ရန်ကုန်မြို့ရဲ့ လူစည်ကားတဲ့အထင်ကရလမ်းမ ကြီးတွေပေါ်မှာ လုပ်ငန်းလုပ် ကိုင်ချင်တဲ့သူတွေအနေနဲ့ နေရာရှား လာတဲ့ပြဿနာနဲ့ကြုံတွေ့နေရပြီး အခုေ နာက်ပိုင်း ရန်ကင်းနဲ့ တောင်ဥက္ကလာပထဲက လမ်းမတန်းနေရာတွေမှာ လူ စိတ်ဝင်စားမှုမြင့် တက်နေတယ်လို့ သိရပါတယ်။
ရန်ကင်းမြို့ထဲက ကန်ဘဲ့လမ်း၊ အောင်ဇေယျာလမ်း၊ မိုးကောင်းလမ်း နဲ့ တောင်ဥက္ကလာပ မြို့နယ်က ဝေဇယန္တာလမ်းမ၊ ပါရမီလမ်း၊ သစ္စာလမ်း မ၊ လေးထောင့်ကန်လမ်းနဲ့ သံသုမာလမ်းမတွေကို စိတ်ဝင်စားမှုများနေ ပါ တယ် လို့သိရပါတယ်။
ရန်ကင်းနဲ့ တောင်ဥက္ကလာပမြို့ နယ်တွေက မရမ်းကုန်း၊ ဗဟန်း မြို့တွေနဲ့ မဝေးသလို ဈေးနှုန်းကြောင့်လည်း စိတ်ဝင်စားလာကြပါ တယ်။ ဈေးနှုန်းအရ ဆိုရင်လည်း ကမ္ဘားအးဘုရားလမ်း၊ ပြည်လမ်း၊ ရန်ကုန် – အင်းစိန်လမ်းမ တို့လောက် ဈေးမကြီးပေမဲ့ဈေးနှုန်းများများခေါ်ထားတဲ့နေရာတွေလည်းရှိပါတယ်။
ဈေးနှုန်းတွေကတော့ ရန်ကင်းလမ်းမတွေမှာဆိုရင်အကျယ်အဝန်း ပ်ါမူတည်ြ ပီး သိန်း ၁၀ ဂဏန်းကနေစပြီးရှိပါတယ်။ တောင်ဥက္ကလာပမြို့နယ်ထဲက လမ်းမတန်းနေရာတွေမှာတော့ ဝေဇယန္တာလမ်းမကြီးက အိမ်ခြံမြေဟာ ဈေး ကြီးနေပြီးတော့ ပါရမီ လမ်းနဲ့ သံသုမာလမ်းတို့ကတော့ နေရာ အနေအ ထားပေါ် မူတည်ပြီး အကျယ်အဝန်းအလိုက် ဈေးနှုန်းကွာခြားမှု ရှိပါတယ်။
Credit: The Kumudra