ပြည်တွင်းဘဏ်အတိုးနှုန်း လျှော့ချပေးရေးနှင့်ပတ်သက်၍ အစိုးရနှင့် ဗဟို ဘဏ်အကြား အယူအဆမတူညီကြောင်း စီးပွားရေး လုပ်ငန်းရှင်များ က ပြောသည်။
ပြည်တွင်း ဘဏ်ချေးငွေအတိုးနှုန်း ၁၃ ရာခိုင်နှုန်း သတ်မှတ်ထားခြင်းေ ကြာင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ငွေကြေး အရင်းအနှီး ယူရာ တွင် အခက်အခဲဖြစ်နေပြီး အတိုးနှုန်း ထပ်မံလျှော့ချရန် အစိုးရအဖွဲ့အ တွင်း ၌ သာမက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးနေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြား သည်။
‘‘၀န်ထုပ်ဝန်ပိုးတွေကို ဘယ် လောက်အထိ လျှော့ချနိုင်မလဲဆိုတာကိုလည်း အလေးထားဆွေး နွေးနေပါတယ်။ ပုဂ္ဂလိကကဏ္ဍ ကလည်း အကြံပေးနိုင် ပါတယ်’’ ဟု ဖေဖော်ဝါရီ ၁၈ ရက်တွင် မြန်မာနိုင်ငံ ကုန်သည်စက်မှုအ သင်းချုပ်၌ ပြုလုပ်သော ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့် လုပ်ငန်းရှင် များတွေ့ ဆုံပွဲ၌ ဦးကျော်ဝင်းက ပြောကြားသည်။
အစိုးရက ချေးငွေအပေါ် သတ်မှတ်သည့်ဘဏ်အတိုးနှုန်းကို တိုက်ရိုက်ေ လျှာ့ချရန် စီစဉ်နေသော်လည်း ဗဟိုဘဏ်က ပြည်တွင်းဘဏ်တစ်ခုချင်းက လွတ်လပ်စွာအတိုးနှုန်း သတ်မှတ်နိုင်သည့်အခြေအနေမျိုးဖြစ်လာစေရန် စီ စဉ်နေသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်းကို မူဝါဒဆိုင်ရာအဖြစ် သတ်မှတ်ပေးခြင်း အစားဈေးကွက်ကို ထင်ဟပ်စေမယ့် အတိုးနှုန်းဖြစ်စေဖို့ အတွက် အတိုးနှုန်းဆိုင်ရာဖြေလျှော့မှုတွေကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါ တယ်’’ ဟု မြန်မာနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ဗဟိုဘဏ် တစ်နှစ်တာဆောင်ရွက်ချက်များထုတ်ပြန်ချက်တွင် ပြောကြားသည်။
ဘဏ်အတိုးနှုန်းများနှင့်ပတ်သက်၍ လက်ရှိအချိန်ထိ ဗဟိုဘဏ်က ထိန်းချုပ် ထားသော်လည်း အနာဂတ်တွင် ဘဏ်တစ်ခုချင်းစီ၏ မူဝါဒချမှတ်ပြီး မိမိစိ တ်ကြိုက် အတိုးနှုန်းသတ်မှတ် နိုင်သည့် အခြေအနေမျိုး ဖြစ်လာေ အာင် ဖြေလျှော့ပေးရန် ဗဟိုဘဏ်က စီစဉ်နေသည်ဟု ပြည်တွင်းပုဂ္ဂလိက ဘဏ်တစ်ခုမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
ဒီချုပ်အစိုးရက နိုင်ငံစီးပွားရေး ပြန်လည်တိုးတက်ရေးကို လျင်မြန်စွာ လုပ် ကိုင်လိုနေခြင်းကြောင့် အတားအဆီးတစ်ခု ဖြစ်နေသော ဘဏ် အတိုးနှုန်း ၊ ငွေကြေးကဏ္ဍ အထောက်အပံ့တို့ကို လျင်မြန်စွာ ပြုပြင်ပြောင်းလဲလိုေ ကြာင်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်း က ပြောသည်။
ပြည်တွင်းစီးပွားရေးကဏ္ဍတွင် ဘဏ်များမှ ချေးငွေ အထောက်အပံ့ ရရှိမှု သည် အနည်းဆုံးအခြေအနေတွင်ရှိနေပြီး ချေးငွေအပေါ် ဘဏ်အတိုးနှုန်း ၁၃ ရာခိုင်နှုန်းသတ်မှတ်ထားခြင်းက အတားအဆီးတစ်ခုဖြစ်ကြောင်း လုပ် ငန်းရှင်များက ပြောသည်။
လက်ရှိ ပြည်တွင်းဘဏ်အတိုးနှုန်းသည် အသေးစားနှင့် အလတ်စား လုပ် ငန်းများအတွက် ကြီးမားသည့် အတားအဆီးဖြစ်ပေါ်နေပြီး အချိန်ကြာ မင့်နေပြီဖြစ်သောကြောင့် ဘဏ်အတိုးနှုန်းကို သိသာစွာ လျှော့ချရန် လိုအပ် သည်ဟု လှိုင်သာယာစက် မှုဇုန် (၁)မှ ထုတ်ကုန်လုပ်ငန်းရှင် တစ်ဦး က ပြောသည်။
ဘဏ်အတိုးနှုန်းကို သတ်မှတ်လျှော့ချမည်ဆိုပါက ငွေကြေးဖောင်းပွမှု များနေချိန်တွင် နိုင်ငံခြားငွေကြေးဈေးကွက်၊ အိမ် ခြံမြေဈေးကွက်နှင့် ရွှေေ ဈးကွက်တို့၌ ကမောက်ကမ ဖြစ်လာမည်ကို စိုးရိမ်ရသည်ဟု စီးပွားရေး ပ ညာရှင် ဦးလှမောင်က ဆိုသည်။
ဘဏ်အတိုးနှုန်း လျှော့ချမှုတွင် ချေးငွေသာမက အများပြည်သူများ၏ အပ်ငွေ အတိုးနှုန်းကိုလည်း လျှော့ချလေ့ရှိကြောင်း၊ ယခင်အစိုးရလက်ထက် ဘဏ် အတိုးနှုန်း လျှော့ချမှုတွင် ချေးငွေများသာမက အပ်ငွေအပေါ်တွင် လျှော့ချ ခဲ့ကြောင်း၊ ချေးငွေနှင့် အပ်ငွေအကြားကွာဟမှုကို ၅ ရာခိုင်နှုန်းထားပြီး အ တိုးနှုန်း လျှော့ချပေးလေ့ရှိကြောင်း ကမ္ဘောဇဘဏ်အကြီးတန်း အကြံပေး ဦးသန်းလွင်က ပြောသည်။
Credit: 7DayDaily