၂၀၁၆-၁၇ ဘဏ္ဍာနှစ် အတွင်း မန္တလေးတိုင်း၌ မြန်မာနိုင်ငံသား ရင်းနှီးမြှု ပ်နှံမှုသည် ပြည်နယ်နှင့် တိုင်းအားလုံးနှင့် ယှဉ်ပါက အများဆုံးအဖြစ် ရပ် တည်နေပြီး ရန်ကုန်တိုင်းထက် နှစ်ဆခန့် ပို့များကြောင်း ရင်းနှီးမြှုပ်နှံမှု ကုမ ဏီများ ညွှန်ကြားမှု ဦးစီးဌာန(မန္တလေး)မှ သတင်းရရှိသည်။
‘‘အခုဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုကို ကြည့်မယ်ဆိုရင် မန္တလေးတိုင်းက ပြည်နယ်နဲ့ တိုင်းအားလုံးမှာ အများဆုံးပဲ။ အဓိက စီးပွားေ ရး မြို့တော်ဖြစ်တဲ့ ရန်ကုန်တိုင်းနဲ့ ယှဉ် ရင်တောင် နှစ်ဆနီးပါးလောက် ပို များတာကို တွေ့ရပါတယ်’’ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှု ဦး စီးဌာန(မန္တလေး) ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဦးက ပြောသည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အများဆုံး
ပြည်နယ်နှင့် တိုင်းများ ထဲတွင် မန္တလေးတိုင်းက ကျပ် ၉၀၂ ဘီလီယံကျော်ြ ဖင့် ထိပ်ဆုံးမှ ရပ်တည်နေပြီး ရန်ကုန်တိုင်းက ကျပ် ၅၀၇ ဘီလီယံကျော်ဖြင့် ဒုတိယ ရပ်တည်နေကာ ရှမ်းပြည်နယ်က ကျပ် ၂၆ ဘီလီယံဖြင့် တတိယ ရခိုင်ပြည်နယ်က ကျပ် ၁၉ ဘီလီယံကျော်ဖြင့် စတုတ္ထနေရာတွင် ရပ်တည်ေ နသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာန(မန္တ လေး)အနေဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်း အတွင်း မြန်မာနိုင်ငံသား ရင်းနှီြး မှုပ်နှံမှု လုပ်ငန်း ဆယ်ခုခွင့်ပြုပေးခဲ့ပြီး စက်မှုလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ အိမ်ရာ အဆောက်အအုံလုပ်ငန်းနှင့် ဂေါက်ကွင်းလုပ်ငန်းများပါဝင်ကြောင်း သိရသည်။
မန္တလေးတိုင်းအတွင်း ၁၉၉၄ မှ လက်ရှိအချိန်အထိ မြန်မာနိုင်ငံသား ရင်းနှီြး မှုပ်နှံမှု လုပ်ငန်းပေါင်း ၁၂၉ခု ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဘီလီ ယံ ၃,၀၃၀ ကျော်အထိ ရှိကြောင်း သိရသည်။
မန္တလေးတိုင်းအတွင်း မြန်မာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွင် စက်မှုကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးအဖြစ် ရပ်တည်လျက်ရှိပြီး အိမ်ရာ အဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍနှင့် ဟိုတယ်ခရီးသွားကဏ္ဍတို့မှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးတွင် ပါဝင်ကြောင်း သိရသည်။
Credit: 7DayDaily