ပြည်နယ်နှင့်တိုင်းများတွင် လက်ရှိ အစိုးရလက်ထက် ဆောက်လုပ်မည့် ပြည် သူ့အိမ်ရာတွင် နေထိုင်နိုင်ရန် သုံးနှစ်အတွင်း အငြိမ်းစားယူမည့် ဝန်ထမ်းစာ ရင်း ယူမှုမှာ ထက်ဝက်ခန့် ပြီးစီးပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၀ ခုနှစ် မတ်လကုန်ထိ သုံးနှစ်အတွင်း အ ငြိမ်းစားယူမည့် အစိုးရဝန်ထမ်းစာရင်းများကို ယခုနှစ်ဧပြီလအတွင်း စတင်ေ ကာက်ယူခဲ့ခြင်းဖြစ်ပြီး ကျပ်သိန်း ၁၀ဝ နှင့် ၂၀ဝ ကြားရှိ ပြည်သူ့အိမ်ရာ တိုက်ခန်းများကို ရောင်းချပေးမည်ဖြစ်ကြောင်း အဆိုပါ အသင်းထံမှသိရသည်။
အစိုးရ၏ ဦးဆောင်မှုဖြင့် နိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းများတွင် ပြည်သူ့ အိမ်ရာနှင့် အငှားအိမ်ရာများကို ယခုနှစ်အတွင်း အကောင်အထည်ဖော်ရန် ရှိကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“အခု စာရင်းကောက်ယူတာနဲ့ တည်ဆောက်ဖို့က အစိုးရနဲ့ စီမံဘဏ္ဍာနဲ့ တွဲပြီး လုပ်နေတယ်။ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း က ဆောက်လုပ်ရေးပိုင်းကို တာဝန်ယူမယ်။ သူတို့ဆီက ညွှန်ကြားချက်ရမှ စဆောက်လုပ်ခွင့်ရမယ်။ အိမ်ရာတွေကို အကောင်အထည်ဖော်ဖို့ ရောင်းချဖို့ ကို အစိုးရက တာဝန်ယူမယ်”ဟု ၎င်းက ဆိုသည်။
ပြည်သူ့အိမ်ရာတည်ဆောက်ရန် ပထမအဆင့်အနေနှင့် အငြိမ်းစားယူမည့် ဝန်ထမ်းများကို စာရင်းကောက်ယူနေပြီး ကောက်ယူသည့် ရလဒ်ကို ပြည်ေ ထာင်စု အစိုးရက တိုင်းဒေသကြီး အစိုးရနှင့် ပြန်လည် ညှိနှိုင်းပြီး ဆောင်ရွက် မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက မေလ ၁၃ ရက်က အသိပေးထားသည်။
“အငြိမ်းစား ယူတဲ့ဝန်ထမ်းတွေက သိန်း ၁၀ဝ က သိန်း၂၀ဝ လောက်ရှိ တဲ့ နေအိမ်၊ တိုက်ခန်းအတွက် ၁၀ ရာခိုင်နှုန်းကို အရင်ပေးသွင်းရမယ်။ ကျ န်ငွေအတွက်ကို ၁၅ နှစ် အရစ်ကျ ပေးသွင်းရမယ့်လို့ သိရပါတယ်”ဟု သာေ ကတမြို့နယ်နေ အလယ်တန်းပြဆရာမ ဒေါ်ဥမ္မာအောင်က ဆိုသည်။
မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် နှစ်စဉ်အငြိမ်းစားယူသည့် ဝန်ထမ်း တစ်သောင်းခွဲ ဝန်းကျင်ရှိနေပြီး အဆိုပါ ဝန်ထမ်းများ နေထိုင်နိုင် ရန် နှစ်စဉ် အိမ်ခန်း၊ တိုက်ခန်း တစ်သောင်းခွဲခန့် ပုံမှန် ဆောက်လုပ်ရန် စီ စဉ်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနထံမှ သိရသည်။
အဆိုပါ အစီအစဉ်သည် ၂၀၁၇ ခုနှစ် မတ်လ ၃၁ မတိုင်မီ ပင်စင်ယူထား သည့် အစိုးရဝန်ထမ်းများ ပါဝင်မည် မဟုတ်ကြောင်း အစိုးရဝန်ထမ်းများထံမှ သိရသည်။
Credit: The Voice