မတ်လ ၇ ရက်နေ့၊ ၈ ရက်နေ့ပွဲအတွင်းမှာ Golden Valley Cluster House နဲ့ ၂၀၁၇ အတွင်းမှာ ပြီးစီးမယ့် ကွန်ဒိုတွေကို ပွဲမှာဝယ်ယူသူတွေအတွက် ကျပ်သိန်းပေါင်း ၃၀ဝ ကနေ ၃၀ဝ၀ အထိသက်သာမယ့် အခွင့်အလမ်းတွေ ရရှိမှာဖြစ်တယ်လို့ Naing Group Capital Co.,Ltd က သိရပါတယ်။
Golden Valley Cluster House တွေကို မြေဧက ၂၄,၂၆၃ စတုရန်း ပေေ ပ်ါမှာ တည်ဆောက်ထားပြီး စတုရန်းပေ ၇၀ဝ၀ ကျော်ရှိတဲ့ C, D, E သုံးလုံး ကို ရောင်းချသွားမှာဖြစ်ပါတယ်။ Cluster House တစ်လုံးမှာ Level ခြောက် ဆင့်ပါဝင်ပါတယ်။ Cluster House တစ်လုံးစီမှာ ကားပါကင်သုံး ခုပါတာ လည်း ရှိသလို ခြောက်ခုပါ တာလည်း ရှိပါတယ်။ ရေကူးကန်လည်း ပါဝင်ပါ တယ်။ ဝယ်ယူသူ တွေ အနေနဲ့ ကမ္ဘောဇဘဏ်တွေ၊ ဧရာဝတီ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
၂၀၁၄ မေလမှာ Cluster House လုံးကို စတင်ဆောက်လုပ်တာဖြစ် တယ်။ အဲသည်ပရောဂျက်ကို Naing Group Capital နဲ့ ခင်စံပယ် ဦးတို့ မိသားစု ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သင်္ကြန်မတိုင်ခင်မှာ ရောင်းချသွား မှာ
ဖြစ်ပါတယ်။
Cluster House တွေကို အမှတ်(၁၀)၊ ရွှေတောင်ကြားလမ်းမှာ ဆောက် လုပ်ထားပါ တယ်။ ဈေးနှုန်းတွေကတော့ တစ်စတုရန်ပေကို ကျပ် ၄၅၀,ဝ၀ဝ ၊ ၅၀ဝ,ဝ၀ဝ ကြားရှိပါတယ်။
၂၀၁၇ မှာပြီးစီးမယ့် ပရောဂျက်ကိုးခုကိုလည်း မိတ်ဆက်ပြသသွား မှာဖြစ် ပါတယ်။ ဩဂုတ်လမှာ ဆူးလေဘုရားလမ်းနဲ့ အနော်ရထာ လမ်းထောင့်မှာ ရှိတဲ့ ပရောဂျက်တစ်ခုကနေအခန်းပေါင်း ၆၃ ခန်း လောက် ရောင်းချမှာဖြစ် တယ်။ ဒါ့ပြင်အောက်တို ဘာလလောက်မှာ မြေနီကုန်းလမ်းဆုံမှာရှိတဲ့ အ ခန်းယူနစ်ပေါင်း ၆၂ ယူနစ်ကိုရောင်း ချမှာဖြစ်တယ်။ ဈေးနှုန်းကတော့ အ နိမ့်ဆုံး တစ်စတုရန်းပေကိုကျပ် ၂၅၀,ဝ၀ဝ ကနေ ၅၀ဝ, ဝ၀ဝ အထိ ရှိပါ တယ်။
၇ ရက်နေ့ ၉းဝ၀ နာရီမှာ ဖွင့်ပွဲလုပ်မယ်၊ ပြီးတော့ အခန်းတွေရောင်း ချမယ်၊ အခန်းတွေဝယ်ယူချင်တဲ့ သူတွေကပွဲရက်အတွင်းမှာ စရန်ငွေ ကျပ် ၁၀ သိန်းပေးရမှာဖြစ်တယ်၊ ပြီးတော့ ထပ်ဆင့်အကယ် ဒမီ ဦးလူမင်းတို့ မိသား စုကို ည ၆း၃၀ နာရီမှာ သော့အပ်နှံမှာဖြစ်ပါ တယ်လို့ Naing Group Capital Co.,Ltd ရဲ့ General Manager ကိုရန်နောင်ဝင်းက ပြောပါတယ်။
Credit: The Kumudra