မြန်မာနိုင်ငံရဲ့ Golden Valley Cluster House ဖွင့်ပွဲအခမ်းအနားနဲ့ Co. Developer ဖြစ်တဲ့ ဒေါ်သန်းသန်း နဲ့ သားသမီးတွေဖြစ်တဲ့ ထပ်ဆင့်အကယ် ဒမီ ဦးလူမင်းနဲ့ ခင်စံပယ်ဦးတို့ကို သော့အပ်နှင်းတဲ့ အခမ်းအနားကို ဧပြီလ ၇ ရက်နဲ့ ၈ ရက်နေ့မှာ ပြုလုပ်မယ်လို့ Naing Group Capital Co.,Ltd က သိရပါတယ်။
ဧပြီလ ၇ ရက်နေ့ နံနက် ၉း၀၀ နာရီမှာ ဖွင့်ပွဲကို ကျင်းပပြီး အရောင်းပွဲတော် ကို နံနက် ၉း၀၀ နာရီက ည ၅း၀၀ နာရီ ထိ ပြုလုပ်မှာပါ။
ဧပြီလ ရ ရက်နေ့ နံနက် ၉း၀၀ နာရီမှာ ဖဲကြိုးဖြတ် အစီအစဉ်ကို Cluster House ရှေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
အဲသည် အရောင်းပွဲတော်မှာ Cluster House မှာ ရှိတဲ့ အပိုင်းလေးကိုေ ရာင်းချမှာ ဖြစ်တဲ့အပြင် ၂၀၁၇ ခုနှစ်မှာ ပြီးစီးမယ့် ကွန်ဒို တိုက်ခန်းတွေကို လည်း မိတ်ဆက်မှာ ဖြစ်ပါတယ်။
ထူးထူးခြားခြားအနေနဲ့ကတော့ ပွဲနှစ်ရက်အတွင်း ဝယ်ယူသူတွေကို ကျပ် သိန်း ၃၀၀ ကနေ ၃၀၀၀ ထိ သက်သာမယ့် အစီအစဉ်လေးတွေ ရှိပါတယ်။
ကွန်ဒိုအလိုက် ယူနစ်အလိုက် သက်သာမယ့် အစီအစဉ်တွေပါ။ ဘဏ်နဲ့ ချိတ်ဆက်ပြီး ဝယ်ယူနိုင်အောင်လည်း စီစဉ်ထားပါတယ်။ သည်အစီအစဉ် ကို iMyanmarHouse က မန်နေးဂျင်း ဒါရိုက်တာ ကိုနေမင်းသူနဲ့ Naing Group တို့ ပါဝင်ပူးပေါင်း လုပ်ဆောင်ထားပါတယ်။
Credit: The Modern