ယခုနှစ် ဖေဖော်ဝါရီတွင် မြေစိုက်အိမ်မဟုတ်သည့် စင်္ကာပူပုဂ္ဂလိကအိမ်များ၏ ဈေးနှုန်းများသည် ဇန်န၀ါရီအောက် ၀ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ ဇန်န၀ါရီကျဆင်းနှုန်း(၂၀၁၆ ဒီဇင်ဘာ
အောက် ဇန်န၀ါရီတွင်) ၀ ဒသမ ၁ ရာခိုင်နှုန်းထက်ပင် ပိုမိုကျဆင်းခဲ့ကြောင်း NUS စင်္ကာပူလူနေအိမ်ဈေးညွှန်းတမ်းစာရင်းက ဖော်ပြခဲ့သည်။
စတုရန်းမီတာ ၅၀၆ မီတာနှင့်အောက် အကျယ်အ၀န်းရှိ တိုက်ခန်းကျဉ်းများမှအပ ဖေဖော်ဝါရီတွင် စင်္ကာပူအလယ်ပိုင်းရှိ အိမ်ဈေးနှုန်းများသည် ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ဇန်န၀ါရီတွင်
ဝ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းနှင့် ပြောင်းပြန်ဖြစ်ခဲ့သည်။ အလယ်ပိုင်းမဟုတ်သော ကျန်နံဘေးတစ်ဝိုက်နေရာတွင် ဈေးနှုန်းများသည်
ဇန်န၀ါရီကထက် ဖေဖော်ဝါရီတွင် ၀ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ဇန်န၀ါရီကမူ ၀ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဖြစ်ရာ ဖေဖော်ဝါရီတွင် သိသိသာသာပြောင်းပြန်ဖြစ်ခဲ့သည်။
စတုရန်းမီတာ ၅၀၆ မီတာနှင့်အောက် အကျယ်အ၀န်းရှိ တိုက်ခန်းကျဉ်းများ၏ ဈေးနှုန်းများမှမူ ဇန်န၀ါရီက ၀ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ဖေဖော်ဝါရီတွင် ၀ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
စင်္ကာပူတွင် အစိုးရက အိမ်ခြံမြေစည်းမျဉ်းများကို တဖြည်းဖြည်းဖြေလျှော့လာလျက်ရှိပြီး ရှေ့ဆက်
လည်း ဆက်လက်ဖြေလျှော့လာနိုင်သည့်တိုင် စင်္ကာပူရှိ၏
အိမ်ဈေးများသည် ဆက်လက်ကျဆင်းနိုင်ဖွယ်ရှိကြောင်း Fitch Ratings ကမ္ဘာ့အကဲဖြတ်ကုမ္ပဏီက ယခုလ မတ် ၁၅ က ခန့်မှန်းချက်
ထုတ်ပြန်ခဲ့သည်။
စင်္ကာပူနိုင်ငံတွင် အိမ်ဈေးများသည် လာမည့်နှစ်နှစ်အတွင်း ငါးရာခိုင်နှုန်းအထိ ကျဆင်းနိုင်ခြေရှိနေကြောင်း ၎င်းတို့က ခန့်မှန်းခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီတွင် ဇန်န၀ါရီကထက် စင်္ကာပူပုဂ္ဂလိကအိမ်ဈေးများ ကျဆင်းခဲ့သော်လည်း ရောင်းအားမှာမူ ၁၅၅ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စင်္ကာပူမြို့ပြပြန်လည်ဖွံ့ဖြိုး
တိုးတက်မှုအာဏာပိုင်အဖွဲ့ URA ၏ မတ် ၁၆ က
ထုတ်ပြန်ချက်အရ သိရသည်။
စင်္ကာပူသည် ဇိမ်ခံအိမ်များကို ၀ယ်ယူရန် သင့်လျော်သော ကမ္ဘာ့ထိပ်တန်းဈေးကွက်များ
အနက် တစ်ခုအဖြစ် ပေါ်ထွက်လာပြီဖြစ်ကြောင်း၊ အဘယ်ကြောင့်
ဆိုသော် ၂၀၁၀ ပြည့်နှစ်ကတည်းက ပိုမိုတတ်နိုင်သည်ထက်
တက်နိုင်လာစေသော ဈေးနှုန်းများကြောင့်
ဖြစ်ကြောင်း ကမ္ဘာ့အိမ်ခြံမြေ၀န်ဆောင်မှုထိပ်တန်းကုမ္ပဏီ JLL ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com