အခုနောက်ပိုင်းရွှေထည်တွေကို ချက်ချင်းလက်ငင်းမဝယ်နိုင်သူတွေအတွက် အဆင်ပြေဖို့ အွန်လိုင်မှာ အရစ်ကျရောင်းချပေးနေပါတယ်။
အွန်လိုင်းမှာ ရွှေတွေကို အရစ်ကျရောင်းချသူ မအိအိဖွေးက ' အစ်မတို့က
လက်ငင်းမဝယ်နိုင်တဲ့သူတွေအတွက်ကိုအဓိကရည်ရွယ်တာပေါ့ ၊ အရစ်ကျစနစ်နဲ့ ရောင်းတယ်ဆိုတော့ အပြင်ဈေးနဲ့
တော့နည်းနည်းကွာတယ်၊ ရောင်းချတဲ့ ပုံစံက လေးလခွဲပေးရမှာပါ ၊ တန်ဖိုးပေါ်မူတည်ပြီး တစ်လကို ကျပ် ၅ဝ,ဝဝဝ
ဖြစ်ချင်ဖြစ်မယ် ၊ ၄ဝ,ဝဝဝ ၊ ၃ဝ,ဝဝဝ ဖြစ်ချင်ဖြစ်နိုင်မယ်' လို့ ပြောပါတယ်။
ရွှေထည်တွေကို အရစ်ကျ ဝယ်ယူမယ်ဆိုရင် မှတ်ပုံတင် ၊ လိပ်စာ ၊ သန်းခေါင်စာရင်နဲ့ ထောက်ခံစာ
တချို့လိုအပ်ပါတယ် ။ပထမအရစ်မှာ ကျပ် ၅၀,၀၀၀ သွင်းတယ်ဆိုရင် နောက်တစ်ရစ်မှာက တဖြည်းဖြည်း လျှော့သွားမှာပါ။ ၁၅ပဲရည်တွေကိုပဲ ရောင်းချပေးပါတယ်။
ငွေကို တစ်လုံးတစ်ခဲတည်း မပေါ်ရဘဲ ခွဲသွင်းနိုင်တာကြောင့် ဝယ်ယူသူတွေ အဆင်ပြေနိုင်မှာဖြစ်ပါတယ် ။အားနည်းချက်က တော့ ရွှေဆိုင်ကြီးတွေမှာလို ကိုယ့်စိတ်ကြိုက်ရွေးဝယ်နိုင်မှာ မဟုတ်ပါဘူး။အွန်လိုင်းမှာ
ရောင်းချနေတာကိုသာ ဝယ်ယူနိုင်တာကြောင့် ရွေးချယ်ဖို့
နည်းပါးသွားပါတယ် ။အရစ်ကျဝယ်ယူတဲ့အခါမှာ
ငွေကိုပထမဆုံး အကြိမ်သွင်းပြီးပြီးဆိုရင် ရွှေထည်ရော
အလေချိန်၊ သွင်းရမယ့် ငွေပမာဏ ၊ အရစ်ကျဝယ်ယူတဲံ
ဈေးနှုန်းတွေကိုပါ တစ်ခါတည်း ထည့်ပေးလိုက်မှာ ဖြစ်ပါတယ်။
Credit: The Modern