မင်္ဂလာဈေးသစ် ပြန်လည်တည်ဆောက်ဖို့ ကုမ္ပဏီတွေကို ဇွန်လမှာ တင်ဒါခေါ်မည်

မင်္ဂလာဈေးသစ် ပြန်လည်တည်ဆောက်ဖို့ ကုမ္ပဏီတွေကို ဇွန်လမှာ တင်ဒါခေါ်မည် - Property News in Myanmar from iMyanmarHouse.com
5 Jun 2017 10:19 am တွင် တင်ခဲ့သည်
979 ကြိမ် ကြည့်ရှု့ပြီး
မီးဘေးသင့်ခဲ့တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်က မင်္ဂလာဈေးကို အသစ်ပြန်လည်တည်ဆောက်ဖို့ ဆောက်လုပ်ရေးကုမ္ပဏီတွေ
ကို လာမယ့်ဇွန်လကုန်လောက်မှာ တင်ဒါခေါ်ယူမှာပါ ။

မီးဘေးသင့်ခဲ့တဲ့ အဆင့်မြင့်မင်္ဂလာဈေးကို ဖြိုချပြီး အသစ်ပြန်လည်တည်ဆောက်ဖို့ အဆောက်အအုံဒီဇိုင်းကို
သည်လ ၁၈ ရက်နေ့က ရွေးချယ်ခဲ့ပါတယ်။ အဆောက်အအုံဒီဇိုင်း
ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ရွေးချယ်ခဲ့တာပါ ။
ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒီဇိုင်းကုမ္ပဏီ ၁၃ ခုထဲက နေ
AMENITY Desing Group ကုမ္ပဏီဒီဇိုင်းကို ရွေးချယ်ခဲ့ပါတယ်။

အသစ်တည်ဆောက်မယ့် မင်္ဂလာဈေးသစ်ကို မြေအောက်ထပ်သုံးထပ် အပါအဝင် အထပ်မြင့် ကိုးထပ် တည်ဆောက်မှပါ ။မြေအောက်ထပ်မှာ ကားပါကင် အတွက် နှစ်ထပ်နဲ့ ဘဏ်တွေအတွက် တစ်ထပ်ထားရှိပေးမှာ ဖြစ်တယ်။ ကျန်တဲ့ အထပ် ခြောက်ထပ်ကို အရင်အတိုင်း ဈေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို နေရာပြန်ချပေးမှာပါ။

မြေညီထပ်မှာ ၈၄၉ ခန်း၊ ပထထပ်မှာ ၇၉၁ခန်း၊ တတိယထပ်မှာ
၇၉၁ခန်းနဲက အပေါ်ဆုံးထပ်မှာ စားသောက်ခန်း ၄၈ခန်း ပါဝင်မှာ ဖြစ်ပါတယ်။မြေအောက်ထပ်မှာတော့ ကားပါကင် နှစ်ထပ်အပြင် ပန်းဥယျာဉ်တွေ ၊ ကုန်တင်ကုန်ချလုပ်ဖို့ ကားပါကင်တွေ ထည့်သွင်းတည်ဆောက်ပြီး ကားစီးရေ ၆၇၆ စီး ရပ်နားနိုင်မှာဖြစ်ပါတယ်။

မီးလောင်ကျွမ်းပြီး တစ်နှစ်ခန့် ကြာပြီးမှ အဆောက်အအုံဒီဇိုင်း ရွေးချယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။မီးဘေးသင့်ခဲ့တဲ့ မင်္ဂလာဈေးအဆောက်
အအုံကို ဖြိုဖျက်ဖို့ပြီးခဲ့တဲ့ စက်တင်ဘာလက တင်ဒါခေါ်ယူခဲ့တယ် ။ဇန်နဝါရီလလယ်ကဖြိုဖျက်တာပြီးစီးခဲ့ပါတယ်။ မင်္ဂလာဈေးကို အသစ်ပြန်တည်ဆောက်ဖို့ အချိန် တစ်နှစ်ခွဲယူမယ်လို့ သိရပါတယ်။

မင်္ဂလာဈေးမှာ ဈေးရောင်းချနေတဲ့ ဈေးသည်စုစုပေါင်း ၄၀၀၀ ဝန်းကျင်ရှိပါတယ်။သည်ဈေးတွေက ယုဇနပလာဇာ၊ တော်ဝင်ပလာဇာ ၊ ရွှေမင်္ဂလာ၊ ရွှေပြည့်စုံနဲ့ မင်္ဂလာဈေးနားက တိုက်ခန်းတွေကို ငှါးရမ်းပြီး ဈေးဆိုင်ခန်းနေရာတွေချထားပေးပါတယ်။

မင်္ဂလာဈေးကို အသစ်ပြန်လည်တည်ဆောက်ဖို့ တိုင်းဒေသကြီး အစိုးရအစီမံနဲ့ ချေးငွေထုတ်ယူပြီး တည်ဆောက်မှာပါ။လာမယ့် ၂၀၁၆-၂၀၁၇ လဏ္ဍာနှစ်မှာ အသုံးပြုမယ့် ဘတ်ဂျက်ကို ချေးငွေထုတ်ယူပြီး ကြိုအသုံးပြုတာဖြစ်ပါတယ်။ဈေးကိုတော့ အဆင့်မြှင့်တင်မှာဖြစ်ပါတယ် ။

အဓိကအဆင့်မြှင့်တင်မယ်အပိုင်းက မီးဘေကာကွယ်ရေး နိုင်ငံတကာနည်းစနစ်တွေနဲ့ ငြှိမ်းသတ်လို့ရအောင် တည်ဆောက်မှာဖြစ်တယ်။တကယ်အသုံးပြုနိုင်တဲ့ ဓာတ်လှေကားတွေ၊ လေဝင်လေထွက်ကောင်းတဲ့ ဒီဇိုင်းပုံစံတည်ဆောက်မှာပါ ။မီးဘေသင့်ခဲ့တဲ့ မင်္ဂလာဈေးက ဈေးဆိုင်ခန်း စုစုပေါင်း ၄၀၀၀ ကျော်ရှိပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ...

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦးအကြောင်း...

နှစ်ပေါင်း ၅၀၀ အတွင်း မိုးတစ်စက်မျှ မရွာသွန်းခဲ့သော ကမ္ဘာ့အခြောက်သွေ့ဆုံး သဲကန္တာရ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တိုင်း တွေ့ရသည့် ဆန်းကြယ်သောပု စ္ဆာ...

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စားနေ...

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

CarsDB
Yadanar Bon

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service