ်ခုနဲ့ တစ်ခု မတူ ဘဲ တချို့နယ်တွေ ကျတော့ ၀န်ထမ်းအိမ်ရာသိပ်မလိုတာမျိုးတွေရှိနေတယ်လို့ သိရပါတယ်။
နှစ်စဉ်အငြိမ်းစားယူတဲ့ ၀န်ထမ်း ၁၅၀၀၀ ၀န်ကျင်ရှိပြီး သည်ဝန်ထမ်းတွေ နေ ထိုင်ဖို့နှစ်စဉ် အိမ်ခန်း၊ တိုက်ခန်း ၁၅၀၀၀ ခန့် ပုံမှန်ဆောက်လုပ်ရန် စီစဉ် မယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနကသိရပါတယ်။
၂၀၁၇ ခုနှစ်၊ ဧပြီ ၁ ရက်နေ့ကနေ ၂၀၂၀ နှစ်၊ မတ်လကုန်အထိ သုံးနှစ်အ တွင်း ပင်စင်ယူမယ့် အစိုးရ၀န်ထမ်းစာရင်းတွေကို ကောက်ယူထားပြီး တန်ဖိုး နည်းအိမ်ရာရောင်းချပေးမှာဖြစ်ပြီး ၂၀၁၇ ခုနှစ် မတ်လ ၃၁ မတိုင်မီ ပင်စင် ယူထားတဲ့ အစိုးရ၀န်ထမ်းတွေတော့ မပါဝင်သေးဘူးလို့ သိရပါတယ်။
Credit: The Kumudra