ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တန်ဖိုးနည်းနဲ့ တန်ဖိုးလတ် အိမ်ရာတွေကို ထပ်မံအကောင်အထည်ဖော်မယ်လို့ iMyanmarHouse.com ရဲ့ မန်နေဂျင်း ဒါရိုက်တာ ကိုနေမင်းသူက ပြောပါတယ် ။
ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်ကနေ ၁၉ ရက်အထိ ကြည့်မြင်တိုင် အမှတ် ၅၉ ၊ ပန်းလှိုင်လမ်း (ဟုမ်းလမ်း) (အာရှတော်ဝင်မျက်စောင်ထိုးလမ်း) မှာ ရောင်း ချပေးခဲ့တဲ့ စီမံကိန်းသုံးခုကို စိတ်ဝင်တစား ဝယ်ယူသူတွေ များပြားခဲ့တာေ ကြာင့် ထပ်မံအကောင်အထည်ဖော်ဖို့ စီစဉ်နေတာလို့ ဆိုပါတယ် ။
ရောင်းချခဲ့တဲ့ စီမံကိန်းတွေက ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၊ စီးပွားရေး တ က္ကသိုလ်အနီးရှိ အိမ်ရာစီမံကိန်း ၊ လှိုင်သာယာမြို့နယ် ကျန်စစ်သားအိမ်ရာ အနီးရှိ အိမ်ရာစီမံကိန်းနဲ့ ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာအနီးရှိ အိမ်ရာစီမံ ကိန်းတို့ ဖြစ်ပါတယ် ။
‘အဲဒီနေ့က လာရောက်လေ့လာသူတွေလဲ တော်တော်လေးကို များခဲ့တယ် ၊ ဝယ်ယူသူတွေလဲရှိခဲ့တယ် ၊ အဲဒါကြောင့် တန်ဖိုးနည်းနဲ့ တန်ဖိုးလတ် အိမ် ရာတွေဟာ ဈေးကွက်မှာ အမှန်တကယ် လိုအပ်တယ်ဆိုတာ သိခဲ့တယ် ၊ ဒါကြောင့် အဲဒီလို စီမံကိန်းတွေကို ဆောက်လုပ်ရေး ကုမ္ပဏီတွေနဲ့ ပူးပေါင်ြး ပီး နောက်ထပ် အကောင်အထည်ဖော်မှာ ဖြစ်တယ်’ လို့ ကိုနေမင်းသူ ကြေ ပာပါတယ် ။
အခန်းအကျယ်တွေက စတုရန်းပေ ၆၀၀ ရှိပြီး အိပ်ခန်းနှစ်ခန်း ၊ ဧည့်ခန်း ၊ ဘိုထိုင်အိမ်သာခန်း ၊ ရေချိုးခန်းတို့ ပါဝင်တဲ့ တန်ဖိုးန ည်း ၊ တန်ဖိုးလတ် အခန်းဈေးတွေကတော့ ကျပ်သိန်း ၁၀၀ ကနေ သိန်း ၃၀၀ အတွင်းဖြစ်ပြီး သုံးရက်ကြာ ပြုလုပ်ခဲ့တဲ့ အရောင်းပွဲမှာ မြန်မာကျပ်ငွေ တစ်ဘီလျံတန်ဖိုးရှိ အခန်းပေါင်း ၆၀ ခန့် ရောင်းချခဲ့ရတယ်လို့ သိရပါတယ် ။
Credit: The Modern