ရန်ကုန်စတော့အိတ်ချိန်း တွင် မေလအတွင်း ကျပ် ၁ ဒသမ ၅ ဘီလီယံခန့် ရှယ်ယာအရောင်း အ၀ယ်ဖြစ်ခဲ့ပြီး ဧပြီထက် ကျပ် သန်း ၃၀၀ ကျော် ပိုမို အရောင်း အ၀ယ်ဖြစ်ခဲ့ကြောင်း ရန်ကုန် စတော့အိတ်ချိန်းက သတင်း ထုတ် ပြန်သည်။
မေလအတွင်း FMI ကုမ္ပဏီ နှင့် သီလ၀ါအထူးစီးပွားဇုန်အများ ပိုင် ကုမ္ပဏီ (MTSH) တို့သည် ရှယ်ယာဈေး ကျဆင်းခဲ့သော် လည်း ရှယ်ယာ အရောင်းအ ၀ယ် ၌ ပိုမိုခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန် စတော့အိတ်ချိန်း စာရင်းများအရ သိရ သည်။
FMI ကုမ္ပဏီသည် ဧပြီအ တွင်း ရှယ်ယာတစ်စုလျှင် အနိမ့် ဆုံးကျပ် ၁၆,၀၀၀၊ အမြင့်ဆုံး ၁၇,၅၀၀ အထိ ပေါက်ဈေးရှိပြီး ကျပ်သန်း ၂၆၀ ခန့် အရောင်းအ ၀ယ်ဖြစ်ခဲ့သည်။ မေလတွင် ရှယ် ယာဈေးသည် ကျပ် ၁၅,၅၀၀ မှ ကျပ် ၁၆,၅၀၀ ကြားအထိရှိကာ ကျပ်သန်း ၄၇၀ အထိအရောင်း အ၀ယ် ဖြစ်ခဲ့ သည်။
MTSH ကုမ္ပဏီသည် ဧပြီ အတွင်း ရှယ်ယာတစ်စုလျှင် အ နိမ့်ဆုံးကျပ် ၄,၀၀၀ မှ အမြင့်ဆုံး ကျပ် ၄,၃၀၀ အထိရှိပြီး စုစုပေါင်း ရှယ်ယာကျပ်သန်း ၅၀၀ ခန့် အ ရောင်းအ၀ယ်ဖြစ်ခဲ့သည်။ မေလ တွင် ရှယ်ယာဈေးအနိမ့်ဆုံး ကျပ် ၃,၇၀၀ မှ အမြင့်ဆုံးကျပ် ၄,၁၀၀ အထိ ပေါက်ဈေးရှိပြီး ကျပ်သန်း ၇၀၀ ခန့် အရောင်းအ၀ယ်ဖြစ်ခဲ့သည်။
ပထမပုဂ္ဂလိကဘဏ်(FPB) သည် ဧပြီအတွင်းကျပ် ၄၄၅ သန်း ကျော် အေ ရာင်းအ၀ယ်ဖြစ်ခဲ့ပြီး မေလတွင် ကျပ်သန်း ၃၀၀ ကျော် အရောင်းအ၀ယ်ြ ဖစ်ခဲ့သည်။
‘‘အခုတော့ ပုံမှန်အရောင်း အ၀ယ်အေးနေတယ်။ ကုမ္ပဏီ ဥပဒေ ပြင်ပြီး သွား ရင် နိုင်ငံခြား သားတွေ စတော့ရှယ်ယာဝယ်ခွင့် ရမယ်ဆိုရင်တော့ စတော့ ရှယ် ယာအရောင်းအ၀ယ် ပိုကောင်း လာမယ်’’ဟု စတော့ရှယ်ယာဝယ် ယူ ထားသူ ဦးထက်ဝင်းက ပြော သည်။ ရန်ကုန်စတော့အိတ်ချိန်း တွင် ရှယ်ယာ အရောင်းအ၀ယ် အေးနေခြင်းနှင့် ပတ်သက်ပြီး ဂျပန် Daiwa ကုမ္ပဏီဘက်မှ စာ ရင်းဝင်ကုမ္ပဏီများ ပိုမိုဝင်ရောက် လာရေး၊ ရှယ်ယာဝယ်ယူမည့်လူ တန်း စားအရေအတွက်ကို တိုးမြှင့် ရန်နှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း များကို အ များပိုင်ပြုလုပ်ပြီး စာ ရင်းဝင် ကုမ္ပဏီအဖြစ် ရန်ကုန် စတော့အိတ်ချိန်း၌ ၀င်ေ ရာက် နိုင်ရန် အကြံပြုထားသည်။
ရန်ကုန် စတော့အိတ်ချိန်း တွင် ၂၀၁၆ အတွင်း ကျပ်ဘီလီ ယံ ၇၀ ခန့် အေ ရာင်းအ၀ယ်ဖြစ်ခဲ့ ပြီး ၂၀၁၇ ဇန်န၀ါရီတွင် ကျပ် ၂ ဒသမ ၈ ဘီလီယံ၊ ဖေေ ဖ်ာဝါရီ တွင် ကျပ် ၃ ဒသမ ၁ ဘီလီယံ၊ မတ်လတွင် ကျပ် ၃ ဒသမ ၄ ဘီလီ ယံနှင့် ဧပြီတွင်ကျပ် ၁ ဒသမ ၂ ဘီလီယံအရောင်းအ၀ယ်ဖြစ်ခဲ့ သည်။ ယခုနှ စ်အတွင်း ဧပြီသည် ရန်ကုန်စတော့အိတ်ချိန်း၌ ရှယ် ယာအရောင်းအ၀ယ် အနိမ့်ဆုံး လ ဖြစ်ခဲ့သည်။
Credit: 7DayDaily