တရုတ်နိုင်ငံပိုင် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော ဟောင်ကောင်ဒေသတွင် အသစ်စက်စက်ရွေးကောက်ခံထားရကာ လာမည့်ဇူလိုင်တွင် စတင်တာဝန်ထမ်းဆောင်မည့် ခေါင်းဆောင်
ကယ်ရီလမ်က သူမသည် ဟောင်ကောင်ရှိ မြင့်တက်နေ
သည့် လူနေအိမ်ခြံမြေဈေးနှုန်းများကို
လျှော့ချရန် သံန္နိဋ္ဌာန်ချထားကြောင်း ယခုသီတင်းပတ်
အင်္ဂါနေ့ (မတ် ၂၈) က ပြောကြားခဲ့သည်။
ယင်းအိမ်ခြံမြေဈေးနှုန်းမြင့်တက်မှုသည်
ဟောင်ကောင်တွင် အလုပ်လုပ်နေသည့် နိုင်ငံခြားသားများ
ရင်ဆိုင်နေရသည့် အဓိကပြဿနာများအနက်
တစ်ခုဖြစ်သည်။
ကမ္ဘာ့အိမ်ခြံမြေဈေးအကြီးမြင့်ဆုံးမြို့အဖြစ်
ထိပ်တန်းစာရင်းအများအပြားတွင် ဖော်ပြခံနေရသည့်
ဟောင်ကောင်၏ တိုးတက်မှုကို ချုပ်ကိုင်ကန့်သတ်နေသည့် အဓိကကိစ္စရပ်နှစ်ခုမှာ အလုပ်သမားနှင့် မြေတို့ဖြစ်ကြောင်း တရုတ်အစိုးရလိုလားသည့် လမ်က
မတ် ၂၈ က ကျင်းပခဲ့သည့်ရင်းနှီးမြှုပ်နှံမှုအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
"မြေကိစ္စနဲ့ပတ်သက်လို့ ကျွန်မဦးဆောင်မယ့်အစိုးရသစ်လက်ထက်မှာ သေချာကိုင်တွယ်ဖို့ကျွန်မသေသေချာချာစိတ်ပိုင်းဖြတ်ထားပါတယ်"
ဟု သူမက ထိုအစည်းအဝေးသို့ တက်ရောက်
လာသည့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် ဘဏ္ဍာရေးကျွမ်းကျင်
ပညာရှင်များ စုစုပေါင်း ၂၀၀ ဦးသို့ ပြောကြားခဲ့သည်။
သူမက မဲဆွယ်စဉ်ကလည်း သူမသည် အိမ်ရာများအတွက် မြေပိုမိုပံ့ပိုးပေးခြင်းဖြင့် ထိုအိမ်ဈေးမြင့်
သည့်ပြဿနာကို ကိုင်တွယ်ဖြေရှင်းမည်ဟု ကတိပေးခဲ့ဖူးသည်။
ယခင်ခေါင်းဆောင်ဟောင်း ချွန်ယင်ကလည်း
မြင့်မားနေသည့် အိမ်ဈေးနှုန်းအား လျှော့ချရေးကို
အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရေးအစီအစဉ်များစွာ ချမှတ်၍ အထူးအလေးပေးဆောင်ရွက်
ခဲ့သည်။ သို့သော်လည်း မအောင်မြင်ခဲ့ဘဲ
သာမန်ဒေသခံများ
အတွက် လက်လှမ်းမမှီဆဲပင် ဖြစ်ခဲ့သည်။
လမ်သည် လာမည့် ဇူလိုင် ၁ ရက်တွင် ဟောင်ကောင်ခေါင်းဆောင်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်သည်။ ထိုနေ့သည် ဟောင်ကောင်အား
ဗြိတိန်က နယ်ချဲ့သိမ်းပိုက်ထားခဲ့ရာမှ တရုတ်ထံသို့
ပြန်လည်လွှဲပြောင်းပေးအပ်သည့် နှစ် ၂၀ ပြည့်
အထိမ်းအမှတ်နေ့ဖြစ်သည်။ ၎င်းအခမ်းအနားသို့တရုတ်သမ္မတ
ရှီကျင်ဖင်း တက်ရောက်မည်ဟု ခန့်မှန်းရသည်။
ဟောင်ကောင်၏ ၀န်ကြီးချုပ်ဟောင်း လမ်သည် ဟောင်ကောင်
အထူးဒေသ၏ ခေါင်းဆောင်သစ်အဖြစ် ပြီးခဲ့သည့် တနင်္ဂနွေ
(မတ် ၂၆) တွင် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com