ကမ္ဘာအေးဘုရားလမ်းနှင့်ကံဘဲ့လမ်းထောင့်ရှိ Harmony Square
စီမံကိန်းမှာ ၂၀၁၈ခုနှစ် ကုန်တွင်ပြီးစီးမည်
သဟဇာတဖြစ်မှုကို ဦးစားပေး ဒီဇိုင်းရေးဆွဲထားသည့် Harmony Square သည် လူအများ လာရောက် အပန်းဖြေနိုင်မည့် နေရာဖြစ်လာမည် ဖြစ်ပြီး လှပသော အင်းယားကန် သဘာဝရှုခင်းများနှင့် မြို့ပြပုံစံ ကို စည်းချက်ညီအောင် ဖန်တီးထားသည့် စံပြဥပမာတစ်ခုလည်း ဖြစ်လာမည် ဖြစ်သည်။
The Central Project သည် ရန်ကုန်တွင် ပိုမို အဆင်ပြေစေမည့် လူအများအပန်းဖြေနိုင်သည့် နေရာများ လိုအပ်ကြောင်းကို သိရှိပြီး ဖြစ်၍ လူထုအတွက် ထိုသို့ နေရာများ ဖန်တီးသွားရန် ရည်ရွယ်ထားသည်။
စီမံကိန်းတွင် ပထမဆုံး နိုင်ငံတကာ ဈေးဝယ်လျှောက်လမ်း တစ်ခု ပါဝင်လာမည်ဖြစ်ကာ အဆင့်မြင့်လူနေတိုက်ခန်း ဈေးဝယ်စင်တာနှင့် ရုံးခန်းများပါဝင်မည်ဖြစ်ကြောင်းသိရသည် ။
စီမံကိန်း အတွက် အုတ်မြစ်ချခြင်းကို ရန်ကုန်တိုင်းဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင်မေ ၃၀ရက်က အခမ်းအနားဖြင့်တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
The central သည် MargaLandmark ကုမ္ပဏီ မှတည်ဆောက်နေခြင်းဖြစ်ပြီး စီမံကိန်းကိုပြီးခဲ့သည့် နှစ်ထဲက စတင်ရန်ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
လူ နေအခန်း နှင့် ရုံးခန်းများကို Margalandmark က ယခုနှစ် တွင် စတင်ရန်ရည်ရွယ်ထားသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com