ဂျပန်နိုင်ငံရဲ့ပထမဆုံးနဲ့ အထူးခြား ဆုံး နှစ်ထပ်ဇိမ်ခံမီးရထားပြေးဆွဲမှုကို
တို ကျိုမြို့၊ ယူရီနိုဘူတာမှာ East Japan Railway's Co.
ကနေ စတင်မိတ်ဆက် လိုက်ပြီး လာမယ့်မေလထဲမှာ ခရီးသည်
တွေဆီ ပုံမှန်ပြေးဆွဲဝန်ဆောင်မှုပေးတော့ မယ်လို့ သိရပါတယ်။
နှစ်ထပ်ဇိမ်ခံမီးရ ထားကြီးရဲ့အမည်ကို
Train Suite Shiki-Shima လို့အမည်ပေးထားပြီး တန်ဖိုးမြင့်မော်တော်ကားတွေဖြစ်တဲ့ Porsche/Ferrari/Maserati ကားတွေ ကို ဒီဇိုင်းရေးဆွဲခဲ့သူလည်းဖြစ်တဲ့ ကင် ကီယိုယူကီအိုကူယာမာက ဒီဇိမ်ခံမီးရ ထားအတွက် ဒီဇိုင်းရေးဆွဲပေးခဲ့တာဖြစ် ပါတယ်။ ဂျပန်နိုင်ငံ အရှေ့ပိုင်းဒေသ တွေဆီ ပြေးဆွဲပေးမှာဖြစ်ပြီး မီးရထား တစ်ကြိမ်ခရီးနှင်တိုင်း ခရီးသည် ၃၄ဦး လိုက်ပါစီးနင်းနိုင်မယ်လို့
သိရပါတယ်။
တွဲဆိုင်း ၁၀ခုပါရှိပြီး ကြမ်းပြင်ကနေ ခေါင်မိုးအထိ မှန်သားတွေနဲ့ ဒီဇိုင်းဆင် ထားတဲ့ ရှုမျှော်ခင်းကြည့် တွဲဆိုင်းအပါ အဝင် အိပ်ခန်းတွဲ၊ ဧည့်ခန်းမတွဲ၊ စား သောက်ခန်းတွဲစတာတွေအပြည့်အဝ ပါရှိပြီး အကောင်းဆုံးသောဝန်ဆောင်မှု တွေနဲ့ ညအိမ်ခရီးစဉ်မှာ ဧည့်သည်တွေ ဇိမ်ကျကျသွားလာနိုင်မှာဖြစ်ပါတယ်။
ခမ်းနားလှပတဲ့ အပြင်အဆင်ဒီဇိုင်းတွေနဲ့ အရည်အသွေးမြင့်အသုံးအဆောင်တွေ ပါရှိပြီး စားသောက်ဖို့အတွက်ကိုလည်း ဂျပန်နိုင်ငံရဲ့ထိပ်တန်းစားဖိုမှူးအဖွဲ့က အရသာရှိလှတဲ့ဟင်းလျာတွေနဲ့ ဝန် ဆောင်မှုပေးမှာဖြစ်ပါတယ်။ နှစ်ညအိမ် ခရီးစဉ်လက်မှတ်တစ်စောင်ကို
၂၇၈၄ ဒေါ်လာ သတ်မှတ်ထားတယ်လို့ သိရ ပါတယ်။
Credit: The Mirror