ပြည်တွင်းရွှေဈေးဟာ ဧပြီလအတွင်းမှာ တစ်ကျပ်သားကို ကျပ် ၉၂၀,၀၀၀ အထိမြင့်တက်နိုင်တယ်လို့ ရွှေဈေးလေ့လာသုံးသပ်သူတွေက ခန့်မှန်းပါ တယ် ။
ဧပြီလမှာ ရွှေဈေးတွေက နည်းနည်းကျ များများတက်အနေအထားနဲ့ သွားနို င်ပါတယ် ။ ရွှေဈေးကျလည်း ခဏပဲဖြစ်နိုင်ပါမယ် ။ ပြီးရင်တော့ ဈေးကွက် လားရာက ၉၂၀,၀၀၀ ဝန်းကျင်ကို ရောက်သွားနိုင်တယ်လို့ ရွှေဈေးကွက်
လေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ် ။
မတ်လအတွင်းမှာ မြင့်တက်လာခဲ့တဲ့ ရွှေဈေးဟာ ဧပြီလမှာလည်း ကျပ် ၉၂၀,၀၀၀ ဝန်းကျင်ကို ရောက်ရှိနိုင်မယ်လို့ သုံးသပ်ကြပါတယ် ။ ကမ္ဘာ့နိုင် ငံရေး မတည်ငြိမ်မှုတွေနဲ့ ရွှေဝယ်လိုအားများလာခြင်းက ရွှေဈေးအတက်ကို အားပြုစေခဲ့ပါတယ် ။
အခုရာသီဟာ အိန္ဒိယရွှေဝယ်ရာသီဖြစ်ပြီး ပြည်တွင်းမှာလည်း ဧပြီလမှာေ ပးဆောင်ရမယ့် အခွန် အတုတ်တွေကြောင့် ရွှေ ဝယ်လိုအား မြင့်တက်နေ ပါတယ် ။ ဈေးကွက်ထဲ ရွှေကုန်ကြမ်းလည်း ရှားပါးလာပါတယ် ။
ရွှေဈေးမြင့်တက်ရခြင်း အကြောင်းရင်းတွေကတော့ ကမ္ဘာမှာ အမေရိကန်ေ ငွတန်ဖိုးကျဆင်းပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်လာခဲ့ပါတယ် ။ အဓိက အကျိုး သက်ရောက်မှုတွေကတော့ အမေရိကန်သမ္မတသစ် ထရမ့်ရဲ့ မသေချာတဲ့ စီးပွားရေးမှုဝါဒတွေကြောင့် ဖြစ်ပြီး ဗြိတိန်ရဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေေ ကြာင့်ပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် အမေရိကန် စတော့ခ်အိတ်ချိန်းတန်ဖိုး ကျ ဆင်းခြင်းကလည်း ရွှေဈေးအပေါ်သက်ရောက်မှုအား ရှိခဲ့ပါတယ် ။ စေ တာ့ခ် အပေါ် ရင်းနှီးမြှုပ်နှံလာတာကြောင့် ကမ္ဘာ့ရွှေဈေးအမြင့်ပိုင်းကို ရော က်ရှိ လာခဲ့ပါတယ် ။
အမေရိကန်ဒေါ်လာအညွန်းကိန်းကလည်း အခုရက်ပိုင်းအတွင်း အဆိုးရွား ဆုံး ကျဆင်းနေပါတယ် ။ ပြည်တွင်းရွှေဈေးဟာလည်း မတ်လ တတိယပတ် မှာ ကျပ်ကိုးသိန်းကျော်ကို ပြန်လည်ရောက်ရှိလာပါတယ် ။ ဒါဟာ နှစ်နှစ် တာအတွင်း တတိယအကြိမ်မြောက် ကိုးသိန်းကျော်ခဲ့တာဖြစ်ပြီး ကိုးနှစ်တာ မှာ တတိယအကြိမ်မြောက် စံချိန်တင် ရွှေဈေးဖြစ်ခဲ့ပါတယ် ။ ပြည်တွင်းေ ရွှဈေးဟာ မတ်လတတိယပတ်မှာ စံချိန်တင်အနေနဲ့ ကျပ် ၉၀၆,၀၀၀ ကိုေ ရာက်ရှိခဲ့ပါတယ် ။
ရွှေဈေးကွက် လေ့လာသုံးသပ်သူတွေက ၂၀၁၇ ဟာ ရွှေဈေး အပြောင်းအ လဲများမယ့် နှစ်အဖြစ် လေ့လာသုံးသပ်ထားပါတယ် ။ သုံးသပ်ချက် အ တိုင်း ရွှေဈေးဟာ တည်ငြိမ်မှုနည်းပြီး အပြောင်းအလဲများနေပါတယ် ။ ၂၀၁၇ ရဲ့ သုံးလတာကာလအတွင်းမှာ ရွှေဈေးဟာ အတက်ပိုင်းကို အား သာခဲ့ပေမဲ့ အတက်ကြီးအတိုင်း သွားတာမဟုတ်ဘဲ အတက်အကျဟာ မြန် ဆန်နေပါတယ် ။
‘ခန့်မှန်းရတော်တော်ခက်တဲ့နှစ်ပါ၊ ရွှေဈေးကို ပြောင်းလဲနိုင်မယ့် ဒေတာတွေကလဲ အပြောင်းအလဲအရမ်းများနေပြီး မတည်ငြိမ်မှုတွေကလည်း ဆက် တိုက်လို ဖြစ်နေတယ် ၊ ဒါ့အပြင်ပြည်တွင်းက အခွန်ကိစ္စတွေနဲ့ ရွှေဈေး ကွက်က ဂယက်ထနေတယ်’ လို့ ရွှေဈေးလေ့လာသုံးသပ်သူ ကိုအောင် ဆန်းက ပြောပါတယ် ။
ပြည်တွင်းမှာ ရွှေဝယ်ယူမှုနဲ့ ပတ်သက်တဲ့ ကုန်သွယ်ခွန် ကောက်ခံမှု က လည်း ရွှေဈေးကွက်ကို လှိုင်းထန်စေခဲ့ပါတယ် ။ မတ်လအ တွင်း ရွှေဝယ် ယူမှုတွေ မြင့်တက်ခဲ့ပြီး ဧပြီလအတွင်းမှာတော့ ဈေးကွက်ကို ထပ်မံစောင့် ကြည့်ရမှာ ဖြစ်ပါတယ် ။
အခြားကုန်စည်တွေနဲ့ သဘောသဘာဝမတူညီတဲ့ ရွှေကို ကုန်သွယ် ခွန် ကောက်ခံခြင်းက လွဲမှားနေတယ်လို့ ရွှေဈေးကွက် လေ့လာ သုံးသပ် သူတွေက ဆိုပါတယ် ။ ပြည်တွင်းရွှေဈေးကွက်ဟာ နိုင်ငံတကာနဲ့ မတူညီ တာကြောင့် နိုင်ငံတကာ နည်းလမ်းအတိုင်း သွားဖို့ခက်ခဲပါတယ် ။ ပြည် တွင်းရွှေဝယ်ယူမှုဟာ ဈေးကွက် သုံးခုလောက်ရှိနေပြီး ပထမဦးစွာ ဈေး ကွက်တွေကို ခွဲထုတ်သွားရမှာ ဖြစ်တယ်လို့ ဆိုကြပါတယ် ။
‘အထည်ဈေးကွက် ၊ အတုံးဈေးကွက် ၊ အထည်ပျက်ဈေးကွက်ဆိုပြီး သုံးမျိုး ရှိတယ် ၊ အဲဒါတွေကို ဘယ်လိုလုပ်မှာလဲ ၊ နိုင်ငံခြားမှာက ရင်းနှီးမြှုပ်နှံ တဲ့ ဈေးကွက်ပဲ ရှိတယ် ၊ ဒီမှာနဲ့ မတူတော့ အခွန်ကောက်ရင် မခက်ဘူး ၊ ဒီမှာက အထည်တစ်ခုကိုဝယ်တယ် ၊ အခွန်ဆောင်တယ် ၊ အဲဒီအထည် ကို ပဲ ပြန်ရောင်းတယ် ၊ နောက်လူဝယ်တယ် ၊ အခွန်ထပ်ဆောင်ရတယ် ၊ ကုန် စည်တစ်ခုတည်းကို ထပ်ခါထပ်ခါ အခွန်ဆောင်နေရသလိုဖြစ်တယ် ၊ နော က် အခွန်တွေ ကောက်တယ် ၊ ကုန်သည်ကတော့ အရှုံးခံလုပ်မှာမဟုတ်ဘူး ၊ အဲဒီတော့ ရွှေဈေးက မြင့်တက်လာမယ်’ လို့ အခွန်ကောက်ခံမှုကို ကိုအောင်ဆန်းက သုံးသပ်ပါတယ် ။
၂၀၁၇ အခွန်ကောက်ဥပဒေကြမ်းမှာ ရွှေထည်ဝယ်ယူမှုတွေအတွက် ကုန် သွယ်ခွန် တစ်ရာခိုင်နှုန်း သတ်မှတ်ထားပြီး ရွှေတုံးတွေအတွက် ငါးရာ ခိုင်နှုန်းနဲ့ စိန်ထည်တွေအတွက် ခုနစ်ရာခိုင်နှုန်း သတ်မှတ်ထားပါတယ် ။ ရွှေတုံးအခွန်ပေးဆောင်မှု ငါးရာခိုင်နှုန်းကို တစ်လ ဆိုင်းငံ့ထားရန် ပြည် တွင်း အခွန်ကို မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းက စာတင်မယ်လို့ သိရပါတယ် ။
Credit: The Modern