လော့စ်အိန်ဂျလိရှိ စတုရန်းပေ ၃၈၀၀၀ ခန့်အကျယ်အဝန်းရှိ နေအိမ်ကြီး သန်း ၂၅၀ ဖြင့် ဈေးကွက်ဝင်လာရာ အမေရိကန်တစ်နိုင်ငံလုံး တွင် ဈေးအကြီးဆုံးစံချိန်တင်ခဲ့

လော့စ်အိန်ဂျလိရှိ စတုရန်းပေ ၃၈၀၀၀ ခန့်အကျယ်အဝန်းရှိ နေအိမ်ကြီး သန်း ၂၅၀ ဖြင့် ဈေးကွက်ဝင်လာရာ အမေရိကန်တစ်နိုင်ငံလုံး တွင် ဈေးအကြီးဆုံးစံချိန်တင်ခဲ့ - Property News in Myanmar from iMyanmarHouse.com
30 Mar 2017 12:05 pm တွင် တင်ခဲ့သည်
1032 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၊ နာမည်ကျော်
ဘဲလ်အဲအရပ်ရှိ စတုရန်းပေ ၃၈၀၀၀ ခန့်အကျယ်အဝန်းရှိ
နေအိမ်ကြီး သန်း ၂၅၀ ဖြင့် ဈေးကွက်ဝင်လာရာ တစ်နိုင်ငံလုံးတွင် ဈေးအကြီးဆုံးစံချိန်တင်ခဲ့ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဈေးကွက်တင်သူမှာ ဇိမ်ခံနေအိမ်များ ဆောက်လုပ်သည့် developer
ဘရုစ် မာကော့ဗ်စကီးဖြစ်ပြီး ဘဲလ်အဲလမ်း၊ အမှတ် ၉၂၄ တွင်
တည်ရှိသည့် နေအိမ်ဖြစ်သည်။

လူပေါင်း ၂၅၀ ဖြင့် ၄ နှစ်ကြာအချိန်ယူဆောက်လုပ်ခဲ့ရပြီး ဝန်းကျင်တစ်ခွင်ရှိ နှင်းဖုံးတောင်များမှသည် ပစိဖိတ်သမုဒ္ဒရာ တစ်ခွင်တစ်ပြင်လုံးကို ၂၇၀ ဒီဂရီရှုမြင်ရသည့် မြင်ကွင်းရှိသည်။

လော့စ်အိန်ဂျလိတွင် ယခင်က ဈေးကွက်တင်ခဲ့ဖူးသည့် အာရွန်စပဲလင်း၏ ကန်ဒေါ်လာ သန်း ၂၀၀ တန်နေအိမ်၏ စံချိန်ကို ဖြတ်ကျော်သွားခြင်းလည်း ဖြစ်သည်။

သို့ရာတွင် ဘဲလ်အဲတွင် လက်ရှိ တည်ဆောက်နေဆဲဖြစ်သော ကြမ်းခင်းဧရိယာ ၇၄၀၀၀ စတုရန်းပေ ကျယ်ဝန်းသည့် နေအိမ်ကြီး အပြီးသတ်ပါက ကန်ဒေါ်လာ သန်း ၅၀၀ ခန့်အထိ ဈေးခေါ်ဖွယ်ရှိနေပြီး အမေရိက၏ တန်ဖိုးအကြီးဆုံးနေအိမ်ဖြစ်လာမည် ဖြစ်သည်။

ယခုဈေးကွက်တင်သည့် နေအိမ်တွင် အလွန်ကျယ်ဝန်းလှသည့် အရေးကြီးပုဂ္ဂိုလ် ဧည့်ဂေဟာဆောင် ၁၀ ခုပါဝင်ပြီး ဇိမ်ခံရေချိုးခန်းပေါင်း ၂၁ ခန်းပါဝင်သည်ဟု ဆိုသည်။

နေအိမ်ကို ဖျော်ဖြေရေးအတွက် အဓိကရည်ရွယ်ဆောက်လုပ်ထားခြင်းဖြစ်ပြီး ဖျော်ဖြေရေးအတွက် ရည်ရွယ်ထားသည့် ကြမ်းခင်းဧရိယာ ၁၇၀၀၀ စတုရန်းပေပါဝင်ရာ မီးဖိုဆောင် ၃ ခု၊ အရက်ဘား ၅ ခု၊ ၈၅ ပေ အလျားရှိ ရေကန်တစ်ကန်၊ ထိုင်ခုံ ၄၀ ပါ ကဇာတ်ရုံတစ်ခုနှင့် လမ်းကြောင်း ၄ ခုပါ ဘိုးလင်းကစားကွင်းတို့ ပါဝင်သည်။

ထို့အပြင် ကန်ဒေါ်လာ သန်း ၃၀ ကျော်တန်ကြေးရှိ ကားပြခန်းတစ်ခုလည်း ပါဝင်ကာ ကောင်းစွာလေ့ကျင့်ပေးထားသည့် အချိန်ပြည့်ဝန်ထမ်း ၇ ဦး ၊ အနုပညာလက်ရာ ၁၀၀ ကျော်၊ အလှပြင်ခန်းမနှင့် အားကစားလေ့ကျင့်ရေးခန်းမတို့လည်း ပါဝင်သည်။

“ဒီစံအိမ်က လောကမှာရှိသမျှ အကောင်းဆုံးတွေကို လိုချင်တဲ့ တကယ့်ဘီလျံနာကြီးတွေအတွက် ရည်ရွယ်ပြီး အသေးစိတ်မွမ်းမံထားတာဖြစ်ပါတယ်။ ”ဟု ဈေးကွက်တင်သူ မစ္စတာ မာကော့စကီးက ပြောကြားသည်။

“နှစ်စဉ်နှစ်တိုင်း ဘီလျံနာသစ်တွေ ရာနဲ့ချီပြီး ထွက်ပေါ်လာနေပါတယ်။ သူတို့တွေဟာ ကယ်လီဖိုးနီးယားက ဘယ်လိုအရာတွေ ရနိုင်မလဲဆိုတာ အမြဲအာရုံစိုက်နေတာ ဖြစ်ပါတယ်”ဟုလည်း မာကော့စကီးက ဆက်လက်ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လော့စ်အိန်ဂျလိရှိ စတုရန်းပေ ၃၈၀၀၀ ခန့်အကျယ်အဝန်းရှိ နေအိမ်ကြီး သန်း ၂၅၀ ဖြင့် ဈေးကွက်ဝင်လာရာ အမေရိကန်တစ်နိုင်ငံလုံး တွင် ဈေးအကြီးဆုံးစံချိန်တင်ခဲ့ - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိရှိ စတုရန်းပေ ၃၈၀၀၀ ခန့်အကျယ်အဝန်းရှိ နေအိမ်ကြီး သန်း ၂၅၀ ဖြင့် ဈေးကွက်ဝင်လာရာ အမေရိကန်တစ်နိုင်ငံလုံး တွင် ဈေးအကြီးဆုံးစံချိန်တင်ခဲ့ - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိရှိ စတုရန်းပေ ၃၈၀၀၀ ခန့်အကျယ်အဝန်းရှိ နေအိမ်ကြီး သန်း ၂၅၀ ဖြင့် ဈေးကွက်ဝင်လာရာ အမေရိကန်တစ်နိုင်ငံလုံး တွင် ဈေးအကြီးဆုံးစံချိန်တင်ခဲ့ - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိရှိ စတုရန်းပေ ၃၈၀၀၀ ခန့်အကျယ်အဝန်းရှိ နေအိမ်ကြီး သန်း ၂၅၀ ဖြင့် ဈေးကွက်ဝင်လာရာ အမေရိကန်တစ်နိုင်ငံလုံး တွင် ဈေးအကြီးဆုံးစံချိန်တင်ခဲ့ - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိရှိ စတုရန်းပေ ၃၈၀၀၀ ခန့်အကျယ်အဝန်းရှိ နေအိမ်ကြီး သန်း ၂၅၀ ဖြင့် ဈေးကွက်ဝင်လာရာ အမေရိကန်တစ်နိုင်ငံလုံး တွင် ဈေးအကြီးဆုံးစံချိန်တင်ခဲ့ - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိရှိ စတုရန်းပေ ၃၈၀၀၀ ခန့်အကျယ်အဝန်းရှိ နေအိမ်ကြီး သန်း ၂၅၀ ဖြင့် ဈေးကွက်ဝင်လာရာ အမေရိကန်တစ်နိုင်ငံလုံး တွင် ဈေးအကြီးဆုံးစံချိန်တင်ခဲ့ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service