အမေရိကန်ပြည်ထောင်စုတွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်သူဌေးကြီး ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ရွေးကောက်ခံရပြီးနောက်ပိုင်း ကတည်းက သြစတေးလျနိုင်ငံတွင် ဗုံးခိုကျင်းများ တူးဖော်မှု မြင့်တက်လာလျက်ရှိနေကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
မရေရာသည့် အနာဂတ်လားရာများကြောင့် ဗုံးခိုကျင်းများကို
နေအိမ်သဖွယ် အိမ်တွင်းအလှဆင်ပစ္စည်း အစုံအလင်
ထည့်သွင်း ဆောက်လုပ်လာကြခြင်းဖြစ်သည်ဟု ဆိုသည်။
သြစတေးလျတွင် ဗုံးခိုကျင်းများကို ဇိမ်ခံနေအိမ်များသ
ဖွယ်ဆောက်လုပ်မှုမှာ ယခင်ကတည်းက ခေတ်စားခဲ့သည်။
သာဓကအားဖြင့် ဒုတိယကမ္ဘာစစ်ကြီးတွင် ဆစ်ဒနီဆိပ်ကမ်းကို ဂျပန်တို့တိုက်ခိုက်ခဲ့ပြီးနောက် ဆောက်လုပ်ခဲ့သည့် ဗုံးခိုကျင်းဖြစ်သော Mosman mansion မှာ ဒေါ်လာ ၂ ဒသမ ၅ သန်းခန့်
တန်ကြေးရှိနေခြင်း ဖြစ်သည်။
ဒေါ်နယ်ထရမ့်ကြောင့် ကမ္ဘာ့နိုင်ငံရေးမရေရာမှုများကို ရတက်မအေးဖြစ်လာသော သြစတေးလျနိုင်ငံသားများသည်
သြစတေးလျနိုင်ငံ တိုက်ခိုက်ခံရပါက မိမိတို့၏ ဘေးရန်ကာကွယ်နိုင်ရန်အတွက် ယခုအခါ နေအိမ်နောက်ဘက် ကွက်လပ်လွတ်များတွင် ဗုံးခိုကျင်းများ ဆောက်လုပ်လာ
လျက်ရှိကြသည်။
ဒေါ်နယ်ထရမ့်နှင့် နိုင်ငံရေးတင်းမာမှုများ ဖြစ်ပေါ်ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က သြစတေးလျကို အဏုမြူလက်နက်ဖြင့် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်မှုပေါ်ပေါက်အပြီး ဗုံးခိုကျင်းဆောက်လုပ်ရန် စုံစမ်းမေးမြန်းမှုများ အလွန်များပြားလာကြောင်း မြေအောက်အဆောက်အအုံများ ဆောက်လုပ်သည့်လုပ်ငန်းရှင်များက ထုတ်ဖော်ပြောကြားသည်။
ပြီးခဲ့သော တစ်လတာကာလအတွင်းတွင်ပင် ဗုံးခိုကျင်းဆောက်လုပ်ရန် ဆက်သွယ်မှု ၁၀ ဦးရှိခဲ့ကြောင်း မြေအောက်အဆောက်အအုံများ ဆောက်လုပ်သည့်ကုမ္ပဏီ Wildfire Safety Bunkers မှ အန်သိုနီ ထရတ်က ပြောကြားသည်။
“ဆက်သွယ်သူတွေကတော့ သြစတေးလျနိုင်ငံတစ်ဝန်းလုံးကပါပဲ။
အများစုက သက်လတ်ပိုင်းတွေဖြစ်ပြီး မိသားစုအတွက် ဗုံးခိုကျင်း ဆောက်ဖို့ ဆက်သွယ်ကြတာပါ။ တစ်ချှို့ ကတော့ တစ်ယောက်တည်းအတွက်ပါ။ ဗုံးခိုကျင်းတစ်ကျင်း ဆောက်မယ်ဆိုရင် အနည်းဆုံး ဒေါ်လာ ၃၅၀၀၀၀ လောက်ကုန်ကျမှာပါ။ ” ဟု အန်သိုနီက ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)