အစိုးရအသုံးမပြုတော့သည့် လယ်ယာမြေများ အမြန်ဆုံး ပြန်လည် ပေးအပ်ရန် လုပ်ဆောင်နေဟု ဦးဝင်းထိန်ပြောကြား

အစိုးရအသုံးမပြုတော့သည့် လယ်ယာမြေများ အမြန်ဆုံး ပြန်လည် ပေးအပ်ရန် လုပ်ဆောင်နေဟု ဦးဝင်းထိန်ပြောကြား - Property News in Myanmar from iMyanmarHouse.com
5 Jun 2017 10:10 am တွင် တင်ခဲ့သည်
819 ကြိမ် ကြည့်ရှု့ပြီး
အသုံးမပြုတော့သည့် လယ်ယာမြေများကို အမြန်ဆုံး ပြန်လည် ပေးအပ်ရန် လုပ်ဆောင်နေကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အ မှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ပြောသည်။

ဇွန်လ ၄ ရက်က နေပြည်တော်စည်ပင် ဧည့်ရိပ်သာရှိ ယူနီစန် စားသောက် ဆိုင်အတွင်း ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ် အမှု ဆောင် အစည်းအဝေးအပြီးတွင် ဦးဝင်းထိန်က မီဒီယာများနှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘ဒုတိယသမ္မတ ခေါင်း ဆောင်တဲ့မြေယာတွေ ပြန်လည် ပေးအပ်ရေးအတွက် တိုင်းနဲ့ပြည်နယ်အလိုက် လိုအပ်ချက်တွေ ဆွေးနွေးကြတယ်။ အခုနောက် ပိုင်းမှာ မြေယာတွေ ပေးဖို့ အစီအ စဉ် ရှိတယ်။ ၈၈ နောက်ပိုင်းမှာ လုပ်တဲ့ ဟာတွေကို ပြန်စိစစ်ပြီး တော့ အစိုးရသိမ်းပြီးတော့ အသုံး မပြုတော့တဲ့ ဟာတွေကို ပြန်ပေး မယ်။ အချိန်ကတော့ အမြန်ဆုံး လုပ်ခိုင်းတာပေါ့’’ဟု ၎င်းက ပြော သည်။

လယ်ယာမြေနှင့် အခြားမြေ များ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည် စိစစ်ေ ရးဗဟိုကော်မတီ လက်ထက် ၂၀၁၆ မေလမှ ၂၀၁၇ မတ်လ အတွင်း နြေ ပည်တော် အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် ၁၅ ခုတွင် သက်ဆိုင်ရာဝန် ကြီးဌာနများက မြေယာပြန်လည် စွန့်လွှတ်မှု စုစုပေါင်း မြေဧက ၁၆,၉၄၅ေ ကျာ် ရှိခဲ့၍ ယင်းတို့ထဲမှ မြေဧက ၁၁,၁၀၆ ဧကကျော်ကို မူလပိုင်ရှင်ထံ ပြန် လည် လွှဲအပ်ခဲ့ ကာ မြေဧက ၅,၈၃၈ ဧကကျော် ကို မူလပိုင်ရှင်ထံ ပြန် လည် လွှဲ ပြောင်းပေးရန် စိစစ်နေကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ယခင်အစိုးရလက်ထက် မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ သို့ ပြန်လည်အပ်နှံ လာသော စွန့်လွှတ်မြေယာ ၄၁၉,၇၇၁ ဧကကျော်ရှိခဲ့၍ ၎င်းတို့ ထဲမှ ၂၀၁၇ မတ်လကုန်အထိ မြေယာ ၄၁၂,၂၄၈ ဧကကျော်ကို သက်ဆိုင်သူများထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကာ မြေ ၇,၅၂၃ ဧက ကျော်ကို မူလပိုင်ရှင်များထံ လွှဲ ပြောင်းပေးအပ်ရန် စီစဉ်နေ ကြောင်း လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟိုကော်မတီ က ထုတ်ပြန်ကြေညာထားသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ...

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦးအကြောင်း...

နှစ်ပေါင်း ၅၀၀ အတွင်း မိုးတစ်စက်မျှ မရွာသွန်းခဲ့သော ကမ္ဘာ့အခြောက်သွေ့ဆုံး သဲကန္တာရ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တိုင်း တွေ့ရသည့် ဆန်းကြယ်သောပု စ္ဆာ...

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စားနေ...

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service