မုတ္တမဟိုးဒင်း(စ)လီမိတက်က မင်္ဂလာဒုံနှင့် လှိုင်သာယာမြို့နယ်တို့တွင် တန်ဘိုးသင့်တင့်အိမ်ရာများ တည်ဆောက်မည်

မုတ္တမဟိုးဒင်း(စ)လီမိတက်က မင်္ဂလာဒုံနှင့် လှိုင်သာယာမြို့နယ်တို့တွင် တန်ဘိုးသင့်တင့်အိမ်ရာများ တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
5 Jun 2017 11:43 am တွင် တင်ခဲ့သည်
851 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းရှိဆောက်လုပ်ရေး၊ ကုန်သွယ်ရေးနှင့် ဟိုတယ်လုပ်ငန်းတို့တွင် ရင်းနှီးမြှုပ်နှံမှုပြုထားသော မုတ္တမဟိုးဒင်း(စ) လီမိတက်သည် ရန်ကုန်တိုင်းေ ဒသကြီးရှိ မင်္ဂလာဒုံမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင် တန်ဘိုးသင့်တင့် အိမ်ရာစီမံကိန်း ၂ ခုကို အကောင်အထည်ဖော် တည်ဆောက်သွားရန် ရှိေ နကြောင်း ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရောင်ဟိုက မဇ္ဈိမကို ပြောသည်။

“မင်္ဂလာဒုံမှာ ဆောက်မှာက တန်ဖိုးအသင့်အတင့်၊ လှိုင်သာယာမှာ ဆောက် မှာကလည်း တန်ဘိုးအသင့်အတင့်။ ဒါပေမယ့် ဒီမြေတွေက စက်မှုလက်မှြုေ မဖြစ်တာကြောင့် အစိုးရဆီကနေ တောင်းဆိုတဲ့အခါမှာ ကျွန်တော်တို့ကို တန်ဖိုးနည်းအိမ်ရာ ၂၅ ရာခိုင်နှုန်း ဆောက်ပေးရမယ်လို့ အရင်အစိုးရက ခွင့်ပြုခဲ့တယ်။ လက်ရှိအစိုးရက ညှိတာမပြီးသေးဘူး” ဟု ဦးရောင်ဟိုက ဆိုသည်။

အကျယ်အ၀န်းအားဖြင့် မင်္ဂလာဒုံမြို့နယ် တန်ဘိုးသင့်အိမ်ရာ စီမံကိန်း တွင် မြေအကျယ် ၂၃ ဧက၊ လှိုင်သာယာမြို့တွင် မြေအကျယ် ၂၄ ဧကတို့ အပေါ်တွင် တည်ဆောက်မည်ဖြစ်ကာ စီမံကိန်းတစ်ခုချင်းစီတွင် အထပ် အြ မင့် ၁၂ ထပ်ခန့် ရှိမည်ဟု မုတ္တမဟိုးဒင်း(စ)လီမိတက်၏ အုပ်ချုပ်မှု ဒါရိုက် တာဖြစ်သူ ဦးရောင်ဟိုက ခန့်မှန်းပြောဆိုထားသည်။

အခန်းအရေအတွက်အားဖြင့်…“အခန်းဘယ်လောက် ပါဝင်မယ်ဆိုတာ ကေ တာ့ အစိုးရရဲ့ Policy ကို သိမှ ဒီဇိုင်းပြန်ထုတ်လို့ရမယ်” ဟု ဦးရောင်ဟိုကြေ ပာသည်။

လက်ရှိအချိန်တွင် မုတ္တမဟိုးဒင်း(စ)လီမိတက်အနေနှင့် စင်ကာပူနိုင်ငံေ ဆာက်လုပ်ရေးကုမ္ပဏီ Oxley Holdings Limited နှင့် အကျိုးတူပူးပေါင်းကာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်တွင် အမေရိကန်ဒေါ်လာ သန်း ၂၅၀ခန့် တန်ကြေးရှိသည့် အဆင့်မြင့်စုပေါင်းအိမ်ရာတစ်ခုကို ယခုနှစ်အတွင်း တည်ေ ဆာက်သွားရန်ရှိနေသည်။

သို့ရာတွင် ကုမ္ပဏီ ၂ ခု အနေနှင့် တန်ဘိုးနည်း၊ တန်ဘိုးသင့်တင့် အိမ်ရာ များကို အကျိုးတူတည်ဆောက်သွားမည် မဟုတ်ဘဲ မုတ္တမဟိုးဒင်း(စ) လီမိ တက်ကသာ ၎င်းတို့၏ကုမ္ပဏီပိုင်မြေတွင် တန်ဘိုးသင့်တင့် အိမ်ရာများကိုေ ဆာက်လုပ် သွားမည်ဖြစ်သည်။

“ကျွန်တော်တို့က ဒီကုမ္ပဏီ ၂ ခုစလုံးကို အများကြီး ပေါင်းပြီး လုပ်ထားတာ မဟုတ်ဘူး၊ Project အလိုက်ပဲ လုပ်သွားမှာ။ ကျွန်တော်တို့ အဆင်ပြေတဲ့ လုပ်ငန်းတွေရှိသွားလို့ ရှိရင် အမြဲတမ်း Project အလိုက်ပဲ လုပ်သွားမှာ။ တစ်ခါတည်း ဘယ်လောက်ရင်းမယ်ဆိုပြီး ကျွန်တော်တို့ မလုပ်ထားဖူး” ဟု ဦးရောင်ဟိုက ရှင်းပြသည်။

မုတ္တမဟိုးဒင်း(စ)အနေနှင့် ကုမ္ပဏီအုပ်စုတစ်ခုလုံး၏ အောက်တွင် Grand Yangon၊ M-Sa စသည့် အများပိုင်ကုမ္ပဏီ ၂ခုကို ဖွဲ့စည်းထားကာ နောက် ထပ် အများပိုင်ကုမ္ပဏီ ၁ ခုကို ထပ်မံ တည်ထောင်သွားရန် ရှိနေကြောင်း သိရသည်။

အဆိုပါ အများပိုင်ကုမ္ပဏီ ၃ ခုကို ရန်ကုန်စတော့အိတ်ချိန်းတွင် အဆင့်လိုက် စာရင်းတင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ တစ်ခုချင်း တစ်ခုချင်းသွားမယ်၊ ဒါပေမယ့် Mottama Holdings သည် ရင်းနှီးမြှုပ်နှံမှု မလုပ်ဖူး။ ဒါပေမယ့် သူကနေ ဦးဆောင် သွားပြီးတော့ ပြည်သူလူထုကို IPO ခေါ်သွားပြီးတော့ လုပ်သွားဖို့ ရှိပါတယ်” ဟု ဦးရောင်ဟိုက အရိပ်အမြွတ်ပြောဆိုထားသည်။

Credit: Mizzimz

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ...

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦးအကြောင်း...

နှစ်ပေါင်း ၅၀၀ အတွင်း မိုးတစ်စက်မျှ မရွာသွန်းခဲ့သော ကမ္ဘာ့အခြောက်သွေ့ဆုံး သဲကန္တာရ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တိုင်း တွေ့ရသည့် ဆန်းကြယ်သောပု စ္ဆာ...

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စားနေ...

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

Yadanar Bon
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service