မန္တလေးတိုင်းရှိ ရပ်နားထားသည့် စီမံကိန်းများ ပြန်လည်လုပ်ကိုင်ခွင့်ပြုတော့မည်

မန္တလေးတိုင်းရှိ ရပ်နားထားသည့် စီမံကိန်းများ ပြန်လည်လုပ်ကိုင်ခွင့်ပြုတော့မည် - Property News in Myanmar from iMyanmarHouse.com
3 Apr 2017 9:50 am တွင် တင်ခဲ့သည်
1453 ကြိမ် ကြည့်ရှု့ပြီး
ယာယီရပ်ဆိုင်းထား သည့် မန္တလေးတိုင်းဒေသကြီးအ တွင်း အကောင်အထည်ဖော်တည် ဆောက်နေသည့် စီမံကိန်းများကို ပြန်လည်လုပ်ကိုင်ခွင့်ပေးတော့ မည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြော ကြားသည်။

‘‘ဒီတစ်နှစ်တာအတွင်းက အရင်ဟာတွေရှင်းနေရတာနဲ့ ရှေ့မတက်နိုင်ဘူး။ ဒါပေမဲ့ ဒုတိယ နှစ်မှာဆိုရင် စပြီးတော့ တစ်ဦး ချင်းလုပ်တဲ့ စီမံကိန်းတွေ
လည်း စိစစ်ပြီး ပြန်ခွင့်ပြုနေတယ်။ စလုပ်ခွင့်ပေးတော့မယ်။ လိုက်နာရမယ့် စည်းကမ်းတွေကတော့ အကုန် လိုက်နာရပါမယ်’’ဟု ၎င်းက ပြောကြားသည်။

အစိုးရသက်တမ်း တစ်နှစ် အတွင်း ယခင်လုပ်ဆောင်ခဲ့သည့် စီမံကိန်းများနှင့် ပတ်သက်၍ ဥပဒေနှင့် ညီ၊ မညီ၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝအပေါ် ထိခိုက်မှု ရှိ၊ မရှိ၊ အများပြည်သူ အကျိုးပြု၊ မပြု စသည့်အချက် များ ပြန်လည်စိစစ်ခဲ့ပြီး လက်ရှိတွင် စည်းကမ်းနှင့်အညီ လုပ်ဆောင်မည့် စီမံကိန်းများကို ပြန်လည်ခွင့်ပြုတော့မည်ဟု မန္တလေးတိုင်းဝန်ကြီးချုပ်
ဒေါက် တာဇော်မြင့်မောင်က ပြောသည်။

ယခင် စီမံကိန်းများသည် ဥပဒေ စည်းကမ်းများနှင့်အညီ အစီအစဉ်
တကျ လုပ်ဆောင်ခဲ့မှု အားနည်းခဲ့၍ ပြန်လည်စိစစ်နေရကာ
လုပ်ကိုင်ခွင့်ပြုရန် ကြန့်ကြာ နေရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့သစ် တာဝန်ယူပြီး နောက် ယခင်အစိုးရလက်ထက် က ခွင့်ပြုခဲ့ကာ လုပ်ကိုင်နေသည့် စီမံကိန်းလုပ်ငန်းအချို့ကို ယာယီ ရပ်ဆိုင်းခဲ့သည်။

‘‘တိုင်းအစိုးရက အစ်ကိုတို့ ကို ပြန်ခွင့်ပြုလိုက်ပြီ။ MIC (မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်)ရဲ့ ခွင့်ပြုချက်တော့ ကျန်နေသေး တယ်။ လုပ်ထုံးလုပ်နည်းအရ ကျန်နေသေးတာပေါ့။ MIC ရဲ့ ခွင့်ပြုမိန့်စာထွက်တာနဲ့ လုပ်ငန်း ပြန်စလို့ရနေပါပြီ’’ ဟု ဦးပိန် တံတားအနီး တောင်သမန်အင်း စောင်းတွင် အကောင်အထည် ဖော်နေသည့် တောင်သမန်သစ္စာ အပန်းဖြေဟိုတယ်စီမံကိန်း ပြန် ကြားရေးတာဝန်ခံ ဦးခင်မောင် ထွန်းက ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်

imyanmarmarket
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service