ပုသိမ်မြို့နယ်၊ မြေ ၁၂ ဧက ကျယ်ဝန်းသော ကန်သုံးဆင့်ပန်းဥယျာဉ်အား တစ်လလျှင် ၇ သိန်းခွဲ ၀န်းကျင်ဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်ကို ငှားရမ်းထား ပြီး ပေါက်ဈေးနှင့်ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးနေကြောင်း စည်ပင်သာယာရေး ဝန်ကြီးဦးကျော်မြင့်က မဇ္ဈိမသို့ပြောသည်။
အဆိုပါ ကန်သုံးဆင့်ပန်းဥယျာဉ်သည် ပုသိမ်ဟိုတယ် အနောက်ဖက်အနီး တည်ရှိပြီး ပုသိမ်ဟိုတယ် အရှေ့မြေနေရာများတွင် ပုဂ္ဂလိကမြေ ငှားရမ်း ခပေါက်ဈေး ကျပ်သိန်း ၂၀ ကျော်ရှိပြီး အစိုးရပိုင်မြေငှားရမ်းခနှင့် ၃ ဆကျော် ကွာခြားနေသည်။
"လက်ရှိအချိန်မှာ ပြည်ထောင်စုအစိုးရက လမ်းညွန်ပါတယ် ။ ဝန်ကြီးက ပိုင် တဲ့ မြေတို့၊ အဆောက်အဦတို့ ငှားရမ်းခကို လက်ရှိကာလပေါက်ဈေးနဲ့ ကိုက် ညီမှု ရှိ၊ မရှိ စိစစ်ပြီး ဆောင်ရွက်ဖို့ လမ်းညွန်ချက် ရှိပါတယ်။
စည်ပင်သာယာအနေနဲ့ ပိုင်တဲ့ မြေနဲ့အဆောက်အဦများ ငှားရမ်းခနှုန်းများကို စည်ပင်ကော်မတီများနဲ့ အမှုဆောင်အရာရှိများ စိစစ်ပြီး လက်ရှိပေါက်ဈေး ကိုက်ညီမှုရှိ မရှိ လမ်းညွန်ထားပါတယ် ။ နယ်တွေမှာရှိတဲ့ မြေနဲ့ အဆောက် အဦ ငှားရမ်းခတွေ အကြောင်းပြန်တာ မရှိသေးဘူး”ဟု စည်ပင်သာယာရေး ဝန်ကြီးဦးကျော်မြင့်က မဇ္ဈိမသို့ ပြောသည်။
အစိုးရပိုင် မြေ၊ အေဆာက်အဦများ ငှားရမ်းခများအား လက်ရှိပေါက်ဈေးနှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးနေပြီး ကွာခြားမှုရှိပါက တိုးမြှင့်ကောက်ခံနေေ ကြာင်း သိရသည်။
“ပုသိမ်မှာရှိတဲ့ Royal Lake ဆို ၂၀၁၆-၁၇မှာ ၆၅ သိန်းနဲ့ ငှားရမ်းခဲ့ပါတယ် ။ Royal Lake ဝန်းထဲရှိ ရေပေါ်ဂေါက်ကွင်းကို ၁၅သိန်းနဲ့ ငှားရမ်းပြီး၊ ၂၀၁၇- ၁၈ မှာ ဒီနှစ်မှာ တော့ ခေတ်ကာလ အခြေအနေနဲ့ ကိုက်ညီအောင်ဆိုပြီး မနှစ်က ငှားရမ်းခကို ဆယ်သိန်းတိုးပြီး ၇၅သိန်း၊ ရေပေါ်ဂေါက်ကွင်း ဆယ့် ငါးသိန်းနဲ့ စုစုပေါင်းသိန်းကိုးဆယ်နဲ့ ငှားရမ်းပါတယ်” ဟု ဝန်ကြိီးက ပြော သည်။
ထိုသို့ လက်ရှိပေါက်ဈေးနှင့်အညီ ကောက်ခံရေးအတွက် အဆောက်အဦနဲ့
မြေများငှားရမ်းခ စိစစ်ရေးကော်မတီ ဖွဲ့စည်းထားပြီး ငှားရမ်းခအသစ် များနှင့် ကောက်ခံသွားမည်ဟု သိရသည်။
"အဆောက်အဦနဲ့မြေများဌားရမ်းခ စိစစ်ရေးကော်မတီဆိုဖွဲ့ထားပါတယ် ။ အဲ ဒီ အဖွဲ့တွေက စိစစ်ပြီးလုပ်သွားမှာပါ ၊ဟိုတယ်ခရီးက နောက်ဆုံး ညွန် ကြား ချက် မပေးနိုင်သေးလို့ ငှားရမ်းခကို တစ်လချင်းပဲတောင်းပါ ။ ညွန်ကြားချက် အသစ်ထွက်လာတာနဲ့ ငှားရမ်းခအသစ်နဲ့ ကောက်ခံဖို့ ညွန်ကြားထားတာ ရှိပါတယ်။ ဌာန တစ်ခုချင်းအလိုက် တိုင်းဒေသကြီးအဆင့် ၊ ပြည်ထောင်စု အ ဆင့်က ငှားရမ်းခတွေကို စိစစ်ကြီးကြပ်မယ် ။ လမ်းညွန်ချက်တွေပေးနေပါ တယ်”ဟု စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်က ပြောသည်။
ပုသိမ်မြို့နယ်အတွင်းရှိ အစိုးရပိုင် အဆိုပါ အဆောက်အဦ၊ မြေများ ငှားရမ်းခ က ၂၀၁၆-၁၇ ကျပ်သိန်း ၂၅၀ကျော် ရှိကြောင်း သိရသည်။ လက်ရှိတွင် ပု သိမ်ဟိုတယ်အား ဟိုတယ်ခရီးဝန်ကြီးဌာနအောက်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအောက်သို့ လွဲပြောင်းပေးထားကြောင်း စည်ပင်သာယာဝန်ကြီး က ပြောသည်။
“ပုသိမ်ဟိုတယ်ကို တိုင်းဒေသကြီးလွှတ်တော်မှ တက်နေတဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေ တည်းခိုရေးအဆင်ပြေရန် တိုင်းဒေသ ကြီး ပြည်နယ်များတွင် ဟိုတယ် တစ်လုံးစီအား ထွေအုပ်ကို စီမံခန့်ခွဲခွင့် လွြဲေ ပာင်းထားတာရှိတယ်။ အခု လက်ရှိ ဟိုတယ်လုပ်ငန်း ဆောင်ရွက်နေတဲ့ သူ ကိုတော့ ထွေအုပ်ကငှားရမ်းထားတာဖြစ်တယ်” ဟု စည်ပင်သာယာ ဝန်ကြီး ဦးကျော်မြင့်က ပုသိမ်ဟိုတယ်ငှားရမ်းထားမှုနှင့် ပတ်သက်ပြီးပြောသည်။
ပုသိမ်မြို့၊ယခင် ကန်သုံးဆင့်ပန်းဥယျာဉ်ကို ၂၀၁၄ခုနှစ်မှ စတင်ပြီး ပုဂ္ဂလိက ကို နှစ်သုံးဆယ် စာချုပ်ဖြင့်ဌားရမ်းခဲ့ပြီး တစ်နှစ်တခါ စာချုပ်ချုပ်ဆိုသွားခြင်ြး ဖစ်ပြီး၊အကျယ်အဝန်းအားဖြင့် မြေ ၁၂ ဧက ကျော်ရှိသည်။
Credit: Mizzima