Shwe Zabu River View ကွန်ဒိုမီနီယံအရောင်းပြပွဲကို ဇွန်လ ၃ ရက်နဲ့ ၄ ရက်မှာ အလုံမြို့နယ် ကမ်းနားလမ်း Shwe Zabu River View ကွန်ဒို မြေညီထပ်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ် ။
Shwe Zabu River View ကွန်ဒိုဟာ တာဝါလေးလုံးရှိပြီး အခန်းပေါင်း ၁၀၄ ခန်းရှိပါတယ် ။ လက်ရှိရောင်းချမယ့်အခန်းကတော့ အခန်း ၂၀ ကျော်ရှိပါတယ် ။ အခန်းအကျယ်တွေကတော့ စတုရန်းပေ ၂၀၀၀ ကျော်ရှိပါတယ် ။ ဈေးနှုန်းတွေကတော့ သိန်းထောင်ကျော်တန်တွေ ဖြစ်ပါတယ် ။
ဝယ်ယူသူတွေအနေနဲ့ ပထမဆုံး ၃၀ ရာခိုင်နှုန်း ပေးသွင်းနိုင်ပြီးတော့
ကျန် ၇၀ ရာခိုင်နှုန်းကို ဘဏ်နဲ့ချိတ်ဆက်ပြီး သုံးနှစ်ကနေ ၁၅ နှစ်အထိ အရစ်ကျ ဝယ်ယူနိုင်ပါတယ် ။ ပြပွဲအချိန်ကတော့ မနက် ၉:၀၀ နာရီကနေ
ညနေ ၅:၀၀ နာရီအထိ ဖြစ်ပါတယ် ။
‘ကွန်ဒို အခန်းတွေရဲ့ လစဉ်ငှားရမ်းခက ဒေါ်လာ ၃၀၀၀ ရရှိနိုင်ပြီး အငှားစာချုပ်ပါ လွှဲပြောင်းရောင်းချပေးပါမယ် ၊ ခုလက်ရှိမှာတော့
ကျွန်တော်တို့ အနေနဲ့ ရိုးမဘဏ်နဲ့ ချိတ်ဆက်ထားပါတယ် ။ ပြီးတော့ သားစဉ်မြေးဆက် လက်ဆင့်ကမ်း ပိုင်ဆိုင်နိုင်ပါမယ်’ လို့ iMyanmarHouse ရဲ့ မန်နေဂျင်းဒါရိုက်တာ ကိုနေမင်းသူက ပြောပါတယ် ။
Shwe Zabu River View ကွန်ဒိုဟာ နိုင်ငံတကာအဆင့်မီ စင်ကာပူနည်းပညာနဲ့ လှပစွာ တည်ဆောက်ထားတဲ့ ကွန်ဒိုမီနီယံဖြစ်ပြီး ရွှေတိဂုံစေတီတောမြတ်ကြီးနဲ့ ရန်ကုန်မြစ်ရဲ့ မြင်ကွင်းအလှအပတွေကို ရှု့မြင်ခံစားနိုင်ပါတယ် ။ မြေအကျယ်အဝန်းကတော့ ၁.၅ ဧကရှိတဲ့ အလုံမြို့နယ် ၊ ကမ်းနားလမ်းမကြီးပေါ်မှာ ဆောက်လုပ်ထားတာ
ဖြစ်ပါတယ် ။
အခန်းဖွဲ့စည်းပုံကတော့ ကွန်ဒိုနေ မိသားစုတွေ သက်သောင့်သက်သာ နေထိုင်နိုင်အောင် ကျယ်ဝန်းတဲ့ အခန်းတွေ ဖွဲ့စည်းပေးထားသလို လေကောင်းလေသန့်နဲ့ အလင်းရောင်ကောင်းကောင်းရရှိနိုင်အောင်
double glass မှန်တွေ တပ်ဆင်ထားတာကြောင့် အသံလုံခြင်းနဲ့ အအေးဓါတ်ကို ထိန်းထားပေးနိုင်ပါတယ် ။ ဘိုထိုင် ၊ ဘေစင်တေါကိုလည်း ဘရန်းတွေသာ တပ်ဆင်ပေးထားပါတယ် ။မီးဖိုခန်းတွေမှာ အဆင့်မြင့်
kitchen Counter နဲ့ Cabinet တွေ တပ်ဆင်ပေးထားသလို မီးဖိုခန်းနံရံနဲ့ ကြမ်းခင်းတွေကို ကြွေပြားအပြည့် ကပ်ပေးထားပါတယ် ။
Centralized Antenna System တပ်ဆင်ပေးထားတာကြောင့် သီခြားအင်တာနာတွေ ၊ စလောင်းတွေ တပ်ဆင်ဖို့ မလိုအပ်ပါ ဘူး ။ လိုင်းဖုန်းတစ်လုံးပါရှိတာရယ် ၊ အိမ်အဝင် Main Door ကို
ခန့်ညားလှပအောင် Security Door တွေကို တပ်ဆင်ပေးထားသလို ကွန်ဒိုအခန်း တစ်ခန်းစီအတွက် ကားပါကင် တစ်စီးစီ ထားရှိပေးထားပါတယ် ။
ပါဝင်တဲ့ facilities ကတော့ ၂၄ နာရီဖွင့်တဲ့ မီနီမတ် ၊ ရုပ်ရှင်ရုံနဲ့ ကာရာအိုကေ ၊ ကားပါကင်တွေ ၊ ရေကူးကန်တွေ ၊ အားကစားခန်းမ ၊ အလှပြင်ဆိုင် ၊ ကလေးအားကစားကွင်းနဲ့ အရေးကြီးအစည်းအဝေးတွေ ပြုလုပ်နိုင်တဲ့ Ambassador Lounge တွေ ပါဝင်ပါတယ် ။
ဒါ့ပြင် ၁၃ ယောက်စီးဓါတ်လှေကားရှစ်စီး ၊ ၂၄ နာရီ လျှပ်စစ်မီးအပြည့်အဝ ရရှိနိုင်တဲ့ မီးစက်နှစ်လုံး ၊ လုံခြုံရေးစနစ် ၊ ဗီဒီယိုဖုန်းနဲ့ စီစီတီဗီ ၊ မီးဘေးအန္တရာယ်အတွက် ဂါလန် ၃၀၀၀၀ ဆံ့ မီးသတ်ရေကန်နဲ့ firealarm system တွေ တပ်ဆင်ပေးထားပါတယ် ။
Credit: The Modern