အရောင်းအဝယ်ဖြစ်မှုနည်းပါးလွန်းနေတဲ့ မန္တလေးမြို့ အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်မှာ
တန်ဖိုးနည်းအိမ်ခြံမြေတွေကိုသာ ဆက်လက်အားထားအလုပ်လုပ်နေကြရကြောင်း အိမ်မြေ
အကျိုးဆောင်တချို့ က ပြောပါတယ်။
အိမ်ခြံမြေအကွက်အကွင်းမလှတဲ့ဧရိယာတွေမှာ ဈေးနှုန်းတွေအနည်းငယ်ပြောင်းလဲကျဆင်းတာ
တွေရှိနေတဲ့နည်းတူ အရောင်းအဝယ်ဖြစ်မှုကလည်း နည်းပါးလွန်းနေတာကြောင့် အိမ်ခြံမြေ
အကျိုးဆောင်အများစု အကျပ်အတည်းတွေ့နေကြရပါတယ်။
ဒီအခြေအနေမှာ တန်ဖိုးကြီးမားတဲ့အိမ်မြေတွေက အရောင်းအဝယ်မဖြစ်သလောက်ရှိနေပြီး
တန်ဖိုးနိမ့်နဲ့အငှားဈေးကွက်ကိုသာ အချိန်အတန်ကြာဆက်လက်အားထားလုပ်ကိုင်နေကြရဦး
မယ်လို့အများစုက ယူဆကြပါတယ်။ အိမ်ခြံမြေတန်ဖိုး အလယ်အလတ်တန်းလို့ဆိုရမယ့်
ထန်းကိုးပင်၊ အောင်ပင်လယ်၊ မြရည်နန္ဒာ စတဲ့ဧရိယာတွေမှာရှိတဲ့ အိမ်မြေတွေဟာ ရှေ့အလား
အလာအရ မျက်စိကျစရာကောင်းနေပေမဲ့ အရောင်းအဝယ်နှေးကွးနေဆဲပဲ ဖြစ်ပါတယ်။
ဝယ်ယူဖို့စဉ်းစားသူကလည်း ဈေးကွက်အနေအထားအရ
ဈေးကောင်းမပေးချင်၊ ရောင်းလက်က
လည်း လက်ထဲသာ ဆက်လက်ဆုပ်ကိုင်ထားတဲ့ အခြေအနေမှာပဲ ဈေးကွက်က ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေမှာ
တန့်နေပါတယ်။ ရင်းနှီးမြှုပ်နှံဖို့ စိတ်ကူးနဲ့ဝယ်ယူသူမရှိသလောက်
နည်းပါးနေတဲ့ လက်ရှိကာလမှာ လူနေထိုင်မှုအသားကျနေတဲ့ အိမ်မြေဧရိယာတွေက ခေါ်ဈေး
ကောင်းနေဆဲဖြစ်ပါတယ်။
ဒီဧရိယာတွေထဲမှာ ကျပ်သိန်း ၃,၅ဝဝ ဝန်းကျင် အနေအထားလှတဲ့ အိမ်မြေအများစုကဈေးနှုန်း
မာနေဆဲ၊ အမှန်တကယ်နေထိုင်လိုသူတွေနဲ့ ဈေးကွက်တောင်းဆိုမှုရှိ
ဆဲဖြစ်ပြီး လက်ထဲရှိတာနဲ့ စုဆောင်းဝယ်ယူသူတွေကတော့ တည်နေရာအနေအထားထက် ကျပ်သိန်း ၅ဝဝ အောက် နှုန်း
တန်းတွေကိုသာ အများဆုံးစဉ်းစားနိုင်ပြီး ဒီနှုန်းတန်းမှာပဲ အများဆုံးအလုပ်ဖြစ်နေကြတယ်လို့
အကျိုးဆောင်တချို့က ပြောပါတယ်။
ဝင်ငွေခွန်၊ ရာပြတ်တန်ဖိုးနှုန်းထားတွေကြောင့် အိမ်မြေဈေးကွက်ဟာ အရောင်းအဝယ်ဆက်ငြိမ်သက်နေဖို့ရာခိုင်နှုန်းများနေပြီး ဈေးနှုန်းအလယ်အလတ်နဲ့ အနိမ့်တန်းတွေသာ အများဆုံးအလုပ်
ဖြစ်နေဦးမယ်လို့ အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။
Credit: Myanmar Times