ကမ္ဘာ့ရွှေဈေး တက်ရိပ်ဆက်ပြနေပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၆၆၀၀ ၀န်းကျင်ရှိ

ကမ္ဘာ့ရွှေဈေး တက်ရိပ်ဆက်ပြနေပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၆၆၀၀ ၀န်းကျင်ရှိ - Property News in Myanmar from iMyanmarHouse.com
5 Jun 2017 10:15 am တွင် တင်ခဲ့သည်
1878 ကြိမ် ကြည့်ရှု့ပြီး
မေ ၃၁ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၀ ဒေါ်လာခန့် အတက်ပြခဲ့ပြီး ဇွန် ၁ ရက် တွင်လည်း အမြင့်ဈေး၌ ဆက်ရှိနေရာ ပြည်တွင်း ရွှေဈေးနှုန်းသည် ကျပ် ၉၀၆၆၀၀ ၀န်းကျင် ဖြစ်ပေါ်ခဲ့ကြောင်း ဈေးကွက် အတွင်း ရွှေရောင်း ၀ယ်သူ များထံမှ သိရသည်။

ပြီးခဲ့သည့် မေ ၁၉ ရက်က ကမ္ဘာ့ရွှေဈေးသည် ဒေါ်လာ ၁၂၅၀ အထိ ကျဆင်း ခဲ့ပြီး ယခုတစ်ပတ်ဈေးဖွင့်ချိန်၌ မေ ၂၉ ရက်တွင် ၁၂၆၅ ဒေါ်လာ၊ မေ ၃၀ ရက်တွင် ၁၂၆၇ ဒေါ်လာအထိ မြင့်တက်ခဲ့ကာ မေ ၃၁ ရက်တွင် ၁၂၇၂ ဒေါ် လာအထိ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ဇွန် ၁ ရက် နံနက်ပိုင်းတွင် ၁၂၆၉ ဒေါ် လာဖြင့် ဈေးပြန်ဖွင့်ခဲ့ပြီး မွန်းလွဲ ပိုင်းတွင် ၁၂၆၆ ဒေါ်လာ ၀န်းကျင်သို့ ပြန်ကျ ခဲ့သော်လည်း အမြင့်ဈေးတွင် ဆက်ရှိနေဆဲဖြစ်ကာ မေ ၂၅ ရက်ဈေး ၁၂၅၅ ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ၁၀ ဒေါ်လာခန့် မြင့်တက်နေဆဲဖြစ်သည်။

ပြီးခဲ့သော ဧပြီလအတွင်း ကမ္ဘာ့ရွှေဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဧပြီ ၁ ရက်မှ ၁၉ ရက်အတွင်း ကမ္ဘာ့ရွှေဈေးသည် ဒေါ်လာ ၅၀ ခန့် မြင့်တက်ခဲ့ရာ ၁၂၉၁ ဒေါ်လာအထိ ရောက်ရှိခဲ့သည်။ ထို့နောက် ဧပြီ ၂၁ ရက် နောက်ပိုင်း တအိအိ ပြန်လည်ကျဆင်းခဲ့ပြီး ဧပြီ ၂၈ ရက်တွင် ၁၂၆၆ ဒေါ်လာ အထိေ ရာက်ရှိခဲ့သည်။

မေ ၁ ရက်တွင် ၁၂၆၁ ဒေါ်လာ ဖြင့် စဖွင့်ခဲ့ပြီး တရိပ်ရိပ်ပြန်ဆင်းခဲ့ရာ မေ ၉ ရက်တွင် ၁၂၁၄ ဒေါ်လာအထိ ပြန်ရောက်ခဲ့သည်။ ထို့နောက် မေ ၁၇ ရက် တွင် ၁၂၅၇ ဒေါ်လာ၊ မေ ၁၈ ရက်တွင် ၁၂၆၂ ဒေါ်လာ အထိ ပြန်တက်ခဲ့ သည်။ မေ ၁၉ ရက်တွင် ဒေါ်လာ ၁၂၅၀ အထိ ကျဆင်းခဲ့ပြီး မေ ၂၃ ရက် တွင် ဒေါ်လာ ၁၂၆၀ အထက်သို့ စရောက်ခဲ့ပြီး မေ ၂၆ ရက်တွင် ၁၂၆၇ေ ဒ်ါလာအထိ၊ မေ ၃၁ ရက်တွင် ၁၂၇၂ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။

ပြီးခဲ့သော ဧပြီလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်းသည် ကျပ် ၈၉၄၇၀၀ (ဧပြီ ၃ ရက်) ဖြစ်ပြီး အမြင့်ဆုံးနှုန်းသည် ကျပ် ၉၁၁၈၀၀ (ဧပြီ ၁၈ ရက်) ဖြစ်ပြီး မတ် ၃၁ ရက် တွင် ကျပ် ၈၉၈၉၀၀ သာ ရှိခဲ့ခြင်းဖြစ်သည်။ ဧပြီ လအတွင်း ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် သင်္ကြန်မတိုင်မီ ဧပြီ ၁၂ ရက် တွင် ကျပ် ၉၀၉၈၀၀ အထိ ရောက်ရှိခဲ့ပြီး သင်္ကြန်ကာလပြီးနောက် ဈေး ကွက်ပြန်ဖွင့်သည့် ဧပြီ ၁၈ ရက်တွင် ကျပ် ၉၁၁၈၀၀ ဖြင့် စံချိန်သစ် တင်ခဲ့ သည်။

ဧပြီ ၄ ရက်ကစပြီး မေ ၃ ရက်အထိ ပြည်တွင်းရွှေဈေးသည် ကျပ် ၉၀၀၀၀၀ အထက်၌ တည်ရှိခဲ့ခြင်းဖြစ်ပြီး မေ ၄ ရက်မှ စ တင်ကာ ကျပ် ၉၀၀၀၀၀ေ အာက်ဆင်းခဲ့ကာ မေ ၁၀ ရက်တွင် ကျပ် ၈၉၁၄၀၀ အထိ ကျဆင်းခဲ့သည်။

ထို့နောက် မေလလယ် ၁၅ ရက်တွင် ကျပ် ၈၉၅၀၀၀ အထိ ပြန်တက်ခဲ့ ကာ မေ ၁၆ ရက်စပြီး ကျပ် ၉၀၀၀၀၀ အထက်သို့ ပြန်လည် ရောက်ရှိခဲ့ သည်။ မေ ၁၈ ရက် နံနက်ပိုင်းတွင် ကျပ် ၉၁၁၀၀၀ အထိ ရောက်ရှိခဲ့ပြီး မေ ၁၉ ရက်တွင် ကျပ် ၉၀၁၉၀၀ သို့ ပြန်လည် ကျဆင်းခဲ့သည်။ ထို့နောက် က မ္ဘာ့ရွှေဈေးနှုန်း မြင့်တက် လာခြင်းကြောင့် မေ ၂၃ ရက်တွင် ကျပ် ၉၀၉၃၀၀ အထိ ပြန်တက်ခဲ့ပြီး မေ ၂၄ ရက်တွင် ကျပ် ၉၀၃၆၀၀ သို့ ပြန်ကျခဲ့သည်။

ထို့နောက် မေ ၂၅ ရက်တွင် ကျပ် ၉၀၆၇၀၀၊ မေ ၂၆ ရက်တွင် ၉၀၇၁၀၀ ၊ မေ ၂၇ ရက်တွင် ကျပ် ၉၀၈၅၀၀ အထိ မြင့်တက်ခဲ့ပြီး မေ ၂၈ ရက်တွင် ကျပ် ၉၀၈၁၀၀၊ မေ ၂၉ ရက်တွင် ကျပ် ၉၀၆၀၀၀ အထိ ကျဆင်းခဲ့ကာ မေ ၃၀ ရက်တွင် ကျပ် ၉၀၇၅၀၀၊ မေ ၃၁ ရက်တွင် ကျပ် ၉၀၆၄၀၀၊ ဇွန် ၁ ရက် တွင် ၉၀၆၆၀၀ ၀န်းကျင် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ...

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦးအကြောင်း...

နှစ်ပေါင်း ၅၀၀ အတွင်း မိုးတစ်စက်မျှ မရွာသွန်းခဲ့သော ကမ္ဘာ့အခြောက်သွေ့ဆုံး သဲကန္တာရ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တိုင်း တွေ့ရသည့် ဆန်းကြယ်သောပု စ္ဆာ...

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စားနေ...

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service