ကျူးကျော်အိမ်ထောင်စုအသိအမှတ်ပြု စမတ်ကတ် များကို ဇွန် ၆ ရက်မှစတင်ကာ တောင်ဥက္ကလာပမြို့နယ်တွင် စတင် ထုတ်ပေး မည်ဖြစ်ကြောင်း သိရသည်။
"ဇွန် ၅ ရက်မှာ ကျွန်တော်တို့အဖွဲ့တွေအရှေ့ပိုင်းခရိုင်စုပေါင်း ရုံးမှာ လူပြန်စုပြီး ဒုညွှန်မှူးက ဘယ်အဖွဲ့ဘယ်သွား ဆို တာတွေ ညွှန် ကြားမှာဖြစ်ပါတယ်။ ဘယ်ရပ်ကွက်တွေအရင်ဝင်မယ်ဆိုတာကတော့ မသိသေးဘူး။ ဇွန် ၆ ရက်မှာ တောင် ဥက္ကလာ ပကိုဝင် ရမယ် ဆိုတာ လောက်ပဲသိရသေးတယ်။ ကောက်ပြီးတာ ၁၃ မြို့နယ်၊ ထပ်ကောက် မှာက ၁၄ မြို့နယ်ဖြစ်ပါ တယ် " ဟု ကျူးကျော် စာရင်းကောက် အဖွဲ့ခေါင်း ဆောင်တစ်ဦးဖြစ်သူ ဦးတင့်လွင်က ဇွန် ၃ ရက်ကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးဖွံ့ဖြိုးရေး သုတေသနစီမံကိန်းအရ ကျူးကျော် မိသားစုများအား ကျူးကျော်နေထိုင်သူများဖြစ်ကြောင်း အသိအမှတ်ပြု စမတ်ကတ်များထုတ်ပေးရာတွင် အဖွဲ့ပေါင်းရှစ်ဖွဲ့ဖြင့် ထုတ်ပေးနေခြင်း ဖြစ်သည်။
"ဒီမြို့နယ်မှာရပ်ကွက် ၁၅ ခုရှိတာ တိုင်း(၁)နယ်မြေမှာတော့ကျူး နည်းတယ်။ များတာက တိုင်း(၂)နယ်မြေထဲမှာ ၁၄ ရပ်ကွက်ထဲမှာက တာဘေးမှာနေတဲ့ကျူးတွေအရမ်းများတယ်။ ဇွန် ၆ ရက် လာမယ်ဆို လို့ ပြင် ဆင်ထားကြပါတယ် " ဟု တောင်ဥက္ကလာ ပမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဒေါ်သစ်သစ်မြင့် က ပြော သည်။
အလုံ၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များအပါအ၀င် ၁၃ မြို့နယ် မှ ကျူးကျော်များအားစမတ်ကတ်ထုတ်ပေး မှုပြီးစီးခဲ့ပြီး တောင် ဥက္ကလာပ ၊ ကော့မှူး၊ ထန်းတပင်၊ တိုက်ကြီး၊ လှည်းကူး မြို့နယ်များအပါအ၀င် ၁၄ မြို့နယ်တို့တွင် စမတ်ကတ်ထပ်မံ ထုတ်ပေးသွားရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။
Credit: Democracytoday